Monday, August 01, 2011

နောက်ဆုံး ကချင်ပြည်နယ် ပြည်တွင်းစစ် သတင်း


ကေအိုင်အေ နှင့် စစ်တပ်တို့ အကြား ဇွန်လ ၉ ရက် နေ့ ကစပြီး စစ်ပွဲဖြစ်ပွားခဲ့ရာ ယနေ့အချိန်အထိ နေ့တိုင်း စစ်ပွဲဖြစ်ပွားလျက် ရှိပါတယ်။ စစ်ပွဲများကြောင့် ကချင်စစ်ပြေးဒုက္ခသည်များ ပိုမူများလာကြောင်း ကိုလည်း သိရှိရပါသည်။ ဒါပေမယ့် ကချင် လူထုရဲ့ အဓိက လိုလားတောင့်သနေသော အရာမှာ စစ်ငြိမ်းဖို့မဟုတ်ပဲ ကိုယ့်နိုင်ငံကိုကိုယ် ရရှိပြီးငြိမ်းချမ်းစွာ နေထိုင်လိုခြင်းသာဖြစ်တယ်လို့ သိရှိရပါတယ်။ “ကျနော်တို့မှာ ခံနိုင်ရည် အများကြီးရှိပါတယ်၊ ဘာကြောင့်လည်းဆိုတော့ ကျနော်တို့ ကိုးကွယ်ယုံကြည်တဲ့ ဘုရားဟာ အသက်ရှင်တော်မူသော ဘုရားဖြစ်သောကြောင့်ဖြစ်တယ်” လို့ စစ်ပြေးဒုက္ခသည် တစ်ဦးက ပြောပါတယ်။

“ကျမ ကနေပြောမယ်ဆိုရင်တော့ K.I.O/A ဟာ ကျမတို့ ကချင်ပြည်သူပြည်သားတွေကို အရမ်းချစ်ပြီး အင်မတန် တန်ဖိုးထားပါတယ်၊ ကျမတို့အခုစစ်ဖြစ်နေပေမယ့် K.I.O/A အစိုးရကနေ စစ်အောင်မြင်ပြီး ငြိမ်းချမ်းသော ကမ္ဘာဆီသို့ ခေါ်ဆောင်သွားမယ်ဆိုတာကို ကျမတို့ အကြွေးမဲ့ယုံကြည်ပြီးသားဖြစ် ပါတယ်” လို့ ကချင်စစ်ပြေး ဒုက္ခသည် တစ်ဦးက သူမရဲ့ယုံကြည်မှုနှင့် ခံစားချက်ကို ပြောပြ သွားပါတယ်။

စစ်တပ်နှင့် K.I.A တပ် တွင်ဟာ ဆက်လက်ပြီး တိုက်ပွဲတွေ ပြင်းထန်လာမှာ ဖြစ်ပါတယ်လို့ နိုင်ငံရေး လေ့လာသူနှင့် စစ်ဘက်သုံးတတ်သူ များက ပြေနေကြပါတယ်။
ဇူလိုင် ၃၁-၂၀၁၁ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တာင်ဘက်မိုင် ၃၀ခန့်အကွာ တာလောကြီး ကျေးရွာ ကြီးတွင် မြန်မာစစ်တပ်က ရွာသားများထံမှ နွားလှည်း ၆ စင်းနှင့် တစ်အိမ်ထောင် ကျပ် ၁၀၀၀ မပေးမနေရ အတင်းအဓမ္မ တောင်းခံ  နေသည်။

ငွေမထည့်သူများကို ရိက္ခာ သယ်လိုက် (ပေါ်တာ) ရမည်ဟု ရပ်ကွက် အုပ်ချုပ်ရေးမှူးအား မြန်မာ စစ်တပ်က အမိန့် ပေးထားသည်ဟု ဒေသခံများ ပြောသည်။

ဇူလိုင် ၃၀-၂၀၁၁ -- ကချင်ပြည်နယ် အနောက်ပိုင်း ကားမိုင်းမြို့တွင် အသုဘအတွက် မြေမြုပ် သင်္ဂြိုလ်ရန် မြေကျင်းတူးနေသော လူ ၈ ဦးအား ယနေ့ ဇူလိုင် ၃၀ တွင် မြန်မာစစ်တပ် ခလရ (၅၈) မှ ပေါ်တာဆွဲသွားသည်ဟု ဒေသခံများမှ တဆင့်သိရသည်။

ကချင်ပြည်နယ် ဖားကန့် မြို့နယ် မော်မောင်ဘွမ် (Maw Mau Bum) တွင် ဒေသခံပြည်သူ ၆၀ ခန့်အား တနိုင်းမြို့နယ် ဒွမ်ဘန်နယ်မြေခံ ခလရ (၁၈၉)မှ မြန်မာစစ်သားများက ဇူလိုင် ၂၆ ရက်၊ ယမန်နေ့ည ၁၀ မှ ၁၁ နာရီ ကြား မေးမြန်းစုံစမ်းခြင်းမရှိဘဲ ဖမ်းဆီးသွားသည်။


ဇူလိုင် ၂၇ ရက၊် ယနေ့ နံနက်တွင် ၎င်းတို့အား မှန်လုံကား ၃ စီးဖြင့် မြစ်ကြီးနားသို့ခေါ်ဆောင် သွားသည်ဟု ဒေသခံများပြောသည်။

ဇူလိုင်  ၂၇ ရက်၊ ယနေ့ည ၆ နာရီနောက်ပိုင်း ကချင်ပြည်နယ်အနောက်ပိုင်း ဆင်ဘိုမြို့နယ် ဘန်ဒန်ကျေးရွာတွင် ဒေါ့ဖုန်းယန် နယ်မြေခံ ခလရ (၁၄၂) မှ မြန်မာစစ်တပ်က မိုင်းနင်းမိကာ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရရှိသည်ဟု KIO အရာရှိများပြောသည်။

ဇူလိုင်  ၂၄ ရက်နေ့ ဆင်ဘိုအနီး KIA တပ်ရင်း ၅ ဒေသတွင် ဒွန်ဘန်ကျေးရွာတွင် ထား နော်လောန် (Hta Naw Lawn)၏ အိမ်အား ဒေါ့ဖုန်းယန် နယ်မြေခံ ခလရ (၁၄၂) မှ မြန်မာစစ်သားများက မီးရှို့ဖျက်ဆီးလိုက်ကာ အနီးအနားမှ အိမ် ၂ လုံး ကိုလည်း ဖျက်ဆီးလိုက်သည်ဟု ဒေသခံများမှ တဆင့်သိရသည်။

ဇူလိုင် ၂၄ ရက်နေ့ ဆင်ဘိုအနီး KIA တပ်ရင်း ၅ ဒေသတွင် ဒွန်ဘန်ကျေးရွာတွင် ထား နော်လောန် (Hta Naw Lawn)၏ အိမ်အား  ခလရ (၁၄၂) မှ မြန်မာစစ်သားများက မီးရှို့ဖျက်ဆီးလိုက်ကာ အနီးအနားမှ အိမ် ၂ လုံး ကိုလည်း ဖျက်ဆီးလိုက်သည်ဟု ဒေသခံများမှတဆင့် သိရသည်။


0 comments: