Saturday, August 06, 2011

K.I.A နှင့် စစ်တပ် တိုက်ပွဲဖြစ်ပွား


ကချင်ပြည်နယ် အနောက်ဘက်ခြမ်းကားမိုင်းအနီးမှာ ၊ ဩဂုတ်လ ၄ ရက်၊ ကြာသာပတေးနေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင်မှာစစ်အင်အား ၄၀ ကျော်ရှိတဲ့ စစ်တပ်နှင့် K.I.A  တပ်မ ၂ လက်အောက်ခံတပ်ရင်း ၆ မှ K.I.A စစ်သားတွေမှ စောင့်ပစ်ခဲ့ရာစစ်တပ်ဘက်မှ ၂ ယောက်ကျဆုံးပြီး ၃ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း K.I.A သတင်းဌာနမှ အတည်ပြုပြောကြားခဲ့သည်။



ဘယ်တပ်နဲ့ ဖြစ်ပွားခဲ့ကြောင်း မသိရပေမယ့် ကျဆုံးသွားသူမှာဗိုလ်ကြီး မျိုးမင်းပါဝင်ပြီး၊ ဒဏ်ရာရရှိရာတွင် ဗိုလ်ဇော်ထွန်းဦး ပါဝင်ကြောင်း သတင်းရရှိပါတယ်။ ဒဏ်ရာရရှိသူများကို မိုးကောင်းဆေးရုံသို့ သယ်ဆောင်သွားကြောင်း မျက်မြင်သက်သေတွေထံမှ သတင်းရရှိပါတယ်။

K.I.A ဘက်ကလည်း တပ်ကြပ်ကြီး လယန်ဘရန်နူး ကျဆုံးသွားကြောင်း K.I.A တပ်ရင်း ၆ မှ ဗိုလ်ကြီးများမှ အတည်ပြု ပြောကြားလာပါတယ်။

နှစ်ဖက်တိုက်ပွဲဖြစ်ပွားရာနေရာမှာကားမိုင်းကနေမိုးကောင်းသို့ သွားရာလမ်းလဘန် ( Labang ) ကျေးရွာနှင့် စောင်းခရား ( SawngHkra ) ကျေးရွာ ကြားမှာ ဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်။

ကားမိုင်း၊ ဂထန်ယန် ( Kahtan Yang ) ကနေ မိုးကောင်းဘက်သို့ ဆင်းသွားရာ လမ်းမှာစောင့်ပစ်ခြင်း ခံခဲ့ရာ စစ်တပ်ဘက်မှာ ရွာစောင့်တပ် ၄ မှ စစ်သားများပါဝင် ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိပါသည်။ အဲ့ဒီ တပ်တွေက ကချင်ပြည်နယ် ဝိုင်းမော် အခြေစိုက် ခလရ ၅၈ ၊ မိုးညင်းအခြေစိုက် ခလရ ၁၅၊ ဆားမော်အခြေစိုက် ခလရ ၁၀၅ နှင့် မောင်ယန် အခြေစိုက် ခလရ ၂၈၁ တွေဖြစ်ကြကြောင်း သတင်းရရှိပါသည်။

ဒီတပ်တွေဟာ ဂထန်ယန် ( Kahtan Yang )ကျေးရွာမှ အသက် ၃၀ ရှိ ရွာသား ဖောက်ဂျောင်ဆိုင်းဒူ ( Hpawk Jawng Seng Du ) ကို ဇူလိုင်လ ၃၁ ရက် မှာ ဖမ်းဆီးခေါ်ဆောင်သွားပြီး ညှင်းပမ်းနှိပ်ဆက်ကာ အရှင်လတ်လတ် မြေမြှုပ် သဂြိုလ် ခဲ့ပြီးဖြစ်ပါတယ်။

ဩဂုတ်လ ၂ နှင့် ၃ ရက် မှာ စစ်တပ်နှင့် K.I.A  တို့ အခြင်းခြင်း အပစ်ရပ်ဆဲရေး အဖြစ်သဘော ဆွေးနွေးအပြီး ၁ ရက် ကျော်တွင် ဒီတိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်...။

0 comments: