Friday, October 07, 2011

စစ်အစိုးရ စစ်တပ်မှ ညှင်းပန်းနိပ်စက်

Friday, October 7, 2011
 ဒဘတ်ကျေးရွာဝန်းကျင်

အောက်တိုဘာလ ၂ ရက်နေ့တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ မိမိနေရပ် ဒဘတ်သို့ ပြန်လာသည့် ဦးလော့ဖြူဇော်ဘောက် အား စစ်အစိုးရစစ်တပ်မှ (၃) ရက်ကြာ ညင်းပန်းနိုပ်စက်ခဲ့ ကြောင်း စုံစမ်း သိရှိရပါတယ်။  ဒဘတ်တံတား ( ကဇူး ကျေးရွာဘက်ခြမ်း ) တွင် တပ်စွဲထားတဲ့ ဗိုလ်မှူး ရဲမင်းသွေး ဦးဆောင်သည့် ၀ိုင်းမော်အခြေစိုက် ခလရ (၅၈)၊ အောင်သက်ဇော် ဦးဆောင်သည့် ခမရ (၃၁၈) တို့သည် မှတ်ပုံတင် စစ်ဆေးခြင်းများကို ပြုလုပ်နေစဉ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။ ဦး လော့ဖြူဇော်ဘောက်မှ မှတ်ပုံတင် ထုတ်ပြခဲ့သော်လည်း စစ်တပ်အတွင်းသို့ ဆွဲခေါ်သွားပြီး ထုထောင်း ရိုက်နှက် ကန်ကျောက်ပြီး သုံးရက်လုံးလုံး နိုပ်စက်ခဲ့ကြောင်း သိရှိရပါတယ်။

 ထို့ပြင် ဒဘတ်ကျေးရွာတွင် ဆက်လက်နေထိုင်ခြင်း မပြုရန် ခြိမ်းခြောက် သတိပေးခဲ့ သဖြင့် ဦးလော့ဖြူ ဇော်ဘောက် မိသားစုသည် အောက်တိုဘာလ  ၅ ရက်နေ့တွင် မြစ်ကြီးနားသို့ တိမ်းရှောင် သွား ပြီဖြစ်ကြေင်း သိရှိရပါတယ်။ မည်သည့် အကြောင်းကြောင့် ကျေးရွာမှ မောင်းထုတ်ခဲ့ သည်ကို အတိအကျ မသိရသေးပါ။ စစ်အစိုးရ စစ်တပ်မှလည်း ရှင်းလင်း ပြောကြားခြင်း မပြု သေးကြောင်း သိရှိ ရပါတယ်။

0 comments: