Tuesday, August 16, 2011

K.I.A နှင့် စစ်တပ်တို့၏ တိုက်ပွဲအခြေအနေများ


မနေ့ ဩဂုတ်လ (၁၅) ရက် မှာ K.I.A တပ်နယ်မြေဖြစ်တဲ့ ဆန်ဂန် ( San Gang ) ကျေးရွာဘက်တွင် စစ်တပ်မှ စစ်သားအပြည့်နှင့် စားနပ်ရိက္ခာ တင်ဆောင်လာသော ကား (၆) စီးကို K.I.A တပ်ရင် (၁၅) က ဗုံးခွဲ တိုက်ခိုက်ခဲ့ကြောင်း ကျေးရွာနှင့်နီးစပ်သူတွေက သတင်းပေးပို့ လာပါတယ်။ အသေးစိတ်ကိုတော့ ဆက်လက် စုံစမ်းနေပါသည်။

ဩဂုတ်လ ၁၅ ရက် မနက်ပိုင်း ( ၉း ၃၀) နာရီ လောက်တွင် ကချင်ပြည်နယ် လိုင်ဇာသွားရာလမ်း မှာရှိတဲ့ ခဇူး ( Katsu ) ကျေးရွာတွင် K.I.A တပ်နှင့် စစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း သတင်း ပေးပို့လာပါတယ်။ တိုက်ပွဲတွေကြောင်း ကုန်တင်ကားတွေကို လိုင်ဇာသို့ ပြန်သွား ခိုင်းခဲ့ကြောင်း ကိုလည်း သိရှိရပါတယ်။



တဆက်ထဲမှာ ဘဲ ဩဂုတ်လ ၁၄ ရက်မှာလည်း ခဇူး၊ ဒဘတ် ( Katsu, Dabak )  ကျေးရွာမှာ K.I.A နှင့် စစ်တပ်တို့ အကြားတိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်တပ်ဘက်မှ (၄) ဦး ကျဆုံးသွားကြောင်း နီးစပ်သူထံမှ သတင်း ပေးပို့လာပါတယ်။

ဩဂုတ်လ ၁၄ ရက် မှာဘဲ လိုင်ဇာ လမ်းမှာရှိတဲ့ နမ်ဆန်ယန် ( Nam San Yang ) ကျေးရွာတွင် K.I.A  တပ်ရင်း (၁၈) နှင့် စစ်တပ်ဘက်မှာတော့ ဗျူဟာမှူး ခင်မောင်ချိုရှိတဲ့ ခလရ (၃၇) ၊ စစ်ကြောင်း (၂) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်တပ်ဘက်မှ (၁) ဦး ကျဆုံးသွားကြောင်း K.I.A နှင့် နီးစပ်သူများမှ တဆင့် သတင်းပေးပို့ လာပါတယ်။

စစ်ပွဲဟာ အဆက်မပျက် ဖြစ်ပွားလေ့ ရှိနေပါတယ်။ အာဏာရှင်စစ်အစိုးရရဲ့ လွှတ်တော် အစည်းအဝေး လည်း ရောက်တော့မှာ ဖြစ်ပါတယ်။ ကချင်လူမျိုးနှင့် တခြား တိုင်းရင်းသားများလည်း ရှေ့ဆက်ပြီး တိုက်ပွဲကို ဆက်လက် ဆင်နွဲကြဖို့ဟာ အရေးအကြီးဆုံးသော အချက်ဖြစ်ပါတယ်။ စစ်အစိုးရကို ယုံကြည်ခဲ့မိလို့ ကျနော်တို့ရဲ့ ဘဝတွေဟာ ရှင်လျက်နဲ့ အသက်မရှိတော့တဲ့ အရာလို သူတို့ရဲ့ စေခိုင်းရာကို လုပ်ဆောင် နေရတာ အချိန်လည်း မနည်းတော့ပါဘူး..။ ဒါဟာသူတို့ပါးစပ်က ပြောနေတဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ဆိုတာဘဲ ဖြစ်ပါတယ်။ K.I.A ကနေလည်း ဆက်လက် တိုက်ပွဲဝင်သွားဖို့ဟာ အဆင်သင့် ရှိနေ ပါတယ်။

0 comments: