Thursday, August 11, 2011

စစ်တပ်မှ မဒိန်းကျင့် သတ်ဖြတ်မှုများ


ဩဂုတ်လ (၉) ရက်နေ့မှာ ကချင်ပြည်နယ် ဝိုင်းမော်မြို့မှ မိုင် ၂၀ လောက်ပဲ ဝေးတဲ့ ဆဒုံး သွားတဲ့လမ်းမှ ဘွမ်တောင် ( Bum Tawng ) လို့ခေါ်တဲ့ ကျေးရွာလေးမှ ကချင်မျိုးနွယ်စု ဖြစ်တဲ့ လီဆူးသမီးအမိ၊ မိခင်က အသက် (၃၉) နှစ် ဖြစ်ပြီး သမီးဖြစ်သူမှာ အသက် (၁၇) နှစ် တို့သမီးအမိကို တပ်ရင်း (၃၇ ) မှ စစ်သားတွေဟာ သူတို့နေတဲ့အိမ်မှာပဲ မဒိန်းကျင့်ပြီး သတ်ပစ်လိုက်ကြောင်း ရွာသူရွာသားများမှ သတင်း ပေးပို့ လာပါတယ်။ ဖခင် အသက် (၄၄) နှစ် ကိုမူ ညှင်းပန်းနှိပ်စက်ပြီး ပစ်သတ်လိုက်ကြောင်း၊ သူတို့မိသားစုဟာ ကျေးရွာ အောက်ဘက်မှာ စစ်တပ်နှင့် နီးတဲ့နေရာမှာ နေပြီး တောင်ယာတွေကို လုပ်ကိုင် စားသောက်နေတာ ဖြစ်ကြောင်း သိရှိရပါတယ်။ ဒီလိုမျိုးဖြစ်ရပ်တွေဟာ စစ်တပ်တွေရဲ့ လုပ်ဆောင် ချက်ထဲမှာ အမြဲတမ်း ပါဝင်နေကြောင်း ၊ တိုင်းရင်းသား လူမျိုးတွေကို မဒိန်းကျင့်၊ ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေကို အထက်အရာရှိ (ဦးသိန်းစိန် ) အစိုးရများမှ တရားဝင် ခွင့်ပြု နေခြင်းသာ ဖြစ်ပါတယ်။ လေးစားရပါသော K.I.A ခေါင်းဆောင်များခင်ဗျား စစ်တပ်နှင့် ငြိမ်းချမ်းရေး ညှိနိုင်းမှုဟာ လုံးဝဖြစ်နိုင်၊ ယုံနိုင်စရာမရှိကြောင်း သတိပြုစေလို ပါတယ်။ အခုလက်ရှိ သမ္မတ ဦးသိန်းစိန်ဟာ ကချင်လူမျိုးတွေကို မျိုးသုန်း သတ်ဖြတ်ရန် စိတ်အားထက်သန်နေသူ တစ်ယောက် ဖြစ်တယ်ဆိုတာကို သူသမ္မတ မဖြစ်ခင်ကတည်းက ကြိမ်းဝါးထားသည်ကို သိစေလိုပါတယ်။ K.I.A ကို ဘယ်သူ မတိုက်ရင်တောင်မှ သူအာဏာရလာတဲ့အချိန်ကျရင် စစ်မျက်နှာ ဖွင့်မယ်လို့ စိတ်ဆုံးဖြတ် ထားသူဖြစ်ပါတယ်… ချစ်သော ကချင်တိုင်းရင်းသား အပေါင်းတို့ခင်ဗျား… ကျနော်တို့ရဲ့ တိုင်းပြည်ကို ကျနော်တို့ ကိုယ်တိုင် ရအောင်ယူမှ ဖြစ်ပါမယ်။

0 comments: