Friday, August 19, 2011

K.I.A တပ်မဟာ (၄) မှ တိုက်ပွဲသတင်း


ဒီတစ်ပတ် အတွင်း K.I.A တပ်မ (၄) လက်အောက်ခံ တပ်ရင်း (၈)  တို့နှင့် စစ်တပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ရာမှာ စစ်တပ်ဘက်မှ အနည်း ဆုံး (၃၀) ဦး ကျဆုံးသွားခဲ့ကြောင်း နှင့် လက်နက်ငယ် လက်နက်ကြီး (၁၆) လက် သိမ်းဆည်း ရမိကြောင်းကို နီးစပ်သူ ကချင်ပြည်သူထံမှ သတင်း ပေးပို့ လာပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ K.I.O/ K.I.A နှင့် တိုင်းရင်းသား လက်နက်ကိုင်များကို အကြမ်းဖက်သမား တွေဟု ဩဂုတ်လ (၁၇) ရက် မိန့်ခွန်း တွင်ပြောဆိုခဲ့တာဟာ နိုင်ငံတော် သမ္မတ တစ်ယောက်အနေနဲ့ အင်မတန် လွန်ခြင်း ဖြစ်တယ်လို့ နိုင်ငံရေး သုံးတတ်သူများက ဆိုနေကြပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေနှင့် စစ်အစိုးရဟာ ဘယ်သူတို့က တကယ့် အကြမ်းဖက် ဖြစ်နေတယ်ဆိုတာကို ပြည်သူတွေ အားလုံး အသိပဲဖြစ်ပါတယ်။ အမျိုးသမီးတွေကို မဒိန်းကျင့် ခိုင်းပြီး သတ်ဖြတ်ခိုင်းတာတွေ၊ ကလေးသူငယ်များကို ညှင်းပန်းနှိပ်စက် ၊ ခြိမ်းခြောက် ၊ ပေါ်တာဆွဲ ခိုင်းတာတွေဟာ နိုင်ငံသား တစ်ယောက်အနေနဲ့ မပြောနဲ့ လူသား တယောက်အနေနဲ့ ကြည့်ခြင်းအားဖြင့် အင်မတန် ရက်စက် ကြမ်းကြုတ်နေတာဟာ အလွန် ရင်နာစရာ ဖြစ်ရပ်ပဲဖြစ်ပါတယ်။ ဒါကြောင့် K.I.A အနေနဲ့ ဆက်လက်ပြီး တကယ့် ထိပ်ပိုင်း ခေါင်းဆောင်တွေကိုသာ ဦးစားပေးပြီး ရှင်းလင်းသွားမှာ ဖြစ်ကြောင်း၊ K.I.A ရဲ့ အစွမ်းကို မကြာသော အချိန်ကာလမှာ တွေ့မြင်လာ နိုင်စရာ ရှိကြောင်းကို ဆက်လက် သတိပေးလိုက်ပါတယ်။ အမှန်တကယ်မှာ K.I.A ဟာ လက်အောက်ငယ်သားတွေဖြစ်တဲ့ စစ်သား တွေနှင့် တိုက်ပွဲဖြစ်ရတာ အင်မတန်မှ စိတ်မကောင်းပါဘူး ဘာကြောင့်လဲဆိုရင် ဒါဟာ စစ်သားတွေနှင့် အရမ်းဆိုင်တဲ့ အရာမဟုတ်လို့ပါပဲ.. ။ ဒါကြောင့် အခုနောက်ပိုင်းမှာ ဆိုရင် K.I.A အနေနဲ့ အရေးကြီးသော ထိပ်ပိုင်း အရာရှိတွေကိုသာ ဦးစားပေးပြီး ရပ်တည်သွားမှာဖြစ်ပါကြောင်း သတင်းကောင်း ပါးလိုက်ပါတယ်။

0 comments: