Saturday, December 03, 2011

(သန်း) ရွှေဂက်စ် (ဓါတ်ငွေ့) စီမံကိန်း - တိုင်းပြည်ပျောက်သွားစရာ အကြောင်း - အပိုင်း (၂)

Saturday, December 3, 2011

ဆောင်းပါးရှင်-ဒေါက်တာ ဦးဝင်း ( အပိုင်း (၁) ကို ဒီနေရာ တွင်နှိပ်၍ ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါသည်...)

ကြည့်ကြပါဦး..

လက်ရှိမြန်မာစစ်တပ်များက ကချင်ပြည်နယ်ရှိ လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့များသာမက လက်နက်မဲ့ ကချင်ပြည်သူများကို လူမျိုးရေး “စစ်ဖွင့်” နေသည်မှာ ဤ (သန်း) ရွှေဂက်စ်အတွက် တရုတ်ပြည်ကို မျက်နှာချိုသွေးနေမှန်း လူတိုင်းသိနေကြသည်။ ယခုဝင်ရောက်တိုက်ခိုက်နေသော မြန်မာ စစ်တပ်မှ စစ်ဗိုလ်စစ်သားများ အလွန်တရာ ရှက်ရွံ့ဖွယ်ရာ ဖြစ်သည်။ ကချင်လူမျိုး များကိုထိုနေရာမှာ အမြစ်ပြုတ်ရန် စစ်သူကြီး သန်းရွှေ၏ အမိန့်အာဏာတော်မှာ တရုတ်ကြီးအတွက် ရေနံ ပိုက်လိုင်း ချထားရရန်သာဖြစ်သည်။ မည်သည့် အခြားရည်ရွယ်ချက်ဖြင့် ကချင်သူ ကချင်သားများကို သတ်ရန် အကြောင်းမရှိပါ။

ရခိုင်မှာ အစိုးမှ နောက်ခံအားပေးပြီး တရုတ်ပေါက်ဖေါ်တို့ အဓမ္မ မြေသိမ်းနေကြသည်မှာ ကို (သန်း) ရွှေ့ဂက်စ်အတွက် ဖြစ်ကြပါသည်။ တရုတ်က ကျောက်ဖြူတွင် လိုအပ်သမျှ ဓါတ်ငွေ့ ရနိုင်ရေး အန်းတောင်ကြား တလျှောက် ရွှေဂက်စ်နေနံ ဓါတ်ပိုက်လိုင်း ဖောက်လုပ်တည်ဆောက်ရေး အတွက် စစ်တပ်က K.I.A  ကို မဖြစ်ဖြစ်သည့်နည်းဖြင့် စစ်အင်အားကို အသုံးပြုရန် အဆင်သင့် ပင်ဖြစ်သည်။


ယနေ့ ဖြစ်ပွားလျက်ရှိသော ကချင်တောင်တန်းများ၌ မြန်မာစစ်တပ်မှ သတ်ဖြတ်မှုများ၊ ရခိုင်တွင်မြေသိမ်းမှုများကို မြန်မာနိုင်ငံလုံးရှိ ရဟန်းရှင်လူအင်အားက ဒေသဆိုင်ရာ ပြဿနာငယ်လေးအဖြစ် သတ်မှတ်ထား၍ မဖြစ်ပါ။ ဤအရေးသည် “မြစ်ဆုံဆည်နှင့် ဧရာဝတီမြစ်” ကိစ္စ၌ လူတိုင်း မြန်မာပြည်ရှေ့ရေးအတွက် စိုးရိမ်ပူပန် ကြရသကဲ့သို့ ဤ (သန်း) ရွှေဂက်စ် ကိစ္စမှာ တိုင်းပြည်ပျောက်သွားစရာ အကြောင်းဖြစ်သည်မို့ နိုင်ငံတော်အရေးကိစ္စဖြစ်ပါသည်။

အမြန်ဆုံး ဤ (သန်း) ရွှေဂက်စ် စီမံကိန်းကို ရပ်တန့် ဖျက်သိမ်းရန် လိုနေပြီ ဖြစ်ပါသည်။

အကယ်၍..
ဤ လက်ရှိအစိုးရက တရုတ်ကြီး၏ သန်းရွှေအမိန့်တော် အတိုင်း ဆက်လက်  ခံယူနေကြဆဲဖြစ်ပြီး တရုတ်၏ (သန်း) ရွှေဂက်စ် စီမံကိန်းကို ဆောင်ရွက် ခွင့်ရခဲ့ပါက..
မြန်မာနိုင်ငံ၏ရှေ့ကာလ လူမျိုးဆက်များမှာ ပေါက်ဖေါ်လေးများသာ ဖြစ်လာပေတော့မည်။

မြန်မာပြည်ရှိဗုဒ္ဓသာသနာဦးဆောင်ဆရာတော်များလည်း တိဘက်နိုင်ငံမှ ဒလိုင်းလားမားကဲ့သို့ ပြည်ပြေးအဖြစ် အဝေးသို့ ပြေးကြရပေတော့မည်။
မြန်မာပြည်သည်လည်း တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၏ ကိုလိုနီ “မြန်မာပြည်နယ်” လေးတခု ဖြစ်လာပေတော့မည်။

တရုတ်မြန်မာ ကာပြားပေါက်ဖေါ်ကလေးများသည် တချိန်တွင် တရုတ်ပြည် (ဘေဂျင်း) ပီကင်းမြို့တော်ရှိတာ ယင်နန်မန်ဥယျာဉ်တော်ကြီးတွင် တရုတ် သစ္စာတော်ခံ စစ်သူကြီး သန်းရွှေ၏ ရုပ်ထုကို သွားရောက် ပန်းခွေချအလေးပြုလျက် ရှိနေကြပေတော့မည်။

(သန်း) ရွှေဂက်စ် စီမံကိန်းကို ပြည်သူနှင့် “မြန်မာ့” တပ်မတော်သူ တပ်မတော်သားများ တူညီလက်တွဲကာ အမြန်ဆုံး ဖျက်သိမ်းကြပါစို့။

(Dr. U Win… Former instructor at Ragoon Arts Science University, Burma. Earned a Ph.D. at Penn State University, USA. Currently, an Adjunct Faculty with San Diego State University at Visualization Center (Viz- Center), Califonia.)

0 comments: