Friday, December 30, 2011

၇ လအတွင်း​ ​ကေအိုင်အိုစခန်း​ ၆ ခု ​နောက်ဆုတ်​ပေး​ခဲ့​ရ

Friday, December 30, 2011

အခုနှစ် ဇွန်လကစပြီး​ ​ကေအိုင်​အေနဲ့ မြန်မာအစိုး​ရ ဖြစ်ပွား​ခဲ့​တဲ့​ တိုက်ပွဲ​တွေ အတွင်း​မှာ ကချင်လွတ်​မြောက်​ရေး​အဖွဲ့ (​ကေအိုင်အို)ရဲ့​ တပ်စခန်း​ ၆ ခုကို အစိုး​ရတပ်​တွေက သိမ်း​ယူခဲ့​တယ်လို့ ကေအိုင်အိုက ​ပြောပါတယ်။

ကေအိုင်အို​ပြောခွင့်​ရ ဦး​လနန်း​က “သိမ်း​ပိုက်လိုက်တဲ့​စခန်း​တွေက​တော့​ တပ်မဟာ ၄ ဘက်မှာ စခန်း​က ၃ ခု​လောက်ပါမယ်။ တပ်မဟာ ၃ ဘက်မှာ ၃ ခု​လောက်ပါမယ်။ အား​လုံး​ ၆ ခု​လောက်ရှိမယ်။ သူတို့ကလည်း​ အဲဒီစခန်း​တခုကို ဝင်နိုင်ဖို့​အတွက် အနည်း​ဆုံး​ ၁၀၀ ပတ်ဝန်း​ကျင်​တော့​ အသက်စွန့်ရတယ်ဗျ။”

အခုလ ၂၄ ရက်​နေ့​ကစပြီး​ ရှမ်း​ပြည်နယ် မိုင်း​တုံမြို့​မှာရှိတဲ့​ ​ကေအိုင်အို တပ်မဟာ ၄ လက်​အောက်ခံတပ်ရင်း​ (၈) စခန်း​ကို အစိုး​ရက အင်အား​ ၃၀၀ ​လောက်နဲ့ ထိုး​စစ်ဆင်တိုက်ခိုက်ခဲ့​တဲ့​အတွက် ၂၈ ရက်​နေ့​မှာ ဖယ်​ပေး​လိုက်ရတယ်လို့​ ဆိုပါတယ်။

အစိုး​ရတပ်​တွေက တပ်ရင်း​ ၈ ကို ထိုး​စစ်ဆင် တိုက်ခိုက်ရတဲ့​ အ​ကြောင်း​အရင်း​နဲ့ ပတ်သက်လို့ ဦး​လနန်း​က အခုလို ​ပြောပါတယ်။

“သူတို့​ ထိုး​စစ်ဆင်တဲ့​ ကိစ္စတခုက​တော့​ သဘာဝပိုက်လိုင်း​ကလည်း​ အဲဒီလမ်း​ကြောင်း​မှာ ဖြတ်သွား​ဖို့​ရှိတယ်ခင်ဗျ။ ​ရေနံပိုက်လိုင်း​ပေါ့​နော်။ အဲဒီကိစ္စကလည်း​ ပါမယ်ထင်တယ်။ စစ်ဆင်​ရေး​ လုပ်ထား​တာ။ သူတို့ ​ပြော​နေတာ စစ်မှန်တဲ့​ ပြည်​ထောင်စုလို့လည်း​ ​ပြော​နေတယ်။ အစိုး​ရအ​နေနဲ့​ နိုင်ငံ​ရေး​ ရည်ရွယ်ချက်မှာ စစ်မှန်တဲ့​ ပြည်​ထောင်စုဆိုတာလည်း​ ရှိပုံမရဘူး​။ အဲဒီအချက်​တွေ​ကြောင့်​ပဲ သူတို့ ​ကေအိုင်​အေကို ပျက်သုဉ်း​သွား​အောင် ထိုး​စစ်ဆင်တဲ့​သ​ဘောလို့ မှတ်ယူလို့ ရတယ်။”

ကေအိုင်အိုနဲ့​ အစိုး​ရတပ်အကြား​ ဒီဇင်ဘာလဆန်း​ပိုင်း​မှာ ကချင်ပြည်နယ် ဗန်း​မော်၊​ ဝိုင်း​မော်၊​ မိုး​မောက်နဲ့​ ရှမ်း​ပြည်နယ် မိုင်း​တုံမြို့​နယ်​ဒေသ ​တွေမှာ ​နေ့​စဉ်ဆိုသလို တိုက်ပွဲဖြစ်ပွား​နေပြီး​ မ​နေ့​တုန်း​ကလည်း​ တိုက်ပွဲ ၇ ခု ဖြစ်ပွား​တယ်လို့ ​ကေအိုင်အိုက ​ပြောပါတယ်။

အစိုး​ရရဲ့​ ပြည်​ထောင်စုအဆင့်​ ငြိမ်း​ချမ်း​ရေး​အဖွဲ့က တိုင်း​ရင်း​သား​ လက်နက်ကိုင် အဖွဲ့တွေနဲ့​ ငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေးမှု​တွေ ဆက်တိုက် ပြုလုပ်​နေချိန်မှာ ​ကေအိုင်အိုနဲ့​ တိုက်ပွဲ​တွေ ဖြစ်ပွား​နေတာပါ။

ကချင်ပြည်နယ်မှာ တိုက်ပွဲ​တွေကို ရပ်ထား​ဖို့ သမ္မတ ဦး​သိန်း​စိန်က ဒီဇင်ဘာ ၁ဝ ရက်​နေ့ကတည်း​က ကာကွယ်​ရေး​ ဦး​စီး​ချုပ်ရုံး​ကို ညွှန်ကြား​ထား​တဲ့​ကြား​က တိုက်ပွဲ​တွေ ဆက်ဖြစ်​နေတာပါ။

အစိုး​ရ ငြိမ်း​ချမ်း​ရေး​အဖွဲ့​တွေနဲ့ ​ကေအိုင်အိုတို့အကြား​ ပြီး​ခဲ့​တဲ့​ နိုဝင်ဘာလကုန်ပိုင်း​က တရုတ်နိုင်ငံမှာ ​နောက်ဆုံး​ ​တွေ့ဆုံခဲ့​ပေမယ့်​ အပစ်ရပ်​ရေး​ အတွက် အ​ဖြေတစုံတရာ မရရှိခဲ့​ပါ။

http://burmese.dvb.no/archives/19388

1 comments:

  • Anonymous says:
    April 5, 2012 at 12:31 AM

    KIA ပျက်သုန်းသွား ကောင်းတာပေါ့.. ကချင်ပြည်နယ်မှာလဲ စစ်တပ်ကိုကြောက်ရတာထက် KIA ကိုပဲ ပိုကြောက်နေရတာလေ.. ဘယ်ဆိုလဲမသွားရဲ ဘယ်ဆိုလဲမသွားရနဲ့.. ထစ်ကနဲရှိ တံတားမိုင်းခွဲဖို့ ရထားလမ်းမိုင်းခွဲဖို့လောက်ချောင်းနေတာ ကိုယ့်ရဲ့ ကချင်ပြည်နယ်က လူထုတွေဘယ်လိုဖြစ်နေလဲဆိုတာမသိဘူး.. KIA လုပ်လို့ပဲ ကချင်လူထု နစ်မွန်းမှာ.. ဘယ်သူ့ကြောင့်မှမဟုတ်ဘူး...