Sunday, July 31, 2011

shi ga..

|0 comments

Saturday, July 30, 2011

shawng lam..

|0 comments

shawng lam shi ga

|0 comments

Kachin

|0 comments

Wednesday, July 06, 2011

HPA LAP BUM DE MYEN HTU

|0 comments
Tuesday, July 5, 2011

HPA LAP BUM DE MYEN HTU

Dai ni July (5) ya shani myen hpyen ni gaw Hpa Lap Bum de mawdaw kaba (3) hta hpyen la ni tup rai htu lung wa ai lam shiga na chye lu ai.

ဒီနေ့ ဇွန်လိုင် ၅ ရက် နေ့မှာ စစ်တပ်ဘက်ကနေ Hpa Lap Bum ခေါ် ( လက်ဖက်တောင် ) သို့ ကားအကြီး ၃ စီးနှင့် စစ်သားအပြည့်တင်ကာ တပ်ရင်းတစ်ရင်းစာရှိ စစ်သားများနှင့် ရောက်ရှိ လာကြောင်း သတင်း ရရှိပါသည်။

SAN GANG MAJAN SHIGA

|0 comments
Tuesday, July 5, 2011

SAN GANG MAJAN SHIGA

July (4) Mana de San Gang Post kaw Dung (15) ni gap hkat ai hta Myen de na (1) si nna, (1) hkala ai lam shiga na chye lu ai.

မနေ့ည ဆန့်ဂန် တိုက်ပွဲမှာ ကေအိုင်အေ တပ်ရင်း (၁၅) တွေလက်ချက်ကြောင့် ဗမာစစ်သား (၁) ဦးသေပြီး၊ (၁) ဦး ဒဏ်ရာရကြောင်း သတင်းရရှိပါသည်။ ဆက်လက်ဖော်ပြပါမည်။

Saturday, June 18, 2011

KIAနှင့် ဆင်ဘိုစစ်ပွဲ၌ မြန်မာစစ်သား ၁၇ ဦးကျ

|0 comments

Friday, 17 June 2011 21:48 KNG

မြန်မာပြည်မြောက်ပိုင်း၊ ကချင်ပြည်နယ်အလယ်ပိုင်း၊ မိုးညှင်းခရိုင်၊ ဆင်ဘိုမြို့နယ်ခွဲတွင် ယနေ့သောကြာနေ့တိုက်ပွဲတွင် မြန်မာစစ်သား ၁၇ ဦးကျဆုံးသွားသည်ဟု ဆင်ဘိုဒေသခံများပြောသည်။

မြန်မာစစ်သား ၅ ဦးမှာ နံနက်ပိုင်းတိုက်ပွဲတွင် ကျဆုံးပြီး ကျန် ၁၂ ဦးမှာ နေ့လည်ပိုင်းတိုက်ပွဲတွင် ကျဆုံးသွားသည်ဟု လိုင်ဇာ KIO ဌာနချုပ်မှ အတည်ပြုပြောဆိုသည်။

ဆင်ဘိုအခြေစိုက် ခလရ ၁၄၁ နှင့် ဆင်ဘိုဒေသမှ KIA တပ်ရင်း ၅ တို့ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟု KIA အရာရှိများပြောသည်။

Thursday, June 16, 2011

စစ်ပြေးဒုက္ခသည်တချို့ ဘုန်းကြီးကျောင်းများတွင် ခိုလှုံ

|0 comments

Thursday, 16 June 2011 21:13 KNG
E-mail Print PDF
ဝိုင်းမော်-လိုင်ဇာ လမ်းမ ကဇူးယန် ကျေးရွာတွင် KIAနှင့် မြန်မာစစ်တပ်တို့၏ စစ်ပွဲငယ်ကြောင့် တရုတ်ပြည်နယ်စပ် မသွားနိုင်သော ဒုက္ခသည်များသည် ဝိုင်းမော်မြို့တွင်းရှိ ဘုန်းကြီးကျောင်းများသို့ လာရောက် ခိုလှုံနေသည်။

ကဇူးယန် ကျေးရွာတွင် ယမန်နေ့ နံနက် ၃နာရီမှ ၅နာရီထိ စစ်ပွဲငယ် ဖြစ်ခဲ့သည်။ အဆိုပါ အနီးအနားရှိ ဂါးရာယန်၊ ဂန်ဒေါင်ယန် စသည့်ကျေးရွာများမှ  ဒုက္ခသည် (၃၀၀)ကျော်သည်  ဝိုင်းမော်မြို့သို့ ထွက်ပြေးလာခဲ့ခြင်း ဖြစ်သည်။

“စစ်ပြေး ဒုက္ခသည်တွေပေါ့၊ ဝိုင်းမော် ဘုန်းကြီးကျောင်းမှာ လာခိုနားနေတာ။ လူကမနည်းဘူး ဘုန်ကြီးကျောင်းမှာ လာနားတာ” ဟု ဝိုင်းမော်မြို့မှ မြို့ခံတစ်ဦးပြောသည်။


တရုတ်နယ်စပ်သို့ ကချင်စစ်ပြေးဒုက္ခသည် ၁၀၀၀၀ ကျော် ရောက်၊ ဆက်ရောက်လာနေဆဲ

|0 comments

Thursday, 16 June 2011 12:37 KNG
E-mail Print PDF
ပြီးခဲ့အပတ်မှစတင်သည့် မြန်မာစစ်တပ်နှင့် KIA ကြား စစ်ပွဲကြောင့် အိုးအိမ်စွန့်ထွက်ပြေးလာသူများမှာ တရုတ်နယ်စပ်တစ်လျှောက် လူဦးရေ ၁၀၀၀၀ ကျော်ပြီဟု ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အရပ်ဖက်အုပ်ချုပ်ရေးအရာရှိ ဆလန်ကဘာ ဒွဲပီဆာပြောသည်။

“မနေ့ညစာရင်းအရ လိုင်ဇာမှာ ၂၂၉၁ ၊ တပ်မဟာ ၃ အူရာဘွမ် ဖျင်ရှန်အနားမှာ ၃၀၀ ကျော်၊ လွယ်ဂျေက ၄၂၃၈၊ မန်ဝိန်းဘက် က ၂၀၀၀ ကျော်၊ မိုင်ဂျာယန်ဘက် ၃၀၀ ကျော်မယ်။”

ဝိုင်းမော်-ကန်ပိုင်တီ လီဒိုလမ်းမကြား တံတားတခု KIA ဖျက်ဆီး

|0 comments


Wednesday, 15 June 2011 16:50 KNG
E-mail Print PDF
မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ် အရှေ့ဘက် ဝိုင်းမော်-ကန်ပိုင်တီ လီဒိုလမ်းကြား လန်နုချောင်း (Lant Nu stream) တံတားအား ယမန်နေ့ည (၉)နာရီတွင် KIAမှ ဗုံးဖေါက်ခွဲ ဖျက်ဆီးခဲ့သည်။

ယင်း ဗုံးဖေါက်ကွဲမှုကြောင့် ၁ပေခန့်စီရှိ အပေါက် နှစ်ခု ပေါက်သွားခဲ့ကာ တံတားအောက်၌ မပေါက်သေးသည့် ဗုံးနှစ်လုံးမှာ ရှိနေသေးသည်ဟု မျက်မြင် ဆဒုံ ဒေသခံ ပြောသည်။ ကျန်ရှိနေသေးသည့် ဗုံးကြောင့် မြန်မာအစိုးရမှ မော်တော်ယာဉ်ကြီးများ ဖြတ်သန်းသွားလာခွင့်အား ပိတ်ပင်ထားသည်။

“အပေါက်နှစ်ပေါက်တော့ ပေါက်နေတယ်။ အခုဆို ဒေသခံတွေ အားလုံး အကုန် သတိနဲ့ နေနေရတယ်။ သေနတ်သံတွေ တော့ မကြားရသေးဘူး။”

Tuesday, June 14, 2011

တာပိန်ရေကာတာသို့ ဆက်သွယ်ပေးသော အဓိကတံတား KIA ဖျက်ဆီး

|0 comments
တာပိန်ရေကာတာသို့ ဆက်သွယ်ပေးသော အဓိကတံတား KIA ဖျက်ဆီး

Tuesday, 14 June 2011 10:04 KNG
E-mail Print PDF
မန်မာစစ်တပ်နှင့် KIA တပ်ရင်း ၁၅ ကြား စစ်ဖြစ်ပွားနေသည့် အင်မောက်မြို့နယ် တာခေါခ (တာပိန်မြစ်) ရေကာတာ ၂ခုရှိရာသို့ အဓိကဆက်သွယ်ပေးသော နမ်ဖတ်ခချောင်း တံတားအား ဇွန် ၁၃၊ ယမန်နေ့ တနင်္လာညက KIA ဗုံးခွဲဖျက်ဆီးလိုက်သည်။

ဤ တံတားသည် မန်မော် (ဗန်းမော်) နှင့် အင်မောက် (မိုးမောက်) ကြားတွင် ရှိပါတယ်။


“တောင်ကျချောင်းဖြစ်တဲ့အတွက် ခုချိန် မှာ ရေတအားကြီးနေတယ်။ ခြေကျင်ဖြတ်လို့မရဘူး။ ၀ါးဖောင်နဲ့လည်းဖြတ်လို့မရဘူး။ တာပိန်မြစ်ရေအားလျှပ်စစ်ဆောက်တုန်းက ကုမ္ပဏီတွေလုပ်ထားတဲ့တံတား ကားဖြတ်လို့ရတဲ့တံတား ယာယီတံတားမျိုးဖြစ်တယ်” ဟု လိုင်ဇာမှ KIO အရပ်ဘက်အုပ်ချုပ်ရေးအရာရှိတစ်ဦး ကချင်သတင်းဌာနသို့ အတည်ပြုပြောသည်။

တံတားကျိုးပြတ်သွားကြောင့် အစိုးရတပ်များ၏ သယ်ယူပို့ဆောင်ရေး ခက်ခဲနေကြောင် သိရသည်။
Last Updated ( Tuesday, 14 June 2011 10:07 )