Saturday, October 22, 2011

စစ်အစိုးရ စစ်တပ်တို့မှ တိုက်ပွဲ ဖြစ်ပွားသည့် နေရာများတွင် လူသတ်၊ ဓါးမြတိုက်၊ ရွာမီးရှို့

|0 comments
Saturday, October 22 , 2011 မီးရှိ့ခံနေရသည့် နမ်ဆန်ယန်ကျေးရွာ စစ်အစိုးရ စစ်တပ်များသည် တိုက်ပွဲဖြစ်ပွား သည့် နေရာ များမှ ကျေးရွာများတွင် ရပ်ရွာပြည်သူ လူထုကို ညှင်းပန်းနှိပ်စက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ပြည်သူလူထုပိုင် ပစ္စည်းဥစ္စာများ လုယူခြင်း များကို ပြုလုပ် လျက် ရှိကြောင်း စုံစမ်းသိရှိရပါတယ်။ အောက်တိုဘာလ ၁၂ ရက်နေ့ မြစ်ကြီးနားမြို့နယ်၊ မလိဇွပ်ယန်ရွာမှ မရွယ်ဆန့်ရဲ့ ဈေးဆိုင်ရှိ ပစ္စည်းများ ကို စကခ (၃) လက်အောက်ခံ၊ ခလရ (၃၈၆) မှ အကုန်အစင်ကို...[Readmore]

K.I.A နှင့် တိုက်ပွဲများတွင် စစ်အစိုးရ စစ်တပ်မှ လေယာဉ် အသုံးပြုလာ

|0 comments
Saturday, October 22, 2011 ကချင် လွတ်မြောက်ရေး တပ်မတော် K.I.A နယ်မြေဖြစ်တဲ့ ရှဒန်ပါနှင့် မဒီယာန် ဘက်များတွင် အောက်တိုဘာလ ၂၁ ရက်နေ့ ကတည်းက စစ်အစိုးရ စစ်တပ်ရဲ့ လေယာဉ် (Helicopters) များ ရောက်ရှိနေပြီ ဖြစ်ကြောင်း ၊ ဒီနေ့မှာလည်း ဗန်းမော်ဘက်တွင် စစ်အစိုးရ စစ်တပ်ရဲ့ လေယာဉ်များ မိုးပေါ်တွင် ပျံသန်း၊ လုံခြုံရေး ယူနေကြောင်း မျက်မြင်များထံမှ စုံစမ်းသိရှိရပါတယ်။မနေ့က တရုတ် အစိုးရမှ စစ်အစိုးရ စစ်တပ်များကို တရုတ်ပြည်နယ်စပ်ဘက်သို့ ကားအစီး (၃၀) ကျော်ဖြင့် ခေါ်သွင်းသွားခဲ့ကြောင်းကို...[Readmore]

စစ်အစိုးရ စစ်တပ်ဘက်မှ အကျအဆုံးများပြားနေ

|0 comments
Saturday, October 22, 2011 ကချင်ပြည်နယ် K.I.A အစိုးရနှင့် စစ်အစိုးရ စစ်တပ်တို့အကြား စက်တင်ဘာ (၁၃) ရက်မှ အောက်တိုဘာလ (၂၁) ရက်နေ့ ထိဖြစ်ပွားခဲ့သော စစ်ပွဲများတွင် K.I.A ဗဟိုဌာန၏ စာရင်းအရ စစ်အစိုးရ စစ်သား (၇၀၀) ကျော်ကျဆုံး သွားပြီဖြစ်ကြောင်း နှင့် စာရင်းမ၀င် ကျဆုံးသူများနှင့် ဆိုလျှင် (၁၀၀၀) ကျော် ကျဆုံးပြီဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။ ဤသို့ စစ်အစိုးရ စစ်တပ်မှ စစ်သားများ အများအပြားကျဆုံး ရခြင်းမှာ စစ်အစိုးရ စစ်တပ်ဘက်မှ စစ်သားများ စစ်တိုက်ချင်စိတ်...[Readmore]

Friday, October 21, 2011

စစ်အစိုးရ စစ်တပ်ရဲ့ ညှင်းပန်း နှိပ်စက် သတ်ဖြတ်မှု

|0 comments
Friday, October 21, 2011 အောက်တိုဘာလ (၁၇) ရက်နေ့တွင် နမ့်ဆန်ယန် ကျေးရွာ၌ စစ်အစိုးရ စစ်တပ် ခမရ (၄၃၈) နှင့် ခလရ (၁၄၁) မှ စစ်သားများ ဖမ်းဆီး ပစ်ခတ်မှုကြောင့် ကျည်ဆံမှန်ပြီး ယခု လိုင်ဇာ ပြည်သူ့ဆေးရုံတွင် ဆေးကုခံနေသော ဦးဂျန်ခမ်းနော် (အသက် ၇၂)  အား တွေ့ရစဉ်။ အောက်တိုဘာ (၂၀) ရက်နေ့တွင် စစ်အစိုးရ စစ်သားများသည် နမ့်ဆန်ယန် ကျေးရွာမှ ခရစ်ယာန် ဆရာ ဦးဂမ်ထုန် အားပစ်သတ်လိုက်ကြောင်း သတင်းရရှိပါသည်။ ထို့အတူ အောက်တိုဘာ (၂၀) ရက်မှာပင် စစ်အစိုးရ စစ်သားများမှ...[Readmore]

Thursday, October 20, 2011

ကချင်ပြည်နယ် တိုင်းမှူး ပြောင်း

|0 comments
Thursday, October 20, 2011 Kachin Independence Army ကချင်ပြည်နယ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်ဇေယျာအောင် အား အောက်တိုဘာ (၁၈) ရက်နေ့တွင် မြောက်ပိုင်းတိုင်းရာထူးမှ ဖယ်ရှားလိုက်ပြီဖြစ်ကြောင်း သတင်း ရရှိပါတယ်။ ဗိုလ်ချုပ်ဇေယျာအောင် ၏နေရာတွင် မပခ စစ်ဦးစီချုပ် G1 ဗိုလ်မှူးချုပ် ကိုကိုနိုင်အား ပြန်လည် အစားထိုး ခန့်အပ် လိုက်ြ်ပီးဖြစ်ကြောင်း သတင်းရရှီပါတယ်။ ဤသို့ တိုင်းမှူး ပြောင်းလှဲရခြင်းမှာ ကချင်ပြည်နယ်တွင်ဖြစ်ပွားနေသော...[Readmore]

Wednesday, October 19, 2011

K.I.A တပ်ရင်း (၁၁) စစ်သင်္ဘော ပစ်

|0 comments
Wednesday, October 19, 2011 အောက်တိုဘာလ ၁၇ ရက်နေ့ K.I.A တပ်ရင်း (၁၁) တို့မှ စစ်အစိုးရ စစ်တပ်တို့ မလိခမြစ် မှ စစ်အင်အား (၁၀၀) ကျော်စီ တင်ဆောင်လာတဲ့ စစ်သင်္ဘော (၂) စီးကို ခြုံခို တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း စုံစမ်း သိရှိရပါတယ်မြန်မာ အစိုးရစစ်တပ် အကျအဆုံးများ ကချင်ပြည်နယ် မိုးမောက်မြို့နယ်၊  ကျောက်စခန်း (ခ၀မ်ဘန်) အနီးတွင် အောက်တိုဘာလ ၁၇ ရက်နေ့မှ စတင်ပြီး ကေအိုင်အေ တပ်မဟာ ၃ လက်အောက်ခံ တပ်များနှင့် စစ်အစိုးရ စစ်တပ်တို့ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေကြောင်း...[Readmore]

Monday, October 17, 2011

ကချင်ပြည်နယ် တိုက်ပွဲများ

|0 comments
Monday, October 17, 2011 K.I.A အုပ်ချုပ်နယ်မြေဖြစ်တဲ့ အောင်ဂျာကျေးရွာအနီး လိုင်လွမ် လီဆူးကျေးရွာက ကျေးရွာသူကြီး ကို စစ်အစိုးရ စစ်တပ်မှ ဖမ်းဆီးညှင်းပန်း နှိပ်စက်နေကြောင်း စုံစမ်းသိရှိရပါတယ်။ တဆက်တည်းမှာဘဲ အောက်တိုဘာလ ၁၆ ရက်နေ့ နမ်ဆန်ယာန် ကျေးရွာမှ ရွာသားတစ်ဦးကိုလည်း စစ်အစိုးရ စစ်တပ်တို့မှ ဖမ်းဆီးညှင်းပန်းနှိပ်စက်ခဲ့ကြောင်း သိရှိရပါတယ်။ အောက်တိုဘာလ ၁၆ ရက်နေ့မှာ K.I.A တပ်နှင့် စစ်အစိုးရတပ်တို့အကြား ကချင်ပြည်နယ် နမ်ဆန်ယာန် အင်ဘူကောင်(ကုန်း)...[Readmore]

Sunday, October 16, 2011

K.I.A နှင့် စစ်အစိုးရ တိုက်ပွဲများ

|0 comments
Sunday, October 16, 2011 ကချင်လွတ်မြောက်ရေး တပ်မတော် K.I.A တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၁) တို့မှ အောက်တိုဘာလ ၁၅ ရက် လွယ်ဂျယ် ကျေးရွာနှင့် အင်ဘာပါကျေးရွာ ကြားမှာ အခြေစိုက် စခန်းချထားတဲ့ စစ်အစိုးရ စစ်တပ် ခမရ (၃၂၁) ရှေ့တန်း စခန်းဖြစ်တဲ့ မောရွှေ စစ်စခန်းကို K.I.A တပ်ရင်းတို့မှ သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။ K.I.A တပ်ရင်း တို့မှ စစ်အစိုးရ စခန်းဖြစ်တဲ့ဂျန်မိုင် စခန်းကိုသိမ်းပိုက်လိုက်တဲ့ အတွက် စစ်အစိုးရ စစ်တပ်တို့မှ ဒေါသထွက်ပေါက်ကွဲကာ...[Readmore]