Wednesday, November 16, 2011

ဆိုင်ကယ် သမားတစ်ဦးက အိမ်ထဲကို ပစ်သွင်းလိုက်ပြီး ပေါက်ကွဲခဲ့တယ်လို့ သတင်းဖော်ပြခဲ့ပေမဲ့ အိမ်ရှင်ကို ဖမ်းဆီးလိုက်ပြီ...

Wednesday, November 16, 2011

မြစ်ကြီးနားမြို့မှာ မနေ့က ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး အိမ်ရှင်ကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဆွေမျိုးများ ပြောဆိုမူအရသိရပါတယ် ။

ဦးဒယောင်တန်ဂွန်းကို စစ်ကိုင်းတိုင်း ကသာမြို့ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး မိုးညှင်း မြို့နယ် ရဲစခန်းမှတဆင့် မြစ်ကြီးနား ရဲတပ်ဖွဲ့ထံ ပြန်လည် လွဲပြောင်းပေးရာက အင်္ဂါနေ့ နံနက် ၅ နာရီခန့်တွင်
မြစ်ကြီးနားမြို့သို့ ကားဖြင့် ရောက်ရှိလာခဲ့တယ်လိုသိရပါတယ် ။


အဖမ်းခံရသူဟာ မြစ်ကြီးနားမြို့ သီတာရပ်ကွက် AG ဘုရားကျောင်း အနီးနေ ဦးဒယောင်တန်ဂွန်း ဖြစ်ပါတယ်။ နေအိမ်မှာ ဗုံးတွေ လုပ်ရာက ပေါက်ကွဲမှု ဖြစ်ပွားတာဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ဆေးနေတယ်လို့  ဆွေးမျိုးများကပြောပါတယ် ။

ကချင်ခေါင်းဆောင်များ ၊ လူငယ်ခေါင်းဆောင်များ ၊ ကချင်ကျောင်းသားခေါင်းဆောင် ၊ ငြိမ်းယူထားသည့် အဖွဲ့ သားဟောင်းများး ၊ စစ်ရေးလေ့လာသူများ ၊ ကချင်လူထု များ ၊ ပြည်ပရောက် ၈၈ ကျောင်းသား ၊ KNU စစ်သားများကတော့  ကေအိုင်အေ ကို အကြမ်းဘက်အဖွဲ့ အစည်းအဖြစ် မြင်လာအောင် ကချင်လူထုက လက်မခံလာအောင် ၊ နိုင်ငံတကာက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်လာအောင်
  ဒီကိစ္စတွေ အားလုံးဟာ အာဏာပိုင်တွေ အကွက်ချ စီစဉ်နေတာ ဖြစ်တယ်လို သုံးသပ်ပြောဆိုပါတယ် ။

ပြည်ပရောက် ကချင်လူငယ် တချို့ကတော့  ကေအိုင်အေ ကို  အတိုက်ခံ လုပ်နေတဲ့ အဖွဲ့စည်းတွေ လည်းဖြစ်နိုင်တယ်လို့ သုံးသပ်ပြောကြပါတယ် ။
 
 အဓိကက မြစ်ကြီးနားမြို့ကို စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်နိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

အခု ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ပထမပိုင်းရတဲ့ သတင်းတွေအရ မော်တော်ဆိုင်ကယ် သမားတစ်ဦးက အထုပ်တစ်ထုပ် အိမ်ထဲကို ပစ်သွင်းလိုက်ပြီးနောက် ပေါက်ကွဲခဲ့တယ်လို့ ဆိုပေမဲ့ အခုတော့ အိမ်ရှင်ကို ဖမ်းဆီးလိုက်ပြီး စစ်ဆေးနေပြီလို့ သိရပါတယ် ။

ဇော်ရှန် (wunpawng )

0 comments: