Friday, January 27, 2012

KIA တပ်မဟာ (၄) နယ်မြေတွင် တိုက်ပွဲဖြစ်ပွား


Friday, January 27, 2012
W.P Moses
အကူအညီ မြောက်များစွာ လိုအပ်နေတဲ့ ကချင် စစ်ပြေးဒုက္ခသည်များ

ကချင် လွတ်လပ်ရေးတပ်မတော် K.I.A တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၂၉) နယ်မြေ မော်ဟန် (Mawhan) နှင့် တာမိုးညဲ (Ta Mu Nye) ဒေသသို့  ကွတ်ခိုင်ဘက်မှ စစ်ကြောင်း ထိုးတက်လာသော မြန်မာစစ်တပ် ခလရ (၂၉၀) တပ်ဖွဲ့ နှင့် K.I.A တပ်ရင်း (၂၉) တပ်ဖွဲ့ ဝင်တို့ ဇန်န၀ါရီလ (၂၆) မနက် အစောပိုင်း (၁း၀၀) နာရီဝန်းကျင်တွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရှိရပါတယ်။ တိုက်ပွဲတွင် စစ်တပ်ဘက်မှ (၁၀) ဦးထက်မနည်း ကျဆုံးကြောင်း ထပ်မံစုံစမ်း သိရှိရပါတယ်။ K.I.A နှင့် စစ်အစိုးရတို့ တရုတ်နိုင်ငံ ရွှေလီမြို့တွင် နိုင်ငံရေး အပါအဝင် တိုင်းရင်းသားများရဲ့ တန်းတူ အခွင့်အရေး၊ ကိုယ်ပိုင် ပြဌာန်းခွင့် စသည်တို့ကို ဆွေးနွေးခဲ့ပေမယ့် လက်ရှိ သိန်းစိန် အစိုးရမှ သေချာတဲ့ အဖြေ တခုမှ မပေးခဲ့ကြောင်း သိရှိရပါတယ်။

နှစ်ဖက် စစ်ပွဲတွေကြောင့် စစ်ပြေးဒုက္ခသည်များမှာ ယခုချိန်တွင် ၇၀၀၀၀ ခုနှစ်သောင်း ရှိလာပြီး အကူအညီမြောက်များစွာ လိုအပ်နေကြောင်း သိရှိရပါတယ်။

0 comments: