Monday, October 03, 2011

K.I.A တပ်မဟာ ၅ နေရာသို့ အင်အား အလုံးအရင်းနှင့် ထိုးစစ်ဆင်ရန်ပြင်

Monday, October 3, 2011

Kachin Independence Army

K.I.A တပ်မဟာ (၃) လက်အောက်ခံ၊ အမှတ် (၁၅) တပ်ရင်းနယ်မြေ၊ ဘွမ်ဆဲန် စခန်း အနီးတွင် အောက်တိုဘာလ (၂) ရက်၊ ၂၀၁၁ ခုနှစ် မနက် ၇ နာရီအချိန်မှ ၇ နာရီခွဲ အချိန်ခန့် အထိ K.I.A တပ်ရင်း (၁၅) တပ်သားများနှင့် အစိုးရစစ်တပ်တို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်း သိရှိ ရပါတယ်။ နှစ်ဖက် ထိခိုက် ဒဏ်ရာရမှု စာရင်းကို ဆက်လက် စုံစမ်း ဆဲဖြစ်ပါတယ်။

အောက်တိုဘာလ ၂ ရက် ၂၀၁၁ ခုနှစ် နေ့လည် ၁၂ နာရီမှ မွန်းလွဲ ၂ နာရီခန့်အထိ နမ်ဆန်ယန်၊ ဘန်ဒေါင်၊ အေဒင် ဒေသများတွင် K.I.A အမှတ် (၅) တပ်မဟာ တပ်သားများနှင့် ရွေ့လျား တပ်များမှ စစ်အစိုးရစစ်တပ် မြောက်ပိုင်းတိုင်း လက်အောက်ခံတပ် ခမရ (၁၂၁) နှင့် စကခ (၃) စစ်ကြောင်းများကို ပိတ်ဆို့ ပစ်ခတ်ခဲ့ကြောင်း စုံစမ်း သိရှိရပါတယ်။ ထိခိုက်ကျဆုံးမှု အခြေအနေများကို သီးခြား အတည် ပြုနိုင်ခြင်း မရှိသေးပါ။ ငါ့အူကျေးရွာ အခြေစိုက် ခလရ (၁၂၁) သည် စစ်သည် အင်အား (၂၈၀) ကျော် ရှိပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်များထဲတွင် အင်အား အများဆုံးတပ်ဖြစ်သည်။

ထို့အပြင် စစ်အစိုးရ စစ်တပ်များသည် K.I.A တပ်မဟာ (၅) ရှိရာသို့ စစ်သည်အင်အား အမြောက်အများနှင့် ထိုးစစ်ဆင်ရန် ချဉ်းကပ်လာနေကြောင်း မျက်မြင်များထံမှ စုံစမ်း သိရှိ ရပါတယ်။ စကခ (၃) လက်အောက်ခံ ခမရ ၃၈၁၊ ခမရ ၃၈၂၊ ခမရ ၃၈၃၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခလရ (၁၄၁)၊ ခလရ (၁၄၂)၊ ခလရ (၁၂၁) တို့သည် ဂျာအင်ယန်၊ ဘန်ဒေါင်၊ ရှဒန်ပါ အနီးတ၀ိုက်များတွင် သုံးနေရာခွဲပြီး လှုပ်ရှား နေကြောင်း K.I.A ရှေ့တန်း သတင်းများ အရ သိရှိ ရပါတယ်။

0 comments: