Friday, October 14, 2011

ကချင်ပြည်နယ် ရွှေညောင်ပင် တိုက်ပွဲ

|0 comments
Friday, October 14, 2011အောက်တိုဘာလ ၁၄ ရက် ၂၀၁၁ ကချင်လွတ်မြောက်ရေး တပ်မတော် K.I.A တပ်ရင်းတို့မှ ကချင်ပြည်နယ် လိုင်ဇာ သွားရာလမ်းရှိ ရွှေညောင်ပင်နှင့် ခဇူးကျေးရွာသို့ စစ်အစိုးရ စစ်တပ်မှ စစ်အင်အား (၂၀၀) ကျော် စစ်ကြောင်း ချီတက်လာရာ K.I.A တပ်ရင်းတို့မှ တားဆီး တိုက်ခိုက် နေကြောင်း မျက်မြင်များမှ စုံစမ်း သိရှိ ရပါတယ်။ တိုက်ပွဲ အခြေအနေများကို ဆက်လက် စုံစမ်း နေပါတယ်။ တဆက်တည်းမှာဘဲ ဗန်းမော် - လွယ်ဂျယ် လမ်း ကိုင်ထိတ် ကျေးရွာမှ K.I.A တပ်တို့နှင့် စစ်အစိုးရ...[Readmore]

ကချင်ပြည်နယ် တိုက်ပွဲ

|0 comments
Friday, October 14, 2011 ကချင် လွတ်မြောက်ရေး တပ်မတော် K.I.A နှင့် စစ်အစိုးရ စစ်တပ်တို့ အကြား အောက်တိုဘာလ ၁၃ ရက်နေ့ မနက် ၁၁း ၀၀ နာရီကစတင်ကာ ညနေ ၃း၀၀ နာရီ ကျော်အထိ ကချင် ပြည်နယ် ဂါရာယာန် ကျေးရွာနှင့် မြစ်ကြီးနားမြို့အနီရှိ ရှဒေါင် ကျေးရွာများမှာ တိုက်ပွဲဖြစ် ပွားခဲ့ကြောင်း စုံစမ်း သိရှိ ရ ပါတယ်။ ယခုလို တိုက်ပွဲဖြစပ်ပွား လာမှုကြောင့် လမ်းသွားလမ်းလာ အားလုံးကို ပိတ်ထားကြောင်း၊ စစ်အစိုးရ စစ်တပ်တို့မှ မြစ်ကြီးနား အနီးတဝိုက်များတွင် ပြည်သူ ပြည်သားများကို...[Readmore]

Thursday, October 13, 2011

K.I.A ဌာနချုပ် လိုင်ဇာသို့ စစ်အစိုးရ စစ်အင်အားတိုးချဲ့

|0 comments
Thursday, October 13, 2011ကချင်လွတ်မြောက်ရေး တပ်မတော် K.I.A ဌာနချုပ်လိုင်ဇာသို့ စစ်အစိုးရ စစ်တပ်တို့မှ စစ်အင်အား တိုးချဲ့ စစ်ကြောင်းများချီတက်လာနေကြောင်း စုံစမ်းသိရှိရပါတယ်။ K.I.A ဘက်မှလည်း ဌာနချုပ် အနီးရှိ နမ်ဆန်ယာန် ကျေးရွာ အနီးတဝိုက်များတွင် စစ်အင်အားများ အထူးစီမံ တိုးချနေပြီ ဖြစ်ကြောင်း K.I.A သတင်းများအရ သိရှိရပါတယ်။ ယခုချိန်မှာ နှစ်ဖက်စလုံးမှ စစ်အင်အားများ တိုးချဲ့နေပြီဖြစ်ရာ များမကြာမီ အတွင်းမှာ တိုက်ပွဲများ ဆက်တိုက် ပြင်းပြင်း ထန်ထန် ဖြစ်ပွား...[Readmore]

စစ်အစိုးရ စစ်တပ်မှ ရွာသားများကို လူသားဒိုင်း အဖြစ် အသုံးချ

|0 comments
Thursday, October 13, 2011 တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်အတွင်း အောက်တိုဘာလ ၁၂ ရက်နေ့ နေ့လည် ၂ နာရီခွဲဝန်း ကျင်တွင် စကခ (၁၆) လက်အောက်ခံ ခမရ (၅၂၂) သည် နောင်ဟယ်ရွာ၊ မရစ်ရွာ များထဲသို့ ၀င်ရောက်ကာ  ရွာသားများပိုင် တရုတ် လက်ကိုင်ဖုန်း အားလုံးကို သိမ်းဆည်းလိုက်ကြောင်း စုံစမ်း သိရှိရပါတယ်။ စစ်အစိုးရ စစ်တပ်သည် ကျေးရွာနေ ပြည်သူများဖြစ်သော မ မာပွတ ( အသက်လေးဆယ် ကလေး ၇ ယောက်မိခင်...[Readmore]

ဂျန်မိုင်ကောင် (ကုန်း) တိုက်ပွဲ

|0 comments
Thursday, October 13, 2011ကချင် လွတ်မြောက်ရေး တပ်မတော် K.I.A နှင့် စစ်အစိုးရ စစ်တပ်တို့ အကြား အောက်တိုဘာလ ၁၂ ရက်နေ့ မိုင်ဂျာယာန် အနီးရှိ ဂျန်မိုက်ကောင် (ကုန်း) မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွင် K.I.A ဘက်မှ (၂) ဦး ကျဆုံး သွားပြီး (၈) ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်း သိရှိ ရပါတယ်။ စစ်အစိုးရ ဘက်မှာလည်း (၁၀) ကျဆုံးခဲ့ပြီး အများအပြား ထိခိုက်ခဲ့ကြောင်း K.I.A ရှေ့တန်း သတင်းများအရ သိရှိ ရပါတယ်။ ယခု ချိန်မှာတော့ စစ်အစိုးရ အခြေစိုက်တဲ့ ဂျန်မိုင်ကောင် (ကုန်း)...[Readmore]

Wednesday, October 12, 2011

စစ်အစိုးရ စခန်း အတိုက်ခံရ

|0 comments
Wednesday, October 12, 2011အောက်တိုဘာလ ၁၂ ရက်နေ့၊ ကချင် လွတ်မြောက်ရေး တပ်မတော် K.I.A မိုင်ဂျာယာန် တပ်မဟာ လက်အောက်ခံ တပ်ရင်းတို့နှင့် K.I.A ပြည်သူ့စစ် (MHH) တို့ ပူးပေါင်းကာ မိုင်ဂျာယာန်အနီးရှိ ဂျန်မိုင်ကောင် (ကုန်း) မှာ အခြေစိုက် စခန်းချထားတဲ့ စစ်အစိုးရ စစ်တပ်ကို ဝင်ရောက် စီးနှင်းခဲ့ကြောင်း၊ ယင်းဝင်ရောက် စီးနှင်းရာတွင် စစ်တပ်ဘက်မှ လက်နက်များကို သိမ်းဆီးရရှိကြောင်း၊ စုံစမ်းသိရှိရပါတယ်။ ယင်းစခန်းမှ စစ်အစိုးရ စစ်သားများမှာ ထွက်ပြေး တိမ်းရှောင် သွားကြောင်း...[Readmore]

မန်ဂျယ်တိုက်ပွဲ

|0 comments
Wednesday, October 12, 2011ကချင် လွတ်မြောက်ရေး တပ်မတော် K.I.A တပ်ရင်း (၂၇) နှင့် စစ်အစိုးရ စစ်တပ် ခလရ (၄၇) တို့ အကြား အောက်တိုဘာလ ၁၁ ရက်နေ့ မန်ဂျယ်မှာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယင်း တိုက်ပွဲတွင် စစ်တပ်ဘက်မှ (၄) ဦး ကျဆုံးသွားကြောင်း၊ စုံစမ်းသိရှိရပါတယ်။ တိုက်ပွဲအခြအနေများကို ဆက်လက် စုံစမ်းနေပါတယ်။စစ်အစိုးရ စစ်တပ် အချင်းချင်း ပစ် အောက်တိုဘာလ ၉ ရက် ၂၀၁၁ K.I.A တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၃၈) နယ်မြေဖြစ်တဲ့ မန်ဂျတ်နှင့် ဘန်လုန်တောင် အနီးတဝိုက်မှာ...[Readmore]

Tuesday, October 11, 2011

စစ်အစိုးရ စစ်တပ် (၄၀) ကျော်ထိခိုက်

|0 comments
Tuesday, October 11, 2011 အောက်တိုဘာလ ၉ ရက် မနေ့က ကချင်ပြည်နယ် နမ်လင်းပါမှာ ဖြစ်ပွားခဲ့တဲ့ K.I.A နှင့် စစ်အစိုးရ စစ်တပ်တို့ အကြား တိုက်ပွဲမှာ စစ်အစိုးရ စစ်တပ်ဘက်မှ (၄၀) ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ယင်း ထိခိုက်ခဲ့သော စစ်သားများရဲ့ ဇနီများမှာ ကုသနေသော ဆေးရုံတွင် လာရောက်ဝမ်းနည်း ငိုကြွေး နေကြကြောင်း စုံစမ်း သိရှိရပါတယ်။ တဆက်တည်းမှာဘဲ စစ်အစိုးရ စစ်တပ်တို့မှ လွန်ခဲ့သော အောက်တိုဘာလ ၇ ရက် နေ့တွင် ကချင်ပြည်နယ် ဘန်ခရောင်ကျေးရွာမှာ တောင်ယာလုပ်ကိုင်စားသောက်နေတဲ့...[Readmore]

Monday, October 10, 2011

Kachin Internally Displace People (IDPs) Photos

|0 comments
Monday, October 10, 2011   ဆက်လက်ကြည့်ရှုရန်......[Readmore]

ကျေးရွာထဲသို့စစ်အစိုးရ စစ်တပ်မှ အကြောင်းမဲ့ လက်နက်ကြီးဖြင့် ပစ်ခတ်

|0 comments
Monday, October 10, 2011   နမ်လင်းပါ ကျေးရွာ စစ်အစိုးရ စစ်တပ်မှ မန်စီမြို့နယ်၊ နမ်လင်းပါ ကျေးရွာထဲသို့ လက်နက်ကြီးဖြင့် အောက်တိုဘာလ ၈ ရက်နေ့တွင် အကြောင်းမဲ့ ပစ်ခတ်ခဲ့ကြောင်းသိရသည်။ ယင်းနေ့ ထိုနေရာ ပတ်ဝန်းကျင်တွင်  K.I.A ၏ စစ်ရေးလှုပ်ရှားမှု တစုံတရာ မရှိခဲ့ကြောင်း သိရှိရပါတယ်။  အရပ်သားများသာ နေထိုင်သည့် ကျေးရွာထဲသို့ စစ်အာဏာရှင် အစိုးရ စစ်တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။ စစ်အစိုးရစစ်တပ်များမှာ  စကခ (၂၁)...[Readmore]

Sunday, October 09, 2011

MAN JE HTE SHADAN PA KAW GAP

|0 comments
Sunday, October 9, 2011October (9) Laban Wunpawng Mungdan Shalawt Asuya KIA myu tsaw hpyen hpung ni hte myen tai hpye ni dai ni Shadan Pa shara kaw gap hkat lai wa sai lam shiga na chye lu ai. Dai hte maren sha dai ni October (9) ya shani sha KIA myu tsaw share shagan ni hte myen tai hpye ni Man Je mare hta mung gap gasat ai lam byin ai hpe sagawn chye lu ai. Ndai zawn K.I.A hte myen asu ya ni shara shagu ngu na daram shani shana majan byin nga...[Readmore]

ဟိုပင်မြို့မှာ ဗုံး ပေါက်ကွဲ

|0 comments
Sunday, October 9, 2011 ကချင်ပြည်နယ် ဟိုပင်မြို့မှာ အောက်တိုဘာလ ၈ ရက် ၂၀၁၁ နေ့ ညနေ ၇း ၀၀ နာရီ ကျော်တွင် ပေါက်အားပြင်းတဲ့ ဗုံး ပေါက်ကွဲခဲ့ကြောင်း စုံစမ်း သိရှိရပါတယ်။ ဗုံးပေါက်ကွဲသည့်နေရာမှာ ဟိုပင်မြို့ ဈေးအနီး မီးရထားလမ်းမှာ ဖြစ်ကြောင်း မျက်မြင်များမှ သိရှိရပါတယ်။ ဗုံး ကြောင့် ရထား သံလမ်းမှာ (၁၀) ပေ ကျော် ကျိုးပျက်သွားကြောင်း စုံစမ်း သိရှိရပါတယ်။ လွန်ခဲ့တဲ့ လ မှာလည်း ဟိုပင် မြို့ပြင် မြစ်ကြီးနား တက်သွားတဲ့ ရထားလမ်းမှာ ဗုံးပေါက်ကွဲခဲ့ ပါတယ်။   Kachin...[Readmore]