Sunday, October 02, 2011

နေပြည်တော်ရဲ့ ညွန်ကြားချက်ထွက်လာ

Sunday, October 2, 2011

ကချင်လွတ်မြောက်ရေး တပ်မတော် K.I.A ဌာနာချုပ်ဖြစ်တဲ့ လိုင်ဇာ မုဒ်လုမ်ကို စစ်အစိုးရတို့မှ ဒီလ အောက်တိုဘာ (၃၊ ၄၊ ၅ ….) ရက် အတွင်း အပြီးသိမ်းပိုက်ရန်အတွက် နေပြည်တော် စစ်အစိုးရ ဌာနချုပ်မှ ညွန်းကြားချက် ထွက်လာပြီဖြစ်ကြောင်း စစ်ဘက် နီးစပ်သူများထံမှ သတင်း စုံစမ်း သိရှိရပါတယ်။ ယခုချိန်တွင် K.I.A ဌာနချုပ်ဖြစ်တဲ့ လိုင်ဇာ အနီး တဝိုက်များတွင် စစ်အစိုးရ စစ်အင်အားများ ထောင်ကျော် ရှိနေပြီဖြစ်ပြီး စစ်အင်အားများလည်း နည်းအမျိုးမျိုးဖြင့် ထပ်မံ ပို့ဆောင် နေကြောင်း K.I.A သတင်းများအရ စုံစမ်း သိရှိ ရပါတယ်။ K.I.A ဘက်မှာလည်း အမြဲတမ်း အဆင်သင့် ဖြစ်ဖို့ရန် အထူး လေ့ကျင့် ပြင်ဆင် နေကြာင်းနှင့် “ဒီလိုနေပြည်တော်ကနေ ညွန်ကြားချက် ထွက်လာပြီဆိုတော့ စစ်မီးဟာ တတိုင်းပြည်လုံး ပြန့်နံ့သွားဖို့ဟာ ပိုမိုများနေပြီ” ဟု K.I.A အထက်အရာရှိ တစ်ဦးမှ ပြောကြားချက်အရ သိရှိရပါတယ်။

K.I.A နှင့် စစ်အစိုးရတို့အကြား တိုက်ပွဲများဟာ နေရာ အနံ့ အဆက်မပြက် ဖြစ်ပွားလျက်ရှိရာ ယခုချိန်ကစပြီတော့ ပိုမိုပြင်းထန်လာလိမ့်မယ်လို့ နိုင်ငံရေး လေ့လာ သူများက သုံးသပ်နေကြပါတယ်။

0 comments: