Tuesday, November 29, 2011

တိုက်ပွဲပိုမို ပြင်းထန်လာနိုင်၊ ကချင်စစ်ပြေးဒုက္ခသည်များ ဒုက္ခပေါင်းစုံ ခံစားနေရ

Tuesday, November 29, 2011
Kachin Internally Displace Persons (IDPs)

သိန်းစိန်အစိုးရဟာ ဒီရက်ပိုင်းအတွင်း ကေအိုင်အေရှေ့တန်းနယ်မြေများတွင် ရဟတ်ယာဉ်များ အသုံးပြုနေပါတယ်။ ကေအိုင်အေက ဒီအတောအတွင်း စစ်ပွဲ ပိုမို ပြင်းထန်လာမှာ ဖြစ်လို့ နိုဝင်ဘာလ ၂၈ ရက်နေ့ကစပြီး ကေအိုင်အေ ထိန်းချုပ်နယ်မြေ မိုင်ဂျာယာန် တဝိုက်ရှိ စာသင်ကျောင်း (၁၀) ကျော်ကိုလည်း ပိတ်ခိုင်းလိုက်ပြီ ဖြစ်ပါတယ်။ မိုင်ဂျာယာန်ဟာ ကေအိုင်အေ တပ်မဟာ (၃) နယ်မြေဖြစ်ရာ ဒီအတောအတွင်းမှာ သိန်းစိန်တပ် တပ်မ (၈၈) နှင့် ကေအိုင်အေ တပ်မဟာ (၃) များမှ တပ်ရင်းများ လှုပ်ရှားနေကြပါတယ်။

ကေအိုင်အေနှင့် သိန်းစိန်အစိုးရတပ် လွန်ခဲ့တဲ့ ဇွန်လ ၉ ရက်နေ့ကနေပြီး ငြိမ်းချမ်းရေး ပျက်ပြားခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ရာ ၆ လ နီးပါးရှိလာပြီဖြစ်ရာ စစ်ပြေးဒုက္ခသည်များလည်း ကေအိုင်အေ ထိန်းချုပ်ရာ နယ်မြေများနှင့် တရုတ်နယ်စပ် တလျှောက်တွင် ထွက်ပြေး ခိုလုံနေကြရာ သုံးသောင်းကျော် ရှိနေပြီဟု ဒုက္ခသည် ကူညီရေးများရဲ့ ဖေါ်ပြချက်အရ သိရှိရပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံ အခြေစိုက် ကချင်လူငယ် အဖွဲ့အစည်းများရဲ့ ခန့်မှန်းပြေဆိုချက်အရ တောတောင်တွေနှင့် တခြားနေရာ (ဒုက္ခသည်စခန်းမဟုန်) များ အပါအဝင်ဆိုရင် စစ်ပြေးဒုက္ခသည် ငါးသောင်း ဝန်းကျင်ရှိနေပြီဟု သိရပါတယ်။


ကချင် စစ်ပြေးဒုက္ခသည် စခန်း

ဆဒုံး-ကန်ပိုင်တီဘက်ရှိကချင် စစ်ပြေးဒုက္ခသည်များမှာ ယခုချိန်တွင် ဆောင်းရာသီရဲ့ အအေးဒဏ်ကို ခံစားနေရပါတယ်။ “အခုဒီမှာတော့ အရမ်းအေးတယ် မနက်ဆိုရင် နှင်း တွေက တစ်ထွာကျော်ကျော် နှင်း ကျတယ်.. ကျနော်တို့ အားလုံးဟာ အဝတ်အစားများ၊ စောင်များ မရှိပါဘူး.. မီးမွေးပြီးမှ အအေးဒဏ်ကို ကာကွယ်နေကြပါတယ်.. ဒီဘက်မှာ နေထိုင်ဖူးတဲ့ သူတွေကတော့ သိမှာပါ.. ဆောင်းရာသီဆိုရင် တောင်တွေ အားလုံးဟာ ရေခဲတောင်ဖြစ်သွားပါတယ်.. နွေဦးရောက်မှ အဲ့ဒီ ရေခဲတွေပျော်သွားတယ်.. ရေခဲပျော်သွားတော့ သစ်ပင်တွေဆိုရင် အဝါရောင်ဖြစ်သွားတယ်.. မိုးရာသီရောက်မှ ပြန်လည်စိမ်းလန်းလာတယ်.. အခုချိန်မှာ ချမ်းတာတော့ မပြောနဲ့တော့ .. ” ဟု စစ်ပြေးဒုက္ခသည် တစ်ဦးမှ ပြောကြားလာပါတယ်။


ကချင်စစ်ပြေး ဒုက္ခသည်များအတွက် စားဝတ်နေရေး၊ ဆေးဝါး၊ အဝတ်အစားများ၊ စောင်များ၊ စသည်စသည် များစွာလိုအပ်လျက်ရှိနေကြောင်း သိရှိရပါတယ်။

သတင်းဓါတ်ပုံများ ၊ ပြည်သူလူထုများရဲ့ ခံစားချက်၊ အမြင်များ၊ ဓါတ်ပုံ၊ ဗွီဒီယိုများ mungkanbrang@gmail.com  နှင့် wunpawngnews@gmail.com သို့ အမြန်ဆုံး ၂၄ နာရီ ပေးပို့နိုင်ပါသည်..


W.P Moses

0 comments: