Tuesday, January 18, 2011

အတင်းအကြတ်လုပ်စရာ မလို

နအဖ ၏ စစ်မှုမထမ်းမနေရ ဥပဒေ ကျွန်တော့်အမြင်

တော်ပါပြီ..ဒီလောက်ဆိုရင်...........


  မှန်ကန်တဲ့ စစ်သားတွေလား...

ဒီ ဥပဒေ ဟာနအဖ ရဲ့ ရည်ရှည်အတွက် စီမံကိန်း တစ်ခုသာ ဖြစ်တယ်။ နိုင်ငံအတွက်နှင့် ပြည်သူလူထု အတွက်တော့ လုံးဝအကျိုး ရှိမယ့်ဥပဒေ မဟုတ်ပါဘူး။ နအဖ စစ်တပ်ပိုပြီးခိုင်မာလာ ဖို့နဲ့ စစ်အာဏာရှင်စနစ် သက်တမ်းပိုရှည်လာ ဖို့သာ ရည်ရွယ်ခြင်း ဖြစ်တယ်။ ကျွန်တော်လည်း လူငယ် တစ်ယောက်ပါ၊ ကျွန်တော်လည်းအရမ်း ခံစားမိပါတယ်။ တကယ်တိုင်းပြည်ကို ချစ်တဲ့ ခေါင်းဆောင်တွေ ဆိုရင် ဒီလိုမျိုးလုပ်မှာ မဟုတ်ပါဘူး၊ နအဖ စစ်ဗိုလ်တွေဟာ အလွန်ရွံစရာ ကောင်းတဲ့ သတ္တဝါ ဖြစ်နေခဲ့တာ နှစ်ပေါင်းမနည်း တော့ပါဘူး။ သတ္တဝါလို့ ခေါ်ရင်တောင် မတန်ပါဘူး။ နိုင်ငံတော်ကို အုပ်ချုပ်တဲ့ ခေါင်းဆောင်တွေသာ ကောင်းမယ်ဆိုရင် မစီမဆိုင်တဲ့ ဥပဒေ တွေကို ထုတ်စရာတောင် မလိုပါဘူး၊ အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်း ပြီးလုပ်နေ စရာကို မလိုပါဘူး၊ ကိုယ်တိုင် စိတ်ပါဝင်စားပြီး နိုင်ငံ့ တာဝန်တွေကို ပါဝင် ထမ်းဆောင်ချင်သူ တွေဟာ ရည်တွက်လို့ မကုန် ပါဘူး။ ခေါင်းဆောင် ဆိုတာ နေရာ ယူရဲရင် နေရာ ဖယ်ပေးရဲ ရပါတယ်။ 

ကျွန်တော့်ရဲ့ အမြင်တွေပါ...                                                          Peace Mr.


မှတ်ပြီလား...မှတ်ထား ..ဒါနည်းတောင်နည်းသေးတယ်....


 အမှန်တရားဆိုတာ ဘယ်တော့မှ အမှားဖြစ်လာမှာ မဟုတ်ဘူး...

Peace Mr.

0 comments: