Saturday, November 19, 2011

ကချင်အမျိုးသမီးထုများ စစ်ပွဲတွေပါဝင်နေပြီ...

Saturday, November 19, 2011

KIAတပ်မဟာ(၃)နယ်မြေ မိုင်ဂျာယန်မှာရှိတဲ့ ကချင်လွတ်မြောက်ရေးအမျိုးသမီးအစည်းအရုံး(KIWA) (မိုင်ဂျာယန်)မှ စည်းရုံးရေးမှူးဒေါ်မေလီအောင်ခေါင်းဆောင်တဲ့ အဖွဲ့ဝင် (၅) ဦးဟာ မော်တော်ယာဉ် (၂) စီးနဲ့အတူ ခင်ဒစ်ကျေးရွာကို နိုဝင်ဘာလ ၁၆ ရက်နေ့က ရောက်လာပါတယ်။ တိုက်နယ်မှူး ဘရန်အောင်နဲ့ KIO တပ်ဖွဲ့ဝင် (၃) ဦးတို့ ကြိုတင်စုစည်းထားတဲ့ ခင်ဒစ်၊ ဆိုင်မိုင်ပါနဲ့ ခိုင်ဘန်ရွာတွေကဒေသခံ ကချင် အမျိုးသမီး (၃၀) ဦးနဲ့တွေ့ဆုံပြီး ကချင် လွတ်မြောက်ရေး တပ်မတော်အတွက် အမျိုး သမီးစစ်မှုထမ်း အဖြစ် ၀င်ရောက် အမှုထမ်းကြဖို့ စည်းရုံးဟောပြောခဲ့တယ် လို့  မိုင်ဂျာယန်က လာတဲ့သတင်းတွေအရ သိရပါတယ်။

``ဒေါ်မေလီအောင်ကပြောကြားခဲ့ရာမှာတော့``ကျွန်မတို့ ကချင် တပ်မတော်ဟာ ယခုဆိုရင် အစိုးရစစ်တပ်တွေရဲ့ ထိုးစစ်တွေကြောင့် အင်အားလျော့နည်း လာနေပါတယ်။ ကျတဲ့သူကျ ၊သေတဲ့သူသေ၊ ဒဏ်ရာရတဲ့သူ ရနဲ့ ဖြစ်နေပါ တယ်။ ဒီကြားထဲမှာ ကချင်တပ်မတော်ကနေ ထွက်ပြေးနေတဲ့ သူတွေလည်း ရှိနေတာကြောင့် အခုဆိုရင် ကျွန်မတို့ရဲ့ တပ်မတော်ဟာ လူအင်အား တဖြည်းဖြည့်း လျော့နည်းနေပါတယ်။ ဒါကြောင့်မို့ အခုကျွန်မလာရတဲ့ ရည်ရွယ်ချက်က တပ်အင်အားတွေ တိုးတက်ဖို့၊ ကျွန်မတို့ ကချင် အမျိုး သမီးတွေကလည်း ကချင် အမျိုးသားတွေ နည်းတူ တိုက်ပွဲဝင်နိုင်ဖို့ လာရောက်ဆွေးနွေး ရခြင်း ဖြစ်ပါတယ်။ ကချင်နိုင်ငံတော်ကို ကာကွယ်ဖို့၊ ကျွန်မတို့ရဲ့ စစ်ခေါင်းဆောင်တွေကို ၀န်းရံဖို့အတွက် KIA တပ်မတော်မှာ အမျိုးသမီး စစ်မှုထမ်းတွေ အများကြီး လိုအပ်နေပါတယ်။´´

``ဒီစစ်ပွဲတွေကြောင့် ကျေးရွာတွေမှာ ရှိနေတဲ့ ပြည်သူ လူထုတွေ ဒုက္ခဘေး မကြုံစေဖို့ လိုင်ဇာ ဌာနချုပ်မှာ သက်ကြီး ရွယ်အိုနဲ့ ခလေးတွေလည်း ကျွန်မတို့ စုစည်းထားပါတယ်။ စစ်ပြေး ဒုက္ခသည်တွေဟာလည်း သာမန်ပြည်သူတွေပဲမို့လို့ စားနပ် ရိက္ခာ၊ ဆေးဝါး စတဲ့အထောက်အပံ့တွေ လိုအပ်နေပါတယ်။

အရင်တုန်းကတော့ တရုတ်ပြည်ဘက်က ထောက်ပံ့ တာတွေရှိခဲ့ပေမဲ့ တရုတ်ကလည်း အဆင်မပြေဖြစ်ပြီး မထောက်ပံ့တော့ပါဘူး။ ဒါကြောင့်ကျွန်မတို့ရဲ့ စစ်ပြေးဒုက္ခသည် တွေလဲ အရမ်းကိုပဲ ဒုက္ခရောက်နေပါတယ်။´´


    ``ကချင်စစ်သည်တော်တွေ အနေနဲ့လည်း အစိုးရတပ်တွေရဲ့ လက်နက်ကြီးတွေ မတရား ကျမတို့ လူမျိုးအပေါ် ၊လက်နက်ငယ်တွေ၊ လက်နက် ဆန်းတွေ အသုံးပြု တိုက်ခိုက်နေတာတွေ ရှိလာပါတယ်။ ဒိလက်နက်တွေဟာ နိုင်ငံတကာက ပြည်တွင်းစစ်မှာ အသုံးပြုခွင့် မရှိဘူး။ ဒါပေမဲ့ အခု စစ်တပ်က ကျမ တို့ ကချင်လူမျိုးတွေ အပေါ် အခုလို ရက်ရက်စက်စက် လုပ်လာတာ အားလုံး အသိပါဘဲ  ။  ဒါတွေကိုလဲကျွန်မတို့အမျိုး သမီးအစည်းအရုံးအနေနဲ့ ပါဝင်တိုက်နေပါတယ် ။....  အစိုးရတပ်တွေကလဲ အခုဆို အကျအဆုံးများ လာလို့  အခုဆို နေပြည်တော်က မြန်မာနိုင်ငံမှာ အကြီးဆုံး တပ်တွေဖြစ်တဲ့ အဖွဲ့ တွေပါ ပါဝင်တိုက်နေကြတယ် အရင်တုန်းက ဗမာပြည်မြောက်ပိုင်းက တပ်တွေလောက်နဲ့ တိုက်နေရာကနေ အခု ဗမာပြည်အောက်ပိုင်းက တပ်တွေပါ တက်လာနေပါတယ်။

အစိုးရတပ်တွေဟာ ကျမ တို့ ကချင်တပ်တွေ ကို မနိုင်တော့ အသေအပြောက်များလာတော့ အခုဆို ဓာတု လက်နက် (Chemical Weapons) တွေပါ အသုံးပြုလာနေတာ တွေ့ ရတယ် အခုဆိုရင် စစ်ဆေးမူတွေလုပ်နေပါပြီ၊  အဆိပ်လက်နက်တွေ အသုံးပြုတိုက်ခိုက်နေပါတယ် ။
ကချင် ပြည်သူလူထုတွေ နိုင်ငံတကာရောက် ကချင်လူမျိုးတွေ တတ်နိုင် သလောက် ပါဝင်ကြဖို့ လိုနေပါပြီ ။ ဆင့်ပြီး သတင်းပေးပို့ကြပါ ။ ကျွန်မတို့ ကချင်တိုင်းရင်းသားတွေအတွက်  တန်းတူ အခွင့်အရေး ရဖို့အတွက် လက်နက်ကိုင် တိုက်ပွဲဝင်နေတာဖြစ်ပါတယ်။ ဒါကြောင့် အခုတက်ရောက်လာကြတဲ့ အမျိုး သမီးများ အနေနဲ့ အပျိုဖြစ်ဖြစ်၊ အအိုဖြစ်ဖြစ် KIA တပ်မတော်မှာ ၀င်ရောက်အမှုထမ်းဖို့ ဖိတ်ခေါ် ပါတယ်။ စစ်တိုက်ဖို့ အတွက်ကြီးဘဲ အထင်မမှားပါနဲ့  မဟုတ်ပါဘူး နောက်ကနေ ကျမတို့ အမျိုးသားများကို ကူညီပံပိုးမှုက ၊  အရန်းလိုအပ်ပါတယ် ။ ကျမတို့ ကချင်အမျိုးသမီးတွေဟာ ကချင်သမိုင်းမှာလည်း တကယ်ကို ကိုယ့်လူမျိုး အတွက် ထိလာရင် ပါဝင်တိုက်ခိုက်ခဲ့တယ် ဆိုတာ သမိုင်းမှာ လည်း ရှိပါတယ်  ....´´လို့ပြောကြားခဲ့ပြီး တက်ရောက်လာကြတဲ့ အမျိုးသမီးတွေကို ဆန် (၅) အိတ်၊ ဆီတစ်ပုံးနဲ့ ဆားတစ်အိတ် တို့ပေးခဲ့ပါတယ်။
စည်းရုံးရေးမှူး ဒေါ်မေလီအောင်နဲ့ အဖွဲ့ဟာ ခင်ဒစ်ကျေးရွာကနေ ညနေပိုင်းမှာပြန်ထွက်သွားပြီး ညနေ (၄) နာရီခွဲမှာ မိုင်ဂျာယန်ကို ပြန်ရောက်တယ်လို့ သိရှိရပါတယ်။ ဒေါ်မေလီအောင်ဟာ ကချင် လွတ်မြောက်ရေး အမျိုးသမီး အစည်းအရုံး (မိုင်ဂျာယန်) မှာ စည်းရုံးရေးမှူး အဖြစ်တာဝန်ယူထားပြီး အမျိုးသမီး စစ်မှုထမ်း စုဆောင်းရေး တာဝန်ခံ တစ်ဦးအဖြစ်လည်း တာဝန်ပေးအပ်ခြင်းခံထားရပြီး ကချင် လွတ်မြောက်ရေး တပ်မတော်အတွက် တက်ကြွရဲရင့်စွာ တာဝန် ကျေပွန်သူ တစ်ဦးအဖြစ် သတ်မှတ်ခံထားရပါတယ်။

                                                                          ကချင်လေး....မြစ်ကြီးနား 
achinlay775@gmail.com

1 comments:

  • Anonymous says:
    November 19, 2011 at 8:36 PM

    Ndai post gaw myen ni galaw ai kachindailynews kaw na she rai sam ai law, kia ni hpe jahpyak ai laika ni hkrai mara ai post kaw na copy la da ai she rai sam ai.