Wednesday, October 05, 2011

ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ဗုံးပေါက်

Wednesday, October 5, 2011
ကညန ရုံရှေ့တွင် ဗုံးပေါက်ကွဲပြီး သေဆုံးသွားသူ

အောက်တိုဘာလ ၄ ရက်နေ့ ည ၈း၀၀ နာရီ ဝန်းကျင်တွင် ကချင်ပြည်နယ် မိုးကောင်း ရထားလမ်း (လွတ်လပ်ရေး ကျောက်တိုင်) အနီးမှာ ဗုံး တစ်လုံးပေါက်ကွဲခဲ့ကြောင်း မိုးကောင်းမြို့ရှိ မျက်မြင်များထံမှ စုံစမ်း သိရှိရပါတယ်။ ဗုံး ထောင်တာ ဘယ်အဖွဲ့ရဲ့ လက်ချက် ဖြစ်တယ် ဆိုတာကိုတော့ မသိရှိရသေးပါ။ ယင်းဗုံးပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရရှိမှု မရှိဟု စုံစမ်းသိရှိရပါတယ်။

အလားတူဘဲ အောက်တိုဘာလ ၂ ရက်နေ့ မှာလည်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကညန ရုံအရှေ့မှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး လူတစ်ဦး သေဆုံး သွားခဲ့ရပါတယ်။ ဒီလိုကချင်ပြည်နယ် မြို့များတွေ ဗုံး ဆက်တိုက် ဆိုသလို ပေါက်ကွဲနေမှုကြောင့် ပြည်သူပြည်သားများမှာ အချိန်ပြည့် ဆိုသလို စိုးရိမ် နေကြရကြောင်း သိရှိရပါတယ်။

0 comments: