Thursday, September 08, 2011

K.I.A တပ်ရင်း (၁၉) က စစ်တပ်ရဲ့ ဆန်တင်ဆောင်လာသော ကားကို ခြုံခိုတိုက်ခိုက်


စက်တင်ဘာလ (၆) ရက် ၂၀၁၁ မနက် ပိုင်း ၁၁း ၀၀ ဝန်းကျင်တွင် စစ်တပ်မှ ကချင်ပြည်နယ် ဒေါ့ဖုန့်ယာန် ကျေးရွာတွင် အခြေစိုက်တဲ့ LIB ( 142 ) အတွက် ဗန်မော် မုတ်လွမ်ကနေ ထွက်ခွာ လာတဲ့ ဆန်တင်ကုန်ကားကြီး တစ်စီးကို ဒေါ့ဖုန့်ယာန် သိန်ညစ်ကျေးရွာ အနီးတွင် K.I.A တပ်မ (၅) လက်အောက်ခံ တပ်ရင်း (၁၉) တို့မှ ခြုံခိုတိုက်ခိုက် ဗုံးဖေါက်ခွဲ ဖျက်ဆီးပြစ်ခဲ့ကြောင်း သတင်းရရှိပါသည်။ စစ်အစိုးရဟာ တဖက်တွင် ငြိမ်းချမ်းရေး ဆွေးနွေးဟန်ဆောင်ကာ တဖက်လှည့်နဲ့ စစ်ပွဲကို အရှိန်တိုးမြင့်လျက် ရှိနေပါတယ်။ ကချင်ပြည်သူတွေကြား သွေးခွဲဖို့ကိုလည်း နည်းအမျိုးမျိုးဖြင့် လုပ်ဆောင်နေပါတယ်။ နိုင်ငံတော်ပိုင် သတင်းစာများတွင် မဟုတ်မမှန်တဲ့ သတင်းတွေကို ရေးသားဖော်ပြပြီး ရိုးသားဖြိုစင်တဲ့ ပြည်သူပြည်သားတွေကို ဗြောင်ကျကျ လိမ်နေခြင်းကို ပြည်သူပြည်သား အားလုံး ဝိုင်းဝန်းတော်လှန်ဖို့ရန် အင်မတန် အရေးကြီးနေပါတယ်။ စစ်အစိုးရရဲ့ ကောက်ကျစ် လိမ်လည်မှုအောက်တွင် အငိုက်မမိစေဖို့ ချစ်ခင်ရပါသော ပြည်သူပြည်သားများ အမှားနဲ့ အမှန်ကို ကောင်းစွာဝေခွဲကြပါစို့။

0 comments: