Wednesday, January 18, 2012

K.I.A နှင့် သိန်းစိန်အစိုးရ နိုင်ငံရေး ဆွေးနွေး၊ ကချင်နယ်မြေမှာ တိုက်ပွဲပြင်းထန်

Wednesday, January 18, 2012

W.P Moses


ကချင် လွတ်လပ် ရေးတပ်မတော် K.I.A တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၆) နယ်မြေဖြစ်တဲ့ ဖားကန့် ဥရုဆိုင်းမှော်ဒေသ မဇွပ်ယန် (Mazup Yang)၊ နမ်ယာ စသည့် နယ်မြေတဝိုက်တွင် ဇန်န၀ါရီလ (၁၄) ရက် ကနေ မြန်မာစစ်တပ် စကခ (၃) လက်အောက်ခံ တပ်ဖွဲ့များနှင့် K.I.A တပ်ရင်း (၆) တပ်ဖွဲ့ဝင်များ သုံးရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ရာ မြန်မာ စစ်တပ်ဘက်မှ အနည်းဆုံး (၂၀) ဦး သေဆုံးကာ (၈) ဦးခန့် ဒဏ်ရာရရှိသွားကြောင်း၊ K.I.A ဘက်မှလည်း အနည်းဆုံး (၄) ဦး ကျဆုံးသွားကြောင်း သိရှိရပါတယ်။

K.I.A ရှေ့တန်းနယ်မြေ...သို့ချီတက်..

ကချင်ပြည်နယ် ဖါးကန့်ဘက်တွင် ဇန္နဝါရီလက စတင်ပြီး စစ်တပ်ဘက်မှ စစ်အင်အား တိုးချဲ့လာမှုကြောင့် ယင်းဒေသများတွင် နေ့တိုင်းလိုလို K.I.A နှင့် စစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွား နေပါတယ်။ နှစ်ဖက် တိုက်ပွဲတွေကြောင့် အပြစ်မဲ့ ဒေသခံ ပြည်သူများဟာလည်း အသက်ဆုံးရှုံးနေရ ပါတယ်။

K.I.A နှင့် စစ်အစိုးရ ဒီနေ့ တရုတ်နိုင်ငံ ဘက်ခြမ်းတွင် နိုင်ငံရေး ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သိရပါတယ်။

0 comments: