Monday, November 28, 2011

စစ်အစိုးရ စစ်တပ် ကချင်နယ်မြေသို့ ရဟတ်ယာဉ်ဖြင့် စစ်အင်အားနှင့် ရိက္ခာများ ပို့ဆောင်

Monday, November 28, 2011

ကချင်နယ်မြေမှာ ဘာဖြစ်နေသည်ဆိုတာကို မသိဘူးဆိုတဲ့ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်..

ကချင်ပြည်နယ် ဗန်းမော်-မြစ်ကြီးနားလမ်း ဒေါ့ဖုန်းယန် ကျေးရွာသို့ စစ်အစိုးရ စစ်တပ်မှ နိုဝင်ဘာ (၂၆) ရက် နေ့လည် (၁း၃၀) နာရီတွင် ရဟတ်ယာဉ်များဖြင့် စစ်တပ်အင်အားနှင့် လက်နက်များကို လာရောက် ပို့ဆောင်သွားကြောင်း သတင်း ရရှိပါတယ်။ ယခုအခါ ဒေါ့ဖုန်းယန်တွင် စစ်အစိုးရ စစ်တပ်အင်းအား (၃၀၀) ကျော် ရောက်ရှိနေကြောင်း သိရှိရပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနား ဗန်းမော်လမ်းပေါ်ရှိ နမ်ဆန်ယန်ကျေးရွားသို့ တာလောဘက်မှ စစ်အစိုးရစစ်တပ် အင်အား (၅၀) ကျော် နိုဝင်ဘာ (၂၆) ရက် မနက် (၈း၃၀) နာရီဝန်းကျင်တွင် ရောက်ရှိလာကြောင်း သိရှိရပါတယ်။

ကချင်ပြည်နယ် ကေအိုင်အေ ဌာနချုပ် လိုင်ဇာ အနီး တရုတ်သူဌေး လောရင်း၏ ငှက်ပျောခင်းတွ အခြေချနေသော စစ်အစိုးရ စစ်တပ်များကို နိုဝင်ဘာ (၂၆) ရက် နေ့လည်ပိုင်း (၁း၃၀) နာရီဝန်းကျင်တွင် စစ်အစိုးရမှ ရဟတ်ယာဉ်ဖြင့် စားနပ်ရိက္ခာများ၊ လက်နက်များ လာရောက် ပို့ဆောင်ပေးကြောင်း သတင်းရရှိပါတယ်။


W.P Moses

0 comments: