Wednesday, December 28, 2011

စစ်ပြေးဒုက္ခသည်များအတွက် စစ်တမ်းကောက်ယူ

Wednesday, December 28, 2011


ဇော်ရှန်  (wp)

ကချင်နယ်မြေအတွင်း ဖြစ်ပွားနေသော စစ်ပြေးဒုက္ခသည်များ အတွက် လိုအပ်သည့် ထောက်ပံ့ရေး အကူအညီများကို  ပေးနိုင်ဖို့  ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (ယူနီဆက်) မှ စစ်တမ်း ကောက်ယူသွားမယ်လို့ သိရပါတယ်။

ကချင်စစ်ပြေးဒုက္ခသည်

(ယူနီဆက်) အနေဖြင့်   မြစ်ကြီးနား အနီးတစ်ဝိုက်ရှိ စစ်ပြေးဒုက္ခသည်များ ရှိတဲ့  နေရာ ၃၉ နေရာ၊ လူဦးရေ ခြောက်ထောင်နီးပါးကို ကနဦး အကူအညီများ လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။


အပစ်အခတ် ရပ်စဲဖို့ ထုတ်ပြန်ပြီးနောက်မှာတော့ ကုလသမဂ္ဂ အဖွဲ့အစည်းသုံးခုကို ထောက်ပံ့ရေးတွေ အတွက် ၀င်ရောက်ခွင့် ပေးခဲ့ပါတယ်။

ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ ကုလသမဂ္ဂ အဖွဲ့အစည်းသုံးခုဖြစ်တဲ့ UNICEF, UNHCR, OCHA  မှ စစ်ပြေးဒုက္ခသည်  မိသားစုအတွင်း လိုအပ်တဲ့  ရေသန့်ဆေးပြားများ၊ လတ်တလော မိသားစုအတွင်း  အသုံးအဆောင်ပစ္စည်းများ (ခြင်ထောင်၊ ဆပ်ပြာ၊ တာပေါ်လင်၊ ရေသန့်ဆေးရည်) ၊ အိမ်သုံး ဆေးဝါးများနှင့် ကျန်းမာရေးသုံး ပစ္စည်းများ၊ အာဟာရဖြည့်တင်းပေး သည့် အစားအစာများ၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ၊ အပြည်ပြည်ဆိုင်ရာ အရေးပေါ် ကျန်းမာရေး အသုံးအဆောင် ပစ္စည်းများ၊ Family Kits  စသည့် ပစ္စည်းများ ထောက်ပံ့ပေးနေတယ်လို့ သိရပါတယ် ။

 ကချင်နယ်မြေအတွင်း စစ်ပြေးဒုက္ခသည်  နေရပ်ပြောင်းရွှေ့နေရသူ ဦးရေ လေးသောင်းဝန်းကျင်ခန့် ရှိတယ်လို့ သိရပါတယ် ။

W.P Majoi

0 comments: