Thursday, October 06, 2011

အစိုးရ စစ်တပ် ရှေ့တန်းစခန်း တခုကို ကေအိုင်အေ ၀င်ရောက် နေရာယူ

Thursday, October 6, 2011

K.I.A တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၁၅) နေရာဖြစ်သော ဘွမ်ဆဲန်တွင် အောက်တိုဘာလ ၅ ရက်နေ့ နံနက် ၉ နာရီတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး  K.I.A မှ စစ်အစိုးရ စစ်တပ် ရှေ့တန်းစခန်း တခုကို  ၀င်ရောက်နေရာယူလိုက် ကြောင်း စုံစမ်းသိရှိရပါတယ်။ ယင်းနေရာတွင် အောက်တိုဘာလ (၄) ရက်နေ့မှ စတင်ကာ တိုက်ပွဲများ တဖန်ပြန်လည်ဖြစ်ပွား နေခြင်းဖြစ်သည်။ K.I.A မှ ၀င်ရောက်နေရာယူ လိုက်သော ရှေ့တန်းစခန်းသည် ဇွန်လ (၁၂) ရက်နေ့ က စစ်အစိုးရ စစ်တပ်တို့ နေရာယူလိုက်သည့် ဘွမ်ဆဲန်ဒေသ တ၀ိုက်တွင်ပင် ဖြစ်သည်။
K.I.A ရှေ့တန်း စစ်စခန်း

မန်စီမြို့နယ်၊ မန်စီမြို့၊ ရွာသစ်ကုန်း ကျေးရွာအနီးတွင် K.I.A တပ်ရင်း (၁) နှင့် စကခ ၂၁ လက်အောက်ခံ ခလရ (၄၇) တို့နှင့် အောက်တိုဘာ (၄) ရက်နှင့် (၅) ရက်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ယင်း တိုက်ပွဲများတွင် မြန်မာအစိုးရစစ်တပ်မှ (၁) ဦးကျဆုံးပြီး (၃) ဦး ဒဏ်ရာရရှိသွားကြောင်း စုံစမ်း သိရှိရပါတယ်။

ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နယ်၊ မန်ဟိုင်း – စိုင်းခေါင်း နေရာတွင် K.I.A တပ်မဟာ (၄) လက်အောက်ခံ၊ တပ်ရင်း (၈) တို့နှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ၊ နမ္မတူမြို့အခြေစိုက် ခမရ (၃၂၄) တို့ စက်တင်ဘာလ (၄) ရက်နေ့ နံနက် (၁၀) နာရီခွဲ ၀န်းကျင်တွင် တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်းသိရသည်။ ယင်းတိုက်ပွဲတွင် စစ်အစိုးရစစ်တပ်မှ  (၄) ဦးကျဆုံးခဲ့ပြီး (၁) ဦး ဒဏ်ရာရရှိ သွားကြောင်း သိရသည်။ အောက်တိုဘာလ (၄) ရက်နေ့တွင် လားရှိုးမှ ကွမ်းလုံသို့ စစ်အစိုးရစစ်တပ်မှ စစ်သားတင် စစ်ကား အစီး (၄၀) တက်သွားကြောင်း စုံစမ်းသိရှိရပါတယ်။ ယင်း အစီး (၄၀) အနက်မှ (၃) စီးတွင် အကျဉ်းသားများတင် ဆောင်ထားကြောင်း မျက်မြင်များမှ စုံစမ်းသိရှိရပါတယ်။ ယင်းလမ်းမှ တဆင့် သည် “၀” ဒေသနှင့် ကိုးကန့်ဒေသသို့လည်းဆက်သွယ် သွားလာနိုင်ကြောင်းသိရှိရပါတယ်။

0 comments: