Tuesday, April 03, 2012

ထွက်ပြေးနေရ၊ ဖျက်ဆီးးခံနေရ၊ လုံခြုံမှု ကင်းမဲ့၊

3 April, 2012 (Tuesday)

 W.P Moses


ကချင်စစ်ပြေး ဒုက္ခသည်များ (Kachin IDPs)

ဧပြီလဆန်း ၂ ရက် မြန်မာနိုင်ငံ ကြားဖြတ်ရွေးကောက်ပွဲ အပြီးတွင် ကချင်ပြည်နယ် ဘန်ဒေါင်ယာန်တွင် ကချင်လွတ်မြောက်ရေး တပ်မတော် K.I.A တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်း နှင့် စစ်အာဏာရှင် စစ်အစိုးရတို့ အကြား တိုက်ပွဲ ဖြစ်ပွားကြောင်း စုံစမ်း သိရှိရပါတယ်။

နှစ်ဖက်တိုက်ပွဲတွေကြောင့် ပြည်သူလူထုများ နေ့တိုင်း နေအိမ်များကို စွန့်ခွာကာ ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။ အပြစ်မဲ့ပြည်သူများမှာ စစ်အာဏာရှင် စစ်အစိုးရ စစ်တပ်တို့ရဲ့ ညှင်းပန်းနှိပ်စက်ခြင်း၊ ရှေ့တန်းလမ်းပြအဖြစ် စေခိုင်းခြင်း၊ အမျိုးသမီးများမှာ မဒိန်းကျင့် သတ်ဖြတ် ခံနေရခြင်း စသည့် ဆင်းရဲဒုက္ခ အမျိုးမျိုးကိုတွေ့ကြုံ ခံစားနေကြရပါတယ်။

“ကျမတို့မှာ အချိန်တိုင်းလိုလို စိုးရိမ်နေရပါတယ်…။ ကျမတို့ရဲ့ ငြိမ်းချမ်းမှုတွေကင်းမဲ့ပြီး လွတ်လပ်ခြင်းဟာလည်း ကျမတို့ဆီက ထွက်ပြေးသွားပြီထင်တယ်..။ အစိုးရတပ်တို့က ကျမတို့ ရွာကိုဝင်လာပြီး အိမ်တွေကို မီးရှို့ဖျက်ဆီးကြတယ်..။ တချို့ရွာသားတွေကိုလည်း ခေါ်သွားကြတယ်..။ ဘယ်ကိုခေါ်သွားတာတော့ မသိပါဘူး..။” ကချင်ပြည်သူများမှာ ငြိမ်းချမ်းပြီး လွတ်လပ်မှုတွေကို တောင့်တနေကြပါတယ်။





စစ်အာဏာရှင် စစ်အစိုးရမှ ကချင်နယ်မြေနှင့် တိုက်ပွဲဖြစ်ပွားရာ ကျေးရွာများမှ နေအိမ်များ၊ ဘုရားကျောင်းများ၊ စပါးကျီများ စသည့် ပြည်သူပိုင် ပစ္စည်းများကို လိုက်လံဖျက်ဆီးနေတာကို တွေ့မြင်နေရပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲလဲ ပြီးသွားပါပြီ… ကချင်လွတ်မြောက်ရေး တပ်မတော် K.I.A နှင့် စစ်အာဏာရှင် စစ်အစိုးရတို့မှာ နေ့တိုင်း တိုက်ပွဲများ ဖြစ်ပွားနေကြပါတယ်။ နှစ်ဖက် တွေ့ဆုံ ဆွေးနွေးပွဲတွေကို တရုတ်နိုင်ငံ ရွှေလီတွင် ကျင်းပပြုလုပ်ခဲ့ပေမယ့် ရေရာတဲ့ အဖြေ တခုမှ မရရှိခဲ့ကြပါဘူး။





လွန်ခဲ့တဲ့ မတ်လ ၂၈ ရက်နေ့တွင် K.I.A အုပ်ချုပ်နယ်မြေဖြစ်တဲ့ အင်ပေါင် ကျေးရွာကို စစ်အာဏာရှင် စစ်အစိုးရ စစ်တပ် ခမရ (၃၉၀) တပ်တို့မှ ရွာထဲသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ကာ အိမ် (၄) လုံးကိုပါ မီးရှို့ ဖျက်ဆီးလိုက်ကြောင်း သိရှိရပါတယ်။


1 comments:

  • maungmin says:
    April 29, 2012 at 11:06 AM

    အဲ့ဒါတွေဘယ်သူ့ကြောင့်လဲ.. ဘာကြောင့်လဲ.. သေချာတာက အရင်းမြစ်ကို စစ်ကြည့်လိုက်ရင်..
    KIA ကြောင့်ချည်းပဲ... ဘာမှသုံးမတဲ့ အလကားကောင်တွေ...