Saturday, September 10, 2011

K.I.A နှင့် စစ်တပ်တို့ နေရာတိုင်းမှာတိုက်ပွဲဖြစ်

တိုက်ပွဲဖြစ်နေသော K.I.A ရှေ့တန်းစစ်မြေပြင်

K.I.A တပ်မ (၅) လက်အောက်ခံ တပ်ရင်း (၃) နယ်မြေဖြစ်တဲ့ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝါရှောင်ကျေးရွာ အနီးတွင် K.I.A တပ်မ (၅) လက်အောက်ခံ တပ်ရင်း (၃) နှင့် စစ်တပ်တို့အကြား စက်တင်ဘာလ (၉) ရက် ၂၀၁၁ မနက် ၅း ၀၀ နာရီ မှ အနက် ၆း ၀၀ နာရီ အထိ တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်း၊ ရင်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ (၃) ဦး ဒဏ်ရာရရှိကြောင်း ၎င်းကျေးရွာနှင့် နီးစပ်သူက သတင်းပေးပို့လာပါတယ်။
 ဗဟိုဌာနချုပ်လိုင်ဇာ လုံခြုံရေးယူနေသော မျိုးချစ် KIA စစ် မယ်နှစ်ဦး
တဆက်တည်းမှာဘဲ K.I.A တပ်မ (၄) နယ်မြေဖြစ်တဲ့ မုန်ယာ ( Mung Ya ) ကျေးရွာအရှေ့ဘက် လွယ်ဂျော် တောင် ( Loi Jaw ) တွင် စက်တင်ဘာလ (၉) ရက် ၂၀၁၁ မနက်ပိုင်း ၉း ၀၀ ဝန်းကျင်းမှာ တစ်ခါ၊ နေ့လည်ပိုင်း ၁း ၀၀ နာရီ မှာ တစ်ကြိမ်၊ ညနေပိုင် ၃း ၀၀ ကနေ ၅း ၀၀ နာရီ အထိ တစ်ကြိမ် ဆက်တိုက် သုံးကြိမ် K.I.A တပ်ရင်း (၁၇) (၂) နှင့် စစ်တပ်ဘက်မှ  အမှတ် (၁၄၄) ခြေလျင်တပ် တို့ အကြား တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း၊ ရင်းတိုက်ပွဲတွင် K.I.A ဘက်မှ စစ်သား (၁) ဦး ထိခိုက် ဒဏ်ရာရရှိကြောင်း နှင့် စစ်တပ်ဘက်မှ သေကျေမှုနှင့် ထိခိုက်ဒဏ်ရာရမှုကို မသိရသေးကြောင်း တိုက်ပွဲနှင့် နီးစပ်သူများမှ သတင်းရရှိပါတယ်။

စက်တင်ဘာလ (၉) ရက် ၂၀၁၁ ညနေပိုင်း ၆း ၀၀ ဝန်းကျင်တွင် ကချင်ပြည်နယ် နမ်ဆန်ယာန် ကျေးရွာအနီးရှိ ခါလာ ( Hkala )၊ ဒွမ်ဘန်တောင် ( Dumbang ) တွင် K.I.A တပ်မ (၅) လက်အောက်ခံ တပ်ရင်း (၁၈) နှင့် စစ်တပ် တို့ အကြားတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရပါတယ်။ တဆက်ထဲမှာဘဲ ရှဒန်ပါ (Shadan Pa )၊ ခအူ ( Hka-u )နှင့် ဂျာအိန်ယာန် (Ja-ing Yang) အကြားရှိ နမ်ဖါ (Nam Hpa) ကျေးရွာအနီးတွင် ညနေပိုင်း ၅း ၃၀ နာရီ မှ ၇း ၁၅ နာရီ ဝန်းကျင်တွင် K.I.A တပ်မ (၅) အဖွဲ့နှင့် စစ်တပ်ဘက်မှ အမှတ် (၁၄၁) ခြေလျင်တပ်တို့ အကြား တိုက်ပွဲပြင်းထန်ကြောင်း သိရှိရပါတယ်။ ရင်းတိုက်ပွဲတွင် နှစ်ဖက်စလုံးမှ အခြေအနေကို ဆက်လက် စုံစမ်းဆဲဖြစ်ပါတယ်။

0 comments: