Thursday, December 29, 2011

သိန်းစိန်တပ် ခမရ (၃၈၂) နှင့် ကေအိုင်အေ တပ် စစ်ပွဲဖြစ်

Thursday, December 29, 2011
စစ်အစိုးရ စစ်သား

ဒီဇင်ဘာလ ၂၈ ရက်နေ့ နေ့လည် ၂း၁၅ နာရီ ဝန်းကျင်တွင် မလိခမြစ် အရှေ့ဘက်ခြမ်းကနေ အနောက်ဘက်သို့ စစ်အင်အားတိုးချဲ့ ဖို့ရန် ဖြတ်ကူးလာတဲ့ သိန်းစိန် စစ်တပ် ခမရ (၃၈၂) နှင့် စစ်အင်အား ၂၀၀ ဝန်းကျင်တို့အား ကေအိုင်အေ တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်းတို့မှ ဖရော ကျေးရွာ သင်္ဂျိုင်းကုန်း အနီးတဝိုက်တွင် ခြုံခို တိုက်ခိုက်ခဲ့ကြောင်း သိရှိရပါတယ်။ ယင်း တိုက်ပွဲတွင် စစ်တပ်ဘက်မှ (၈) ဦး ကျဆုံးသွားပြီး (၁၀) အထက် ထိခိုက်ခဲ့ကြောင်း သိရှိရပါတယ်။

သိန်းစိန် စစ်တပ်မှ မဒိန်းကျင့်ပြီး သတ်ပစ်ခဲ့

သမ္မတ သိန်းစိန်ဟာ ကချင်နယ်မြေနှင့် ရှမ်းပြည်နယ် မြောက်ပိုင်း ကေအိုင်အေ ထိန်းချုပ် နယ်မြေများတွင် ထိုးစစ်ဆင်မှုများကို ရပ်တန့်ရန် မင်းအောင်လှိုင်အား ဒီဇင်ဘာ (၁၀) ရက် နေ့စွဲဖြင့် ညွန်ကြား ခဲ့သော်လည်း နေရာတိုင်းမှာ စစ်အင်အား တိုးချဲ့ခြင်း၊ အပြစ်မဲ့ပြည်သူများကို ဖမ်းဆီး၊ ညှင်းပန်း နှိပ်စက်ခြင်း၊ မိန်းကလေးများကို မဒိန်းကျင့် သတ်ဖြတ်ခြင်း ၊ ရွာမီး ရှို့ဖျက်ဆီးခြင်း .. စသည် စသည် များပြားလှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများဟာ လျော့နည်းသွားခြင်း မရှိဘဲ ပိုမို တိုးများလာကြောင်း သိမြင်နေရပါတယ်။

W.P Moses (ပေးပို့လာတဲ့ ကို Lahtaw Lat အား ကျေးဇူးတင်ပါတယ်)


3 comments:

  • Anonymous says:
    January 19, 2012 at 10:08 AM

    စစ်တပ်ကသေလှချည်လား လူရောကျန်သေးလား

  • Anonymous says:
    April 4, 2012 at 10:53 AM

    သိတော့ပါဘူးကွာ.. ငါတော့ မထင်..

  • Anonymous says:
    April 5, 2012 at 12:33 AM

    KIA တပ်က စစ်သားတွေရဲ့ အရေခွံက ကျည်ကာထက် ထူတယ်လေ.. အဲ့တော့ ဒဏ်ရာလဲမရဘူး သေလဲမသေဘူး.. သေရင်လဲ ရုပ်ရှင်ထဲကလိုပဲ ပြန်ထတယ်..အဲ့လို အဲ့လို