Monday, August 15, 2011

K.I.A နှင့် စစ်တပ် တိုက်ပွဲဖြစ်


မနေ့ ဩဂုတ်လ ၁၄ ရက် ညနေပိုင်းမှာ ကချင်ပြည်နယ် ဖါးကန့်ဘက်၊ နမ်ယာ ( Namya ) ကျေးရွာ အနီးတွင် K.I.A တပ်ရင်း ၆ ကနေမှ ချီတက် စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်ဘက်မှ အနည်းဆုံး ၄ ဦး ကျဆုံးသွားကြောင်း ကျေးရွာနှင့် နီးစပ်သူများမှ သတင်းပေးပို့လာပါတယ်။ ထို့အတူ လိုင်ဇာ ဘက်မှာရှိတဲ့ ကျေးရွာများအနီးတဝိုက်တွင်လဲ တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ရပ်ကွက်နှင့် နီးစပ်သူများမှ သတင်းပေးပို့ လာပါတယ်။ တိုက်ပွဲဟာ ဆက်လက်ဖြစ်ပွား နေမည် ဖြစ်ကြောင်းကို K.I.A မှ တာဝန်ရှိသူများက ပြောပြလာပါတယ်။ သူဆက်ရှင်းပြရာမှာ ဘာကြောင့်လဲ ဆိုတော့ ကျနော်တို့ရဲ့ ရပိုင်ခွင့် (သို့) ကျနော်တို့ (ကချင်) ရဲ့ နိုင်ငံကို မရမချင်းတော့ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ကချင်လူထုတွေလည်း ကျနော်တို့ကို အားပေးတယ်၊ ထောက်ခံတယ် ကျနော်တို့ဟာလည်း ပြည်သူလူထုနှင့် အမြဲမကွာ ရှိနေမှာဖြစ်ပါတယ်။ ကျနော်တို့ ရပ်တည်နေတာဟာ ပြည်သူလူထု ( ကချင်) အတွက်ပဲ ဖြစ်ပါတယ်။ စစ်အာဏာရှင်တွေဟာ သူတို့ လုပ်လာကြပါလိမ့်မယ်.. ကချင်ပြည်သူတွေကို မလုပ်မနေရ နည်းနှင့် K.I.A ကို ဆန့်ကျင်ကြောင်း ၊ မလိုလားကြောင်း တွေကို စစ်တပ်က လုပ်ခိုင်းလာမှာတော့လုံးဝ သေချာနေပါတယ်။ ဒါပေမယ့် ကချင်ပြည်သူတွေဟာ ကျနော်တို့ကို အားကိုးတယ်ဆိုတာ ကျနော်တို့အသိဆုံးပါ။ ကျနော်တို့ရဲ့ ပန်းတိုင် ရောက်အောင်သွားမှာ ဖြစ်ပါတယ်။ ချစ်ခင်လေးစားသော ကချင်ပြည်သူတွေအပေါင်းတို့ ကျနော်တို့အစွမ်းကုန် လုပ်ဆောင်ကြိုးစားသွားမှာပါ။ အရေးကြီးတာက ကျနော်တို့ ( K.I.A ) နှင့် လက်တွဲဖို့ဟာ အင်မတန်အရေးကြီးပါတယ်။

0 comments: