Thursday, November 17, 2011

“ဗုံး” အိပ်မက်ဆိုးဖြင့် ကချင်ပြည်နယ် ပြည်သူလူထုများကို ခြောက်လှန့်နေ

Thursday, November 17, 2011

နိုဝင်ဘာလ ၁၃ ရက်မှ ယနေ့ထိ ကချင်ပြည်နယ် မြစ်ကြီးနားမြို့အတွင်း “ဗုံး” ဆက်တိုက် ပေါက်ကွဲ (ဖေါက်ခွဲ) နေပါတယ်။ ဒီဖြစ်ရပ်တွေကြောင့် ပြည်သူလူထုများမှာ ကြောက်ရွံ့ စိုးရိမ်ခြင်း များစွာနဲ့ အသက်ရှင် ဖြတ်သန်းနေရပါတယ်။

နိုဝင်ဘာလ ၁၃ ရက် ကချင်ပြည်နယ် မြစ်ကြီးနား သီတာရပ်ကွက်တွင် နေထိုင်သော ဦးဒယောင် တန်ဂွန်း ဖြစ်သူရဲ့ နေအိမ်တွင် အမြောက်ပစ်ခတ် ခံရတာနဲ့ ပတ်သက်ပြီး စစ်ဆေး မေးမြန်း နေတယ်လို့ သိရပါတယ်။ အခုလက်ရှိ မြစ်ကြီးမြို့တွင် ဒီအမြောက် ပစ်တာနဲ့ ပက်သက်ပြီး ပြည်သူတွေ အားလုံးက ပါးစပ်တောင် မဟနိုင်လောက်အောင်ကို ဖြစ်နေ ပါတယ်။

အိမ်ရှင် လင်မယားဟာ အခုချိန်မှာ ချုပ်နှောင်မှုများကို ခံနေ ရပါတယ်။

၁၊...အိမ်ရှင် ဦးဒယောင်တန်ဂွန်းကို အမှတ် (၁) ရဲစခန်းတွင် ဖမ်းချုပ်ခံထားရပါတယ်။
၂၊...ဇနီးဖြစ်သူ ဒေါ်ဂျာဒမ့် (ခ) ထုရော်အား သီးသန့် ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားကြောင်း သိရှိရပါတယ်။

အမြောက်ဆံ ဖြင့်သေဆုံးသွားသူများကို နိုဝင်ဘာလ ၁၅ ရက်နေ့ မနက် (၉) နာရီတွင် ရာဒါကောင် င်္သချိုင်း မှာ င်္သဂြိုလ် နေစဉ်...

ထိုင်းနိုင်ငံရောက် ကချင်ကျောင်းသူတစ်ဦးရဲ့ အမြင်

“ကချင်လူမျိုးတွေ သေအောင် လုပ်တာကတော့ ကချင် (အေအိုင်အေ) တော့ မဖြစ်နိုင်ပါ။
၁။ မျိုးတုံးသတ်ဖြတ်ရေး စီမံကိန်း..။
၂။ ကချင်လူမျိုးတွေကို အချင်းချင်း သွေးခွဲနေတာ ဖြစ်တယ်။

မြစ်ကြီးနားမှာတော့ ကချင်လူမျိုး အများဆုံး နေထိုင်တဲ့အတွက် ပြည်သူ လူထုကို ကြောက်လှန့်အောင် ခြိမ်းခြောက်နေပြီး ကချင်ခေါင်းဆောင် (ကေအိုင်အေ) အပေါ် ပြည်သူ လူထုများမှ အမြင်မှား၊ ယုံကြည်မှု လျော့နည်း လာအောင် ဖန်တီးနေတာဖြစ်တယ်။”

“ပြည်သူလူထုများရဲ့ စိတ်ထဲမှာ သွေဝေအောင် ဖန်တီးနေတာပါ..။ ကျမတို့ အားလုံး ပိုပြီး စည်းလုံးဖို့ လိုတယ်။” ဒေါ်ဘောက်ဂျာ (NDF)

W.P Moses

0 comments: