Thursday, February 16, 2012

ရွေးကောက်ပွဲ ကော်မရှင် အသိအမှတ်ပြုမှု စောင့်နေတဲ့ ဒေါက်တာတူးဂျာ

WPN   

၂ဝ၁ဝ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ခွင့် မရရှိခဲ့တဲ့ ကချင်တိုင်းရင်းသား ခေါင်းဆောင် ဒေါက်တာမနန်တူးဂျာ
ကြားဖြတ်ရွေးကောက်ပွဲတွင် ကချင်ပြည်နယ် မိုးကောင်းမြို့နယ်
ပြည်သူ့လွှတ်တော် နေရာမှာ  တသီးပုဂ္ဂလအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်း ပေးထား ပေမဲ့
ရွေးကောက်ပွဲ ကော်မရှင်ထံမှ အကြောင်းပြန်ကြားမှု စောင့်ဆိုင်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ် ။.

ဒေါက်တာတူးဂျာက အမတ်လောင်း မဟုတ်သေးတဲ့ အတွက် လူထုဟောပြောပွဲ ၊ စည်းရုံးရေး ခရီးစဉ် များကိုပါ မလုပ်နို်င်သေးကြောင်း သိရပါတယ် ။


 ဒေါက်တာတူးဂျာ ဦးဆောင်ပြီး ဖွဲ့စည်းခဲ့တဲ့ ကချင်ပြည်နယ် တိုးတက်ရေးပါတီ (KSPP)အနေဖြင့် ၂ဝ၁ဝ ခုနှစ်ရွေးကောက်ပွဲတွင် မှတ်ပုံတင်ခွင့် မရရှိခဲ့ပါ ။

  တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း အနေနဲ့   ဝင်ရောက်ယှဉ်ပြိုင်ရန် ထပ်မံကြိုးပမ်း ခဲ့ပေမဲ့ မရရှိခဲ့ပါ .။ 

 ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ဒေသခံ ဖွံ့ဖြိုးရေး ၊ အလုပ်သမား၊ လယ်သမား အခွင့်အရေးများ ကိုအဓိက လုပ်ဆောင်သွားးမယ်လို့  ဒေါက်တာတူးဂျာက ပြောပါတယ်  ။

ကချင်ပြည်နယ် ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်တဲ့  ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ် သုံးနေရာမှာ  ကိုယ်စားလှယ်လောင်း ၁၁ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ် ။

0 comments: