Monday, August 22, 2011

ကချင်ပြည်နယ်တွင် ဒီလိုဖြစ်ပျက်နေပါတယ်..


ကချင်ပြည်နယ်၊ ခဇူးကျေးရွာနှင့် ဒဘတ်ယန် မှာ အခြေစိုက်တဲ့ ခလရ (၅၈) နှင့် ခမရ (၃၁၈) တပ်တို့ ဟာ ခဇူးကျေးရွာက ရွာသား အိမ်ခြေ (၃၉) ရဲ့ စပါး (၁၅၉၀) တင်း၊ ဒဘတ်ယန် ကျေးရွာမှ ရွာသူရွာသားတွေရဲ့ စပါး (၈၀) တင်း နှင့် ဆမား ခရိုင် ခရစ်ယာန် ကျောင်းရဲ့ ဆန် (၁၅) တင်း နှင့် စပါး (၂၀၀) တင်း ကို သိမ်းယူလိုက်ပြီး စစ်တပ်အတွက် စားနပ်ရိက္ခာ အဖြစ်သိမ်းဆီးလိုက်ကြောင်း ၎င်းကျေးရွာမှ ရွာသားတွေက သတင်းပေးပို့လာပါတယ်။

ခဇူးကျေးရွာ ၊ ဒဘတ်ယန်ကျေးရွာ၊ ဂါးရာယန် ကျေးရွာတွေမှ ရွာသူရွာသားတွေကို ခမရ (၃၁၈) တပ်ရင်းမှူး ကနေပြီး ၂၅ ရက် ဇူလိုင်လ ၂၀၁၁ နောက်ဆုံးထားပြီး ဝိုင်းမော်၊ မြစ်ကြီးနား မြို့သို့ ပြောင်းရွှေ့ရန် အတင်းအဓမ စေခိုင်းပြီး ရွာသူရွာသားတွေ မရှိတဲ့အချိန်မှာ ရွာသူရွာသားတွေရဲ့ ကြက်၊ ဝက်၊ ဘဲ၊ နွား စသည့် အိမ်မွေးတရိစ္ဆာန်များကို သတ်စားနေကြကြောင်းကိုလည်း ၎င်းရွာသား တို့က သတင်း ပေးပို့ လာပါတယ်။

မန်ဂျေ ခရိုင် မန်စီ အတွင်း ၊ ဂျေအို ကျေးရွာမှာ အခြေစိုက်တဲ့ ခလရ (၇၄) တပ်တို့က ၂၀ ရက် ဩဂုတ်လ ၂၀၁၁ နေ့ ည ၈း၀၀ နာရီအချိန်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့တဲ့အတွက် နမ်ဂေါင်ကျေးရွာ ရှိဆရာမ မိုင်အောင် အိမ်မှာ စာခေါ်ကျက်နေတဲ့ အချိန်တွင် လက်နက်ကြီး ၊ အမြောက်ဆန် တစ်ဆန်ထိမှန်ခဲ့ရာမှာ ဆရာမ နှင့် ကျောင်းသား ( ၄ ) ယောက်ကို ထိမှန်ခဲ့ရာမှာ ဖောင်လား ထု ( အသက် ၆ နှစ် ) မှာ ပွဲချင်းပြီး သေဆုံးသွားကြောင်းနှင့် ကျန်တဲ့ သူတွေ...

၁။ ဆရာမ မိုင်အောင်
၂။ လဘန် ဘောက်ဆန် ( အသက် ၇ နှစ် ၊ ပထမတန်း) ဆရာမရဲ့သား
၃။ အင်ဒေါင် ဘောက်ရာ ( အသက် ၇ နှစ် ၊ ပထမတန်း)
၎။ အင်ဒေါင်ဒီးရာ ( အသက် ၆ နှစ်၊ သူငယ်တန်း) တို့မှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့ရာ ယခုအချိန်တွင် ၎င်းတို့ကို နမ်လင်း ( Nam Lim Pa ) မှ K.I.O  ဖွင့်လစ်ထားသော ဆေးပေးခန်းတွင် ဆေးကုသ ပေးနေကြောင်း ဒေသခံ များကသတင်း ပေးပို့လာပါတယ်။

သမ္မတ ဦးသိန်းစိန် အစိုးရဟာ ဤကဲ့သို့ အပြစ်မဲ့တဲ့ ပြည်သူတွေ၊ ကလေးသူငယ်တွေ နှင့် အမျိုးသမီးတွေကို ညှင်းပန်းနှိပ်စက် သတ်ဖြတ်နေတာဟာ အလွန်ဘဲ ရင်နာစရာကောင်းပါတယ်။ စစ်အစိုးရ ခေါင်းဆောင်တွေရဲ့ စိတ်နှလုံးထဲမှာ ဤကဲ့သို့ တိုင်းရင်းသားတွေကို မုန်းတီးနေမယ်ဆိုရင် တော့ဘယ်တော့မှ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရရှိလာမှာ မဟုတ်ပါဘူး။ သမ္မတ ဦးသိန်းစိန်ရဲ့ မူဝါဒဟာ အတိုက်အခံတွေနှင့် တိုင်းရင်းသားတွေကို ချေမှုန်းရေး အစီအစဉ်သာ ဖြစ်နေပါတယ်။ စစ်သား၊ စစ်တပ် အချင်းချင်းဖြစ်တဲ့ တိုက်ပွဲ၊ စစ်ပွဲတွေမှာ ဤကဲ့သို့ ပြည်သူတွေကို ထိပါးမှုဟာ နောင်ထာဝရ ငရဲ ကျမှာတော့လုံးဝ သေချာနေပါပြီဗျာ…။ K.I.O/K.I.A ဟာ အကြမ်းဖက်လို့ နာမည်ပေးထား ခံရပေမယ့် တခါမှာ ဒီလိုမျိုးအပြစ်မဲ့တဲ့ သူတွေကို မသတ်ခဲ့၊ မရက်စက်ခဲ့ပါဘူး။ ချစ်ခင်မြတ်နိုးရပါသော ကချင်ပြည်သူနှင့် တိုင်းရင်းသားအပေါင်းတို့ ခင်ဗျာ .. အခုချိန်မှာ လုံးဝ စည်းလုံးဖို့လိုပါတယ် လို့ ပြောချင် ပါတယ်ဗျား..။

0 comments: