Friday, October 07, 2011

လားရှိုးမြို့ ပြည်သူများ အခြေအနေ

Friday, October 7, 2011
Kachin Independence Army

ရှမ်းပြည်နယ် အခြေစိုက် ကချင်လွတ်မြောက်ရေးတပ်မတော် K.I.A တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၈) မှ လားရှိုး အခြေစိုက် စစ်အစိုးရ စစ်တပ် ခမရ (၅၀၇) အား K.I.A တို့မှ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ယခုချိန်တွင် လားရှိုး ပြည်သူ ပြည်သားများမှာ ည ၈ နာရီ အပြင်မထွက်ရဲဘဲ မိမိ လုံခြုံရေး အတွက် စိုးရိမ် နေကြရကြောင်း၊ စစ်အစိုးရမှလည်း ပြည်သူပြည်သားများကို ခေါ်ယူ မေးမြန်း စစ်ဆေးနေကြောင်း၊ ယခုချိန်တွင် လားရှိုးမြို့သည် အလွန် ငြိမ်သက် တိတ်ဆိတ်နေပြီး လူတွေ မရှိတော့ သလို မြို့တခုလုံးမှာ လူနေရပ်နဲ့ မတူတော့ဘဲ ဖြစ်နေကြောင်း စုံစမ်းသိရှိရပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် အောက်တိုဘာလ ၆ ရက် ၂၀၁၁ ညနေ ၇ နာရီ ဝန်းကျင်တွင် ပေါက်အား အလွန်ပြင်းတဲ့ ဗုံး ဆက်လက် ပေါက်ကွဲခဲ့ကြောင်း စုံစမ်း သိရှိ ရပါတယ်။ ပေါက်ကွဲခဲ့သော နေရာမှာ မြို့စွန်ရပ်ကွက် ဧဒင်နှင့် နောင်းပုံကြား မန္တလေး-မြစ်ကြီးနား ရထား သံလမ်း တံတား ၂ ခုတွင် ပေါက်ကွဲ မှုဖြစ်ခဲ့သည်ဟု မြို့ခံတစ်ဦး မှ စုံစမ်း သိရှိရပါတယ်။

မည်သူ (KIA သို့မဟုတ် စစ်အစိုးရ) ဖောက်ခွဲသည်ကို မသိ ရသေးပါ။ ယခုချိန် ကချင် ပြည်နယ်တွင် စစ်အစိုးရ စစ်တပ်နှင့် ကချင် လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) ကြား ပြည်တွင်း စစ်ကြီး ဖြစ်လာမည့် အခြေနေသို့ ဦးတည် လာနေစဉ် ယခု မြစ်ကြီးနားမြို့ မိုင်းပေါက်ကွဲမှုတွေ ဆက်တိုက် ဆိုသလို ဖြစ်ပေါ် လာခြင်း ဖြစ်ပါတယ်။


0 comments: