Saturday, November 26, 2011

ပြည်သူများ ထိတ်ခနဲ ဖြစ်နေတဲ့ ကချင်နယ်မြေမှ ဗုံး သံ

|0 comments
Saturday, November 26, 2011    Kachin Independence Army  စစ်အစိုးရရဲ့ စစ်အင်အား တိုးချဲ့လာမှုတွေဟာ တစ်နေ့ထက်တစ်နေ့ ပိုမို များပြားလာနေပါတယ်။ အောက်ပိုင်းမှ တပ်မများကို ကချင်နယ်မြေသို့ အင်အားဖြည့် စေလွတ်နေပါတယ်။ များမကြာမီမှာ ကေအိုင်အေနှင့် စစ်တပ်တို့ အကြား တိုက်ပွဲများ ပိုမူ ပြင်းထန်လာမယ်လို့ ပြည်သူများက စိုးရိမ်ပူပန်နေကြပါတယ်။ ကေအိုင်အေတပ်လည်း စစ်ရေး ပိုမို ပြင်ဆင်လျက် ရှိနေပါတယ်။  နိုဝင်ဘာလ ၂၅ ရက် ကချင်ပြည်နယ် မြစ်ကြီးနားမြို့...[Readmore]

ကေအိုင်အေ ဒုတိယအကြိမ် သိန်းစိန်နင့် တရုတ်နိုင်ငံ မှာ တွေ့မည် ။

|0 comments
Saturday, November 26, 2011 သမ္မတ ဦးသိန်းစိန် ရဲ့ အထူး ကိုယ်စားလှယ် အစိုးရသစ် ရထားဝန်ကြီး ဦးအောင်မင်းနှင့် တွေ့ဆုံခဲ့သော ကေအိုင်အေ ဘက်က  ကိုယ်စားလှယ်များ ပထမ အကြိမ်တွေ့ ဆုံပြီး ခဲ့ပါတယ် ။   ဒုတိယအကြိမ်အားဖြင့် နောက်အပတ်တွင် အစိုးရသစ် ကိုယ်စားလှယ် များ နှင့် ကေအိုင်အို ကိုယ်စားလှယ်များ ပြန်ပြီး တရုတ်နိုင်ငံ မှာ တွေ့ဆုံဖို့ သဘော တူထားပြီးပြီလို့ သိရပါတယ်။ အစိုးရ ကိုယ်စားလှယ် နဲ့  တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ လေးခုတို့  နိုဝင်ဘာ...[Readmore]

စစ်ပွဲတွေရပ်ပစ်!

|0 comments
 Saturday, November 26, 2011  စစ်ပွဲးရပ်ပစ် တိန်ကော့နော်ဂျာ . ဦးကျော်သူ  စစ်ပွဲးရပ်ပစ် ကျွန်တော်တို့ နာရေး ကူညီမှု အသင်း (ရန်ကုန်) အနေဖြင့် ကချင်ပြည်နယ်၏ ထူးခြားလှသော အလှတရားများ ပျက်စီးမှုကို ကာကွယ်ရေး အတွက်၎င်း၊ ကချင်ပြည်နယ်ရှိ တိုင်းရင်းသား လူမျိုးတို့၏ အသက် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရေး အတွက်၎င်း၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေး အတွက်၎င်း ရည်ရွယ်ပြီး ကချင်ပြည်နယ် မြစ်ဆုံရေကာတာ စီမံ ကိန်းအား ကန့်ကွက်မှုကို အင်တိုက်...[Readmore]

Friday, November 25, 2011

အထူးတိုက်ခိုက်ရေးတပ် တပ်မ (၄၄) ကို ကချင်နယ်မြေသို့ အင်အားဖြည့်

|0 comments
Friday, November 25, 2011 စစ်အစိုးရ စစ်တပ်ဟာ နိုဝင်ဘာလ ၂၂ ရက်နေ့က စတင်ပြီး ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း များတွင် စစ်အင်အား အလုံးအရင်းဖြင့် ပြန်လည် တိုးချဲ့ စစ်ဆင်လာနေကြောင်း ကေအိုင်အေ အရာရှိများမှ ပြောကြားလာပါတယ်။ ကချင်ပြည်နယ် မန်ဝိန်းကြီး၊ ဗန်းမော်-မြစ်ကြီးနား ကားလမ်း တလျှောက် စစ်တပ် စစ်အင်အားဖြည့်တင်း နေပါတယ်။ စစ်အစိုးရရဲ့ အောက်ပိုင်း စစ်တပ်ဖြစ်တဲ့ တပ်မ (၄၄) ကိုလည်း ယခုချိန်တွင် ကချင်ပြည်နယ် ကေအိုင်အေ ဌာနချုပ် လိုင်ဇာဘက်သို့...[Readmore]

ကချင်ပြည်နယ် စစ်ပွဲအခြေအနေများ

|0 comments
Friday, November 25, 2011  လတ်တလော အခြေအနေများကြောင့် 24 ရက်နေ့မှ စပြီး  ဗန်းမော်-လိုင်ဇာသွား ကားလမ်းလည်း ပိတ်ထားလိုက်ပါပြီ။ " ဓါတ်ပုံ    WPNG   ဒီနေ့ကစပြီးတော့ ဗန်းမော် နဲ့ လိုင်ဇာဘက်က ကုန်ကား နဲ့ တခြားကား တွေ အားလုံး ပိတ်လိုက်ပြီ။ သွားလို့မရတော့ဘူး ။ လိုင်းဇာဘက်ကို ကားမဆွဲတော့ဘူး ။ ဒီမနက်ဆင်မယ့် ကားတွေကလည်း အခု သွားလို့ မရတော့ဘူး ပိတ်လိုက်ပြီလို့ ပြောတယ် ။ ကချင်တပ်မဟာ ၃ ဒေသဘက် ကို ၂၄ ရက်နေ့ မနက်ပိုင်း နှင့်...[Readmore]

ကချင်လူမျိုး နို့စို့ ကလေးအမေဆွမ်းလွတ်ရွယ်ဂျား ခမရ ၃၂၁

|0 comments
 Friday, November 25, 2011 ကချင်လူမျိုး နို့စို့ ကလေးအမေဆွမ်းလွတ်ရွယ်ဂျား ခမရ ၃၂၁ သိန်းစိန်စစ်တပ် မှ စစ်သားများ  တယောက်ပြီး တယောက် ......ဖမ်းဆီးထားသည်မှာ ၂၅ ရက်ရှိသွားပေမဲ့ ပြန်မလွတ်သေး ..... ဒီနေ့ဟာ အင်းမောက်မြို့ ခိုင်ဘန့် ကျေးရွာမှ နို့စို့ကလေးအမေ ဆွမ်းလွတ်ရွယ်ဂျားကို စစ်အစိုးရစစ်တပ် ခမရ (၃၂၁) ရှေ့တန်း စစ်တပ်ဖြစ်တဲ့ မုဘွမ် အခြေစိုက် တပ်တို့မှ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ရာ နိုဝင်ဘာလ ၁၈ ရက်နေ့ အထိဆိုရင် ရက်ပေါင်း (၂၅) ရက် ရှိသွား ပါပြီ။...[Readmore]

Thursday, November 24, 2011

ကချုင်ပြည်နယ်သို့ စစ်အစိုးရ စစ်တပ် စစ်အင်အား တိုးချဲ့

|0 comments
Thursday, November 24, 2011 ကချင်ပြည်နယ် ဗန်းမော် မြစ်ကြီးနားလမ်း မြို့သစ်သို့ စစ်အစိုးရ စစ်တပ်အင်းအား (၈၀၀) ကျော် ဟာ နိုဝင်ဘာလ (၂၃) ရက် ညနေပိုင်းမှာ ရောက်ရှိလာပြီ ဖြစ်ကြောင်း မျက်မြင်များက သတင်း ပေးပို့ လာပါတယ်။ ဤအစိုးရစစ်တပ်များသည် ကေအိုင်အေ စစ်ဌာနချုပ် လိုင်ဇာဘက်သို့ ဆက်လက် ထွက်ခွာသွားမည် ဖြစ်ကြောင်းကိုလည်း သိရှိရပါတယ်။ ကေအိုင်အေ နှင့် စစ်အစိုးရ စစ်တပ်တို့ အကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ ရှေ့တန်း ရောက်နေတဲ့ စစ်အစိုးရ စစ်တပ် တချို့ကို ယခုအခါ...[Readmore]

ကချင်ပြည်နယ် ကိုယ်စားလှယ် ဦးဇန်ထားဆင် မိန့်ခွန်းပြောကြားချက် တခုကိုတင်ပြလိုက်တာပါ ။

|0 comments
Thursday, November 24, 2011 သဘာပတိကြီးနှင့်ကြွရောက်လာကြတဲ့ ပြည်နယ်ကိုယ်စာလှယ်တော်များ လူမျိုးစုဆိုင်ရာမှ ကိုယ်စားလှယ်တော်များ ခင်ဗျာ- ယနေ့  ဒီလိုကောင်းမြတ်တဲ့ အချိန်အခါမှာ ပြည်နယ်များနဲ့ လူမျိုးစုပိုင်းက ကိုယ်စာလှယ်တော်များ ယခုလို ခေတ်များများစုံစုံလင်လင် လာကြတဲ့ အစည်းအဝေးကြီးမှာကျွန်တော်တို့လည်း ကချင်ပြည်နယ် ကိုယ်စာလှယ်တော်များ အနေနှင့် နိုင်ငံရေး အဖွဲ့အစည်းပေါင်းစုံ ကိုယ်စာလှယ်တော်များ ဒီကနေ့ ညီလာခံကြီးမှာ တက်ရောက်လာရတဲ့ အတွက် အများကြီးဘဲ...[Readmore]

Wednesday, November 23, 2011

ကချင်အရေးအတွက် အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးကို CSW တောင်းဆို

|0 comments
Wednesday, November 23, 2011    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ကချင်ပြည်သူများပေါ် မြန်မာအစိုးရမှ အကြမ်းဖက်တိုက်ခိုက်နေမှု ရပ်တံ့ရေး တွန်းအားပေးရန် လာမည့် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံသို့လည်ပတ်မည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကို CSW က တောင်းဆိုလိုက်သည်။ တစ်ဆက်တည်းတွင် ပြည်သူများအား အဓမ္မပြုကျင့်မှု၊ အဓမ္မလုပ်အားခိုင်းစေမှု၊ နှိပ်စက်မှု၊ ဘာသာရေးဖိနှိပ်မှု၊ သတ်ဖြတ်မှုများ ရပ်တံ့ရန်၊ တနိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရန်၊...[Readmore]

(သန်း) ရွှေဂက်စ် (ဓါတ်ငွေ့) စီမံကိန်း - တိုင်းပြည်ပျောက်သွားစရာ အကြောင်း -အပိုင်း (၁)

|0 comments
Wednesday, November 23, 2011 ဆောင်းပါးရှင် - ဒေါက်တာ ဦးဝင်း မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်တို့ အကြားအငြင်းပွားနေသော ပင်လယ်ပြင် နယ်စပ် လမ်းကြောင်း ပြဿနာကိုလာမည့် လပိုင်း အတွင်း ကမ္ဘာ့ ကုလသမဂ္ဂမှ ဆုံးဖြတ်ပေးဖွယ်ရာ ရှိသည်။ ဤကိစ္စ၏ ဇစ်မြစ်မှာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ အနီးရှိ၊ ကမ်းလွန်ပင်လယ်ရေပြင်ရှိ၊ သဘာဝဓါတ်ငွေ့ သံယံဇာတသိုက်၏ တည်ရာနယ်နမိတ် အတွက်၊ မြန်မာစစ်အစိုးရက သတ်မှတ်မှုကို၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကန့်ကွက် ထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံ ပြည်တွင်းရှိ...[Readmore]

မဟာစစ်ဆင်ရေးအတွက်အကြွေးတင်ပြီ။

|0 comments
Wednesday, November 23, 2011 မျိုးဆက်သစ် ကချင်  နယ်ချဲ့ကျူးကျော်ရန်ကို အတူတကွ တိုက်ခိုက် တွန်းလှန်ခဲ့တာက တိုင်းရင်းသား ညီအစ်ကိုတွေပါ… ဗမာက နောက်မှ ထိပ်ကွက်ပြီး ကလိန်ကကျစ် ညစ်ပတ်လိမ်ယူခဲ့တာ အားလုံး အသိပါ။ တကယ်တော့ လွတ်လပ်ရေး သမိုင်းကို ပြန်ကြည့်မယ် ဆိုရင် ပင်လုံ စာချုပ်က မြန်မာပြည်ကြီးရဲ့ ပြည်တွင်းစစ်မီး ဖန်တီးခဲ့တဲ့ အဓိက တရားခံ ဒီနေ့ထိ အသက်ပေါင်းများစွာ သွေးမြေ ကျနေရတဲ့ ဗမာ့ ပင်လိမ် စာချုပ်အဖြစ် ပြောင်းလဲ ခဲ့ရတာပါ။ တိုင်းရင်းသားများရဲ့...[Readmore]

Tuesday, November 22, 2011

အဆိပ်မိုးနဲ့ ပတ်သက်ပြီး မေးမြန်းချက်

|0 comments
 Tuesday, November 22, 2011 Mai Ja Yang kaw htu ai Acid rain hte seng nna gara hku mang hkang mai byin wa ai ngu ai hpe Thai Mungdan de mungkan hpa ji hpe sharin hkaja taw nga ai Wunpawng Shayi sha hte Wunpawng  News  Group hkunna san htai galaw da ai re.San :Ya mai ja yang kaw htu ai sanap hka nsam re ai marang hpe mung masha nkau ni gaw Acid marang re nga na tsun nga ma ai.. Shayi sha gaw gara hku mu mada ai rai..?Htai:It might...[Readmore]

ကချင်ပြည်နယ် မိုင်ဂျာယာန်မှာ ရွာတဲ့ အဝါရောင် မိုး (အဆိပ်မိုး) ဓါတ်ပုံ သတင်း

|0 comments
 Tuesday, November 22, 2011 ကချင်ပြည်နယ် မိုင်ဂျာယာန်မှာ ရွာတဲ့ အဝါရောင် မိုး (အဆိပ်မိုး) ဓါတ်ပုံ သတင်း ကချင်ပြည်နယ် မိုင်ဂျာယာန်မှာ ရွာခဲ့တဲ့ အဝါရောင်မိုး ခေါ် (အဆိပ်မိုး) ဓါတ်ပုံများဖြစ်ပါတယ်။ ဒီလို အဆိပ်မိုး ရွာသွန်းလာခြင်း ဟာ စစ်အစိုးရရဲ့ ဓါတုလက်နက် အသုံးပြုမှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ ပြည်သူများလည်း ယခုချိန်တွင် ရေမသောက်ရဲ၊ ဟင်းသီးဟင်းရွက် မချက်စားရဲ... စိုးရိမ်မှုများနဲ့ ကြုံတွေ့နေရပါတယ်။ တချို့ကလည်း...[Readmore]

အင်္ဂလန် အစိုးရ ကျောင်းသားဗီဇာ ဥပဒေ သစ်ထုပ်လိုက်

|0 comments
Tuesday, November 22, 2011 ၂၀၁၁ မှစပြီး   အင်္ဂလန် နိုင်ငံ မှာ ကျောင်းသား ဗီဇာ နှင့် ပတ်သက်ပြီး အပြောင်းအလဲ ဥပဒေ သစ်ကို ထုပ်ထား လိုက်တယ် လို့ သိရပါတယ် ။။လန်ဒန်-ဧပြီ ၂၀၁၂ မှ စပြီး highly trusted sponsor ရရှိသော ကျောင်း များမှာ  အပ်သောသူများကိုသာ ဗီဇာ ချပေးတော့မှာ ဖြစ်ပြီး ယခုလက်ရှိတွင် ထို ဥပဒေ က အကျုံးဝင်ခြင်း မရှိသေးပါ။- အင်္ဂလန်သို့ လာရောက်၍ ပညာသင်ကြားမည့် ကျောင်းသားတိုင်း အင်္ဂလိပ်စာ အဆင့်မြင့် upper intermediate Level (B2) ဖြစ်ရမယ်...[Readmore]

Monday, November 21, 2011

စစ်တပ်အနီး​ရှိ ​နေအိမ် အ​ဆောက်အဦများ​ ​ရွှေ့​ပြောင်း​ခိုင်း

|0 comments
 November 21, 2011 ကချင်ပြည်နယ်၊​ မြစ်ကြီး​နား​မြို့​ ​နောင်း​ပုံ​ကျေး​ရွာအနီး​ အ​ခြေစိုက် ခလရ ၃၇ တပ်ဧရိယာအနီး​ရှိ လူ​နေအိမ်နဲ့​ အ​ဆောက်အဦ​တွေကို နိုဝင်ဘာလကုန် ​နောက်ဆုံး​ထား​ပြီး​ ​ရွှေ့​ပြောင်း​ဖို့​ စစ်တပ်က အမိန့်​ထုတ်ထား​တယ်လို့​ မြစ်ကြီး​နား​ ​ဒေသခံတဦး​က ​ပြောပါတယ်။ “၃၇ နဲ့​ ကပ်လျက်ရှိ​နေတဲ့​ ​နေအိမ်၊​ ကြက်ခြံ​တွေ၊​ သစ်စက်​တွေအား​လုံး​ကို နိုဝင်ဘာ ၃ဝ ရက် ​နောက်ဆုံး​ထား​ပြီး​ အား​လုံး​ ​ရွှေ့​ပြောင်း​ရမယ်လို့​ ခလရ ၃၇ က အမိန့်​ ထုတ်ပြန်တယ်။...[Readmore]

ဒို့နိုင်ငံတော် သီချင်းသံ ဒို့ပြည်သူထံ လွှမ်းစေရန် - အပိုင်း (၁)

|0 comments
 Monday, November 21, 2011 ဆောင်းပါးရှင် - နတ်မောက်ခင် တရားမျှတ .. လွတ်လပ်ခြင်းနှင့်မသွေ .. ဒို့ပြေ (ပြည်) ဒို့မြေ.. ပြည်ထောင်စုအမွေ..အမြဲတည်တံ့စေ.. အဓိဌာန်ပြုမလေ.. ထိန်းသိမ်းစို့မသွေ… (ကမ္ဘာမကြေ.. မြန်မာတွေ… ဒို့ဘိုးဘွား အမွေအနှစ်မို့… ချစ်မြတ်နိုးပေ…) ၂ (ပြည်ထောင်စုကို အသက်ပေးလို့.. ဒို့…ကာကွယ်မလေ.. ဒါဒို့ပြေ (ပြည်) ဒါဒို့မြေ … ဒို့ပိုင်တဲ့ ပြေ..) ၂ ဒို့ပြေ..ဒို့မြေ.. အကျိုးမို့..ညီညာစွာ.. ဒို့တတွေ… ထမ်းဆောင်ပါစို့မသွေ.. ဒို့တာဝန်ပေ.....[Readmore]

မိုင်ဂျာယာန် မှာ အဆိပ်မိုးရွာ

|0 comments
21.  11. 2011  ဇော်ရှန်(wunpawng) 20/11/2011 ညနေပိုင်း 2:30 pm  ကေအိုင်အေ ထိန်းချုပ်သည့် မိုင်ဂျာယာန် မှာ အဆိပ်မိုးများ ရွာလာတယ်လို့ ဒေသခံများက ပြောပါတယ်  ။ ဒီသတင်းနှင့်ပါတ်သက်ပြီး wunpawng news မှ ကေအိုင်အေ ဌာန သို့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်း ဆက်သွယ်မှု မရသေးသည့် အတွက် သတင်း အပြည့်အစုံကို ဆက်လက်ဆက်သွယ်နေပါတယ် ။ W...[Readmore]

MAIJA YANG HTA ACID MARANG HTU AI LAM HTE SENG NNAမြန်မာနိုင်ငံတွင် ပထမဦးဆုံး မိုင်ဂျာယာန်အဆိပ်မိုးရွာ

|0 comments
Monday, November 21, 2011 MAIJA YANG HTA ACID MARANG HTU AI LAM HTE SENG NNA Wunpawng Mungdan Shanglawt Asuya a up hkang ginrai rai nga ai Mai Ja Yang kaw dai na de 20/11/2011 shana de hkying 2:30 pm daram hta sanap hka garang da ai nsam hta kachyi mi grau htoi ai nsam hte re marang htu wa ai. Mai Ja Yang mare baw de lawk (2) maga de grau sawng ai. Nkau nta hkan gaw ram ram htat ai. Yu mau chyan (nta galup ai hpan), nta ntsa kaw gaw grau dan ai....[Readmore]

Sunday, November 20, 2011

မဟာစစ်ဆင်ရေးအတွက် အကြွေးတင်ပြီ

|0 comments
Sunday, November 20, 2011 နယ်ချဲ့ကျူးကျော်ရန်ကို အတူတကွတိုက်ခိုက်တွန်းလှန်ခဲ့တာက တိုင်းရင်းသား ညီအစ်ကိုတွေပါ… ဗမာက နောက်မှ ထိပ်ကွက်ပြီး ကလိန်ကကျစ် ညစ်ပတ်လိမ်ယူခဲ့တာ အားလုံးအသိပါ။ တကယ်တော့ လွတ်လပ်ရေးသမိုင်းကို ပြန်ကြည့်မယ်ဆိုရင် ပင်လုံစာချုပ်က မြန်မာပြည်ကြီးရဲ့ ပြည်တွင်းစစ်မီး ဖန်တီးခဲ့တဲ့ အဓိက တရားခံ ဒီနေ့ထိ အသက်ပေါင်းများစွာ သွေးမြေကျနေရတဲ့ ဗမာ့ (စစ်အာဏာရှင် စစ်အစိုးရ စစ်တပ်ရဲ့) ပင်လိမ် စာချုပ်အဖြစ် ပြောင်းလဲခဲ့ရတာပါ။ တိုင်းရင်းသားများရဲ့ ရိုးသားဖြူစင်မှုကို...[Readmore]

က​ချင်​မိသားတစု ဖမ်း​ဆီး စစ်​ဆေး​ခံရ

|0 comments
Sunday, November 20, 2011နိုဝင်ဘာ ၁၈ ရက်နေ့ နေ့ခင်းပိုင်းက ရှမ်းပြည်မြောက်ပိုင်း၊ နမ်းခမ်းမြို့နယ်၊ နောင်စန့်ကုန်း​ ​ကျေးရွာနေ ကချင်မိသားစုတစု အပါအဝင် ကျေးရွာသား ၉ ဦးကို နယ်မြေခံစစ်တပ်နဲ့​ ​ပြည်သူ့စစ်အဖွဲ့အင်အား ၃ဝ လောက်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အဆက်အစပ်ရှိတယ်ဆိုတဲ့ မသင်္ကာမှုနဲ့ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပါတယ်။အဲဒီခေါ်ဆောင်သွားတဲ့အထဲက ပလောင်အမျိုးသားဖြစ်တဲ့ တရားဟောဆရာ ဦးမောင်သန်း၊ မိုင်လုံနဲ့ ကချင်မိသားစုဝင်တွေဖြစ်တဲ့​ ​ဒေါ်မာဂျီနဲ့​ ​ယော်ထန်းဆိုသူကိုတော့​...[Readmore]

ထိုင်းနိုင်ငံ အုန်းပြန့်ဒုက္ခသည် စခန်းမှာ ခိုလုံနေကြသော ကချင်လူမျိုးများ ကောက်သစ်စားဆုတောင်း ပွဲတော် ပြုလုပ်

|0 comments
Sunday, November 20, 2011 အုန်းပြန့် ဒုက္ခသည် စခန်း မြန်မာ-ထိုင်း နယ်စပ်ရှိ အုန်းပြန့် ဒုက္ခသည်စခန်းမှာ လာရောက်ခိုလုံနေကြတဲ့ ကချင် လူထုများမှ နိုဝင်ဘာလ ၂၀ ရက်နေ့ တနင်္ဂနွေနေ့ Kachin Fellowship Church (K.F.C) ဘုရားကျောင်းတွင် ကောက်သစ်စား ဆုတောင်းပွဲတော် ကျင်းပပြုလုပ်မည် ဖြစ်ပါတယ်။ အုန်းပြန့် စစ်ပြေး ဒုက္ခသည် စခန်းတွင် ကချင်လူမျိုး (၁၅၀) ဝန်းကျင် နေထိုင်ခိုလုံလျက်ရှိကြောင်း သိရှိရပါတယ်။ “ဟုတ်ပါတယ်.. ကျနော်တို့ အုန်းပြန့် စစ်ပြေးဒုက္ခသည် စခန်းမှာ လာရောက်...[Readmore]