Monday, August 08, 2011

စစ်တပ်မှ အပြစ်မဲ့ရွာသား (၈) ဦးကို သတ်ပစ်


လွန်ခဲ့တဲ့ ရက် ပိုင်း မှာ စစ်တပ်ဘက်မှ ဖါးကန့်ဘက်ရှိရွာသား (၈) ဦးကို သတ်ပစ်ခဲ့ကြောင်း ၎င်းကျေးရွာအနီးမှ မျက်မြင်သက်သေလည်းဖြစ် သူငယ်ချင်းလည်းဖြစ်သူက သတင်း ပေးပို့ လာပါတယ်။ အဲ့ဒီ (၈) ဦး ထဲမှ တစ်ဦးကိုမူ အရှင်လတ်လတ် မြေမြှုပ် သတ်ခဲ့ကြောင်းလည်း အလွန်ခံစားသော အသံဖြင့် သတင်းပေးပို့ ခဲ့ပါတယ်။ ဒီလုပ်ရပ်ဟာ လူမဆန်မှု၊ တိုင်းရင်းသား တွေပေါ်မှာ ဖိနှိပ် နှိပ်ဆက်ပြီး နိုင်ထက်စီးနှင်း လုပ်ခြင်းသာ ဖြစ်ပါတယ်။ စစ်တပ်ဟာ ပြည်သူတွေကို ကာကွယ် စောင့်ရှောက်မယ့်အစား သတ်ဖြတ်နေတာကို ဒီတိုင်း ကြည့်နေလို့တော့ ဘယ်တော့မှ ငြိမ်းချမ်းတဲ့ တိုင်းပြည်ဖြစ်လာမှာ မဟုတ်ဘူးဆိုတာကို လူတိုင်း လက်တွေ့ မြင်နေကြပြီ ဖြစ်ပါတယ်။ ဒါကြောင့် ချစ်သောတိုင်းရင်းသား အပေါင်းတို့ မိမိရဲ့တိုင်းပြည်နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်တွေ ရရှိအောင် အခုချိန်မှာ ရဲရဲဝင့်ဝင့်နှင့် ရှေ့ဆက်ပြီး တိုက်ပွဲဆင်နွဲလျက် ကိုယ့်တိုင်းပြည်ကို ကိုယ်ရအောင် ယူကြရအောင်..။ စစ်အာဏာရှင်တွေကို ဘယ်တော့မှ မယုံမိစေနဲ့..။ ဘယ်သူ တက်လာတက်လာ ဒီအကျင့်စရိုက်ဟာ ဘယ်တော့မှပြောင်းလဲလာမှာ မဟုတ်ဘူး ဆိုတာကို သတိ ပေးချင်ပါတယ်။ 

0 comments: