Sunday, January 15, 2012

ဒုဗိုလ်ချုပ်ကြီး မြတ်ဟိန်း ပါကစ္စတန်နိုင်ငံ လေတပ်ဌာနချုပ်သို့ လည်ပတ်

Sunday, January 15, 2012
 W.P Moses
ကာကွယ်ရေးဦးစီးချုပ် (လေ) ဒုဗိုလ်ချုပ်ကြီး မြတ်ဟိန်း

ပါကစ္စတန်နိုင်ငံ လေတပ် ဌာနချုပ်တွင် သွားရောက်လည်ပတ်ခဲ့သည်ဟု Daily Times တွင်ဖေါ်ပြ ထားသည်။

ပါကစ္စတန် လေတပ် အရာရှိ Rao Qamar Suleman က ဒုဗိုလ်ချုပ်ကြီး မြတ်ဟိန်းတို့ကို ဧည့်ခံ တွေ့ဆုံပြီးနောက် Rao Qamar Suleman က လေတပ်အရာရှိများအား မိတ်ဆက်ပေးခဲ့သည်။

ဒုဗိုလ်ချုပ်ကြီး မြတ်ဟိန်းသည် Islamabad လေတပ် ဌါနချုပ်ရှိ အာဇာနည် ဗိမာန်အား သွားရောက် ဂါရဝ ပြုခဲ့သည်။ လေတပ် အကြီးအကဲ Marshal Rao Qamar Suleman က ၎င်း၏ ရုံးခန်းတွင်လည်း ခေါ်ယူ တွေ့ဆုံခဲ့ပြီး တက်ကျွမ်းမှုဆိုင်ရာ စိတ်ဝင်စားဖွယ် ကိစ္စများအား အချိန်အတော်ကြာ ဆွေးနွေးခဲ့သည်။

ယခုရက်ပိုင်းတွင် မြန်မာ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်လဲ အိမ်နီးချင်းနိုင်ငံ ဖြစ်တဲ့ ထိုင်းနိုင်ငံသို့ လေ့လာရေး ခရီး နှင်ခဲ့ပါတယ်။ မြန်မာ့တပ်မတော် အတွင်းမှ အထက်အရာရှိများဟာ လွန်ခဲ့တဲ့ နှစ်ကုန်ပိုင်းတွေမှာလည်း အိမ်နီးချင်းနိုင်ငံများဖြစ်တဲ့ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ တရုတ် သမ္မတနိုင်ငံ စတဲ့ နိုင်ငံများတွင်လည်း လေ့လာရေး ခရီများ သွားရောက်လည်ပတ် ခဲ့ပြီးဖြစ်ပါတယ်။

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် ယနေ့ချိန်ထိ တိုက်ပွဲများဟာ ပြင်းထန်လျက်ရှိသလို စစ်အစိုးရ စစ်တပ်များလဲ စစ်အင်အား၊ လက်နက်အင်အားများကို တိုးချဲ့နေစဲ ဖြစ်ပါတယ်။ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ပြေးဒုက္ခသည်များလည်း ယနေ့ချိန်တွင် ၆၀၀၀၀ ခြောက်သောင်းကျော် ရှိပြီဖြစ်ရာ လုံလောက်တဲ့ အကူအညီများက မရရှိသေးကြောင်း သိရှိ ရပါတယ်။


0 comments: