Wednesday, January 18, 2012

တောင်ကိုရီးယား သင်္ဘောတစ်စင်းပေါ် ပေါက်ကွဲမှု ဖြစ်ပွား၊ မြန်မာသင်္ဘောသား (၂) ဦး သေဆုံး

Wednesday, January 18, 2012
W.P Moses

တာင်ကိုရီးယားနိုင်ငံ အနောက်ဘက် ပင်လယ်ကမ်းခြေတွင် ပြီးခဲ့သည့် တနင်္ဂနွေနေ့ မနက်ပိုင်း၌ တောင်ကိုရီးယား ကုန်တင်သင်္ဘောတစ်စင်းပေါ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လူ ၅ ဦးသေဆုံးခဲ့ပြီး လူ ၆ ဦးထက်မက ပျောက်ဆုံးနေကြောင်း တရားဝင်ပြောကြားချက်အရ သိရသည်။

ပေါက်ကွဲသွားတဲ့ တောင်ကိုးရီးယား သင်္ဘော...


ပေါက်ကွဲမှုအပြီးတွင် သေသူများထဲ၌ မြန်မာသင်္ဘောသား ၂ ဦး အပါအဝင် လူ ၅ ဦး၏ အလောင်းကို ရှာတွေ့ခဲ့သည်ဟု ရေကြောင်းအရာရှိ Kim Dong-jin က ပြောသည်။

၎င်းသင်္ဘောပေါ်တွင် လောင်စာ တန်ချိန် ၄,၁၉၈ ကျော်သယ်ဆောင်လာကာ သင်္ဘော၏ မည်သည့်အစိတ်အပိုင်းမှ စတင်ပေါက်ကွဲသည်ကိုပင် မရှင်းပြနိုင်သေးကြောင်း ၎င်းက ဆက်ပြောသည်။

သင်္ဘောသား ၅ ဦး ကယ်ဆယ်ခဲ့ပြီး ကျန်ပျောက်ဆုံးနေသော ၆ ဦးကို ဆက်လက်ရှာဖွယ်နေဆဲဖြစ်ကြောင်း ရေကြောင်းအာဏာပိုင်မှ ထုတ်ပြန်ထားသည်။

အခင်းဖြစ်ပွားရာနေရာသည် မြောက်ကိုရီးယားနှင့် အဝေးတစ်နေရာဖြစ်ပြီး မြောက်ကိုရီးယား၏ လက်ချက် မဖြစ်နိုင်ကြောင်း ရေကြောင်းအရာရှိ Ko Jae-young ကပြောသည်။

သင်္ဘော ပေါက်ကွဲခဲ့ရခြင်း အကြောင်းရင်းကို တာဝန်ရှိသူများက ဆက်လက် စုံစမ်းနေဆဲ ဖြစ်ကြောင်းလည်း သိရသည်။

နှစ်မြှုပ်သွားနေတဲ့ တောင်ကိုးရီးယား သင်္ဘော
အား မြင်တွေ့ရစဉ်..

သင်္ဘောပေါ်တွင် လောင်စာဆီ နှင့် ဓာတုပစ္စည်း ကုန်ကြမ်းများဖြစ်သော Bunker-C ဆီ တန်ချိန် ၈၀ နှင့် ဒီဇယ်ဆီ  တန်ချိန် ၄၀ သယ်ဆောင်သည်ဟု ရေကြောင်းအာဏာပိုင်မှ ထုတ်ပြန်ထားသည်။

၎င်းသင်္ဘောပေါ်တွင် တောင်ကိုရီးယား နိုင်ငံသား ၁၁ ဦးနှင့် မြန်မာ ၅ ဦးတို့ လိုက်ပါလာကာ ၎င်းတို့ထဲတွင် ကိုသက်နိုင်ဝင်းနှင့် ကိုမျိုးမင်းကျော် တို့ သေဆုံးခဲ့ရပြီး တောင်ကိုရီးယား ၅ ဦးနှင့် မြန်မာ ၃ ဦးဖြစ်သည့် ကိုဆန်းထွန်းလင်း၊ ကိုအောင်ကျော်ဆန်းနှင့်ကိုကျော်မျိုးဦးတို့မှာမှု ပျောက်ဆုံးနေဆဲ ဖြစ်သည်ဟု VOA သတင်းတွင် ဖော်ပြထားသည်။

0 comments: