Saturday, August 06, 2011

K.I.A စစ်ဌာနချုပ် လိုင်ဇာ ဟာ K.I.A ရဲ့အဓိကအချက်အချာဖြစ်နေပြီလား...?

 K.I.A စစ်ဌာနချုပ် လိုင်ဇာမြို့

ကချင်ပြည်နယ် K.I.A စစ်ဌာနချုပ်ဖြစ်တဲ့ လိုင်ဇာမြို့ဟာ K.I.A ရဲ့ အဓိက အချက်အချာ ဖြစ်နေပြီလား ဆိုတာကို လူတိုင်းဟာ စိတ်ဝင်စားနေ ကြပါတယ်...။ “ ဒါဟာ ကျနော်တို့ K.I.A ရဲ့ အဓိက အချက်အချာလို့လဲ ပြောလို့ရသလို ဒီနေရာဟာ မရှိမဖြစ်နေရာ တစ်ခုလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့အတွက် ဒီနေရာဟာ အရေးကြီးသလို ဒီထက်အရေးကြီးတဲ့ နေရာတွေ အများကြီး ရှိပါတယ်။ အဲ့ဒီ နေရာတွေကိုတော့ များသောအားဖြင့် ဘယ်သူမှ မသိကြပါဘူး..။ နှစ်ပေါင်းလည်း မနည်းတော့တဲ့ နေရာ ဖြစ်ပါတယ်...။ ဘာပဲပြောပြော ကျနော်တို့ဟာ ကိုယ့်နိုင်ငံကို ကိုယ်ရအောင်တော့ ယူရမှာဘဲ...။ လူဆိုတာ မွေးဖွားလာ ကတည်းက လူ့အခွင့်အရေးဆိုတာ ရှိပြီးသားဖြစ်ပါတယ်..။ ဆင်းရဲ ချမ်းသာမရွေး ပိုင်ဆိုင်ခွင့် ရှိရပါမယ်..။ ဒါပေမယ့် အခုချိန်ထိတော့ ကျနော်တို့ ကချင်လူမျိုးတွေ သာမက မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ လူတိုင်းဟာ ဒီအခွင့်အရေးကို မရရှိကြပါဘူး..။ Not philanthropy but rights. လူလူချင်း စာနာ သနားခြင်း မဟုတ်ပါဘူး၊ လူ့အခွင့်အရေးကို ပြောတာပါ။ လူလူချင်း စာနာသနားဖို့ ကျနော် ပြောနေတာ မဟုတ်ပါ... ကိုယ့်ရပိုင်ခွင့်ကို ကိုယ်အပြည့်အဝ ရချင်လို့ပြောနေတာသာ ဖြစ်ပါတယ်။ ဘာပဲပြောပြော ကျနော်တို့ K.I.O/ K.I.A ဟာ ကချင်ပြည်သူတွေ လိုချင်နေတဲ့ ကချင်တိုင်းပြည်ဆီသို့ မရရတဲ့နည်းနဲ့ ခေါ်ဆောင် သွားမှာပါ..။ ဒါဟာကျနော်တို့ရဲ့ အကြီးမားဆုံးသော ရည်မှန်းချက် တစ်ခုဖြစ်ပါတယ်..။ I hate no one but I hate only injustice.” 

W.P Moses

0 comments: