Thursday, February 16, 2012

၂ဝ၁၁ လွှတ်တော်အရပ်ရပ် မှတ်စုများ


၂ဝ၁ဝ ရွေးကောက်ပွဲရလဒ်အရ ပထမအကြိမ် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် ပထမနေ့ အစည်းအဝေးများကို ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် တပြိုင်နက်တည်း ခေါ်ယူကျင်းပခဲ့သည်။

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်းသည့် ပြည်ထောင်စု လွှတ်တော်ကိုပါ ထိုနေ့ ညနေပိုင်းတွင် ဆက်လက်ကျင်းပခဲ့သည်။ (မှတ်ချက်။ ။ အခြေခံဥပဒေ ပုဒ်မ ၇၈ အရ ပြည်ထောင်စုလွှတ်တော်အား ပြည်သူ့လွှတ်တော်၏ ပထမအစည်းအဝေး စတင်သည့် နေ့မှ ၁၅ ရက်အတွင်း ကျင်းပရမည်ဟု ပါရှိ။)

lot1
lot2
lot3
lot4
lot5
lot6

ပထမအကြိမ် တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော်အစည်းအဝေး ဒုတိယနေ့အဖြစ် ၁၁၊ ၂၊ ၂ဝ၁၁ ရက်နေ့က အသီးသီး ကျင်းပခဲ့ရာ နိုင်ငံတော် သမ္မတက အဆိုပြုသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဝန်ကြီးဌာန ၉ ဌာန၊ ဝန်ကြီးဦးရေ ၉ ဦး၊ တရားလွှတ်တော် တရားသူကြီး ဦးရေ ၃ ဦး (ချင်းပြည်နယ် ၂ ဦး၊ မန္တလေးတိုင်း ဒေသကြီး ၆ ဦး၊ ရန်ကုန်တိုင်းဒေသကြီး ၆ ဦး၊ ဧရာဝတီတိုင်းဒေသကြီး ၅ ဦး) နှင့် ဝန်ကြီးချုပ် အမည်စာရင်းတို့ကို သက်ဆိုင်ရာ လွှတ်တ်ာကိုယ်စားလှယ်များ၏ သဘောတူညီချက်များဖြင့် အသီးသီး အတည်ပြု ကြေညာခဲ့ကြသည်။







1 comments:

  • Anonymous says:
    February 16, 2012 at 11:37 AM

    ကြံ့ တိုက်ပွဲ လား ထင်ရတယ် ကွာ။