Saturday, August 13, 2011

နမ်ဆန်ယာန်မှာတိုက်ပွဲဖြစ်


ဩဂုတ်လ ၁၂ ရက် မနေ့ညနေ ပိုင်း ၇း ၃၀ နာရီ လောက်မှာ K.I.A တပ်ရင်း ၂၃ တို့ကနေ ကချင်ပြည်နယ် K.I.A စစ်ဌာနချုပ်ဖြစ်တဲ့ လိုင်ဇာအနီရှိ နမ်ဆန်ယာန်ကျေးရွာမှာ ထိုးစစ်ဖြင့် ဝင်တိုက်ခိုက် ခဲ့ကြောင်း၊ ည ဘက်ဖြစ်ပွားခဲ့၍ မည်မျှ သေကျေပျက်စီး သွားကြောင်း မသိရသေးပါ။ သတင်း အသိအကျကို ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။

အစိုးရဘက်ကနေ K.I.A ကို မဟုတ်မမှန်စွတ်စွဲနေခြင်းကို ရပ်တန့်သင့်ပြီး K.I.O/K.I.A ဟာ မဟုတ်မမှန်တာကို လုံးဝမလုပ်ပဲ မှန်ကန်သော ရပိုင်ခွင့်ကိုသာ ရအောင်ယူနေတာဖြစ်ကြောင်းကို စစ်တပ်နှင့် တစ်ကမ္ဘာလုံး သိသင့်ကြောင်း၊ K.I.A ကို မဟုတ်မမှန် စွတ်စွဲနေမှုဟာ ကချင်တမျိုးသားလုံးကို စော်ကားပြီး တိုင်းပြည်ကိုလည်း မလေးစားခြင်းသာ ဖြစ်တယ်။ အစိုးရပိုင် TV ပေါ်မှာ မဟုတ်မမှန်မှုတွေကို ကြံဖန်ဇာတ်ဖြင့် မပြသသင့်ပါ။ K.I.A ဟာ တတိုင်းပြည်လုံး ငြိမ်းချမ်းမှုကို အရန်းလိုလာပြီး ကိုယ့်ရဲ့ ရပိုင်ခွင့်ကို လူသားတိုင်း ခံစားဖို့ရန် အလွန်မျှော်လင့်တောင့်သ နေတာ ဖြစ်ပါတယ်။ စစ်အစိုးရ ကနေဘဲ လက်ဝါးကြီးအုပ်ပြီး တိုင်းပြည်ကို မအုပ်ချုပ်သင့်တော့ပါ။  

0 comments: