Monday, November 14, 2011

စစ်အစိုးရ စစ်တပ်မှ ဓါတုလက်နက် အသုံးများလာ

Monday, November 14, 2011

  ဓါတုဓါတ်ငွေ့ ကြောင့် အပြစ်မဲ့တဲ့ ကလေးများ အတွက် အန္တရာယ်များလွန်းလှပါတယ်... 

နိုဝင်ဘာလ ၁၃ ရက်နေ့မှာ မြစ်ကြီးနား - ဗန်းမော် ကားလမ်းမှာရှိတဲ့ ခါယာကျေးရွာနှင့် မဒီယာန် ကျေးရွာ အကြားမှာရှိတဲ့ အင်းတပ်ဘွမ် (Ntap Bum) နယ်မြေတဝိုက်မှာ K.I.A နှင့် ပြည်သူ့စစ် ပူးပေါင်းကာ စစ်အစိုးရ စစ်တပ်အင်အား (၅၀၀) ဝန်းကျင်ရှိ စစ်ကြောင်းများနှင့် ပြင်းပြင်း ထန်ထန် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ယခုအချိန်ထိ ဆက်လက် ဖြစ်ပွားနေကြောင်း စုံစမ်းသိရှိ ရပါတယ်။ ယင်းတိုက်ပွဲတွင် စစ်အစိုးရ စစ်တပ်မှ ဓါတုလက်နက် (Chemical Weapons) အနည်းဆုံး (၂၀) ကြိမ်လောက် ပစ်သွင်း အသုံးပြုကြောင်း K.I.A အရာရှိများမှ သိရှိ ရပါတယ်။

တဆက် တည်းမှာဘဲ ကချင်ပြည်နယ် မြစ်ကြီးနားမြို့အတွင်း ဗုံးများ ပေါက်ကွဲခဲ့ကြောင်း၊ ဒီလိုအန္တရာယ် ရှိတဲ့ ဗုံးများ မြို့အတွင်း ပေါက်ကွဲလာမှုကြောင့် ပြည်သူ လူထုများဟာ ပိုမိုစိုးရိမ်နေကြပါတယ်။ အဲ့ဒီညမှာဘဲ ဗုံးပေါက်ကွဲပြီး များမကြာမီ မြစ်ြုကီးနား ကားကြီးဝင်မှာ မီးလောင် မှုလည်း ဖြစ်ပွားခဲ့ကြောင်း “ဟုတ်တယ်.. ည ၉ နာရီကျော်လောက်မှာ ရုတ်တရက် ကားကြီးဝင်း မီးထလောက် လာတော့ ကျနော်တို့ အရမ်း စိုးရိမ်သွားတယ်..ဘယ်လိုဖြစ် စတင်လောင်လာ တာကိုတော့ စုံစမ်းနေ ကြပါတယ်..” ဟု မျက်မြင်တစ်ယောက်မှ ပြောကြား လာပါတယ်။

W.P Moses

0 comments: