Wednesday, September 07, 2011

K.I.A နှင့် စစ်တပ်တို့ တိုက်ပွဲ ပြင်းထန်


ရှေ့တန်းနယ်မြေရောက်ရှိနေသော K.I.A တပ်မတော်

K.I.A နှင့် စစ်တပ်တို့အကြား စက်တင်ဘာလ ၅ ရက် ၂၀၁၁ ညနေ ပိုင်း ၆း ၃၀ ဝန်းကျင် နှင့် စက်တင်ဘာလ ၆ ရက် ၂၀၁၁ မနက် ၆း ၃၀ နာရီ ဝန်းကျင်တွင် ကချင်ပြည်နယ် နမ်ဆန်ယာန် ကျေးရွာ အနောက်ဘက်ရှိ ဂျာအိန်ယာန် ( Ja Ing Yang ) ကျေးရွာအနီးတဝိုက်တွင် တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း ကျေးရွာနှင့် နီးစပ်သူတွေက သတင်းပေးပို့လာပါတယ်။ အဲ့ဒီတိုက်ပွဲတွင် စစ်တပ်ဘက်မှ (၄) ဦး ကျဆုံးပြီး တချို့ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါတယ်။

တဆက်တည်း စက်တင်ဘာလ ၆ ရက် ၂၀၁၁ ည နေ့လည်ပိုင်း ၁း ၁၅ နာရီ ဝန်းကျင်တွင် လိုင်ဇာ ဗမော် ( Manmaw ) လမ်းရှိ လွယ်မောက်ယာန် ( Loimawk Yang ) ကျေးရွာ အနီးမှာ K.I.A တပ်မ ၅ မှ ကေအိုင်အေ စစ်သားတွေနှင့် စစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ရင်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ (၂) ဦး ကျဆုံးပြီး (၃) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါတယ်။

စက်တင်ဘာလ ၆ ရက် နေ့မှာဘဲ ညနေပိုင်း ၂း ၅၀ နာရီ ဝန်းကျင်တွင် K.I.A တပ်မ (၃) လက်အောက်ခံ တပ်ရင်း (၁၅) နယ်မြေ ခရုန်ကရုန် ( Hkarung Krung ) နေရာတွင် K.I.A တပ်ရင်း (၁၅) နှင့် စစ်တပ်တို့ အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်တပ်ဘက်မှ (၂) ဦး ကျဆုံးခဲ့ကြောင်း သိရှိရပါတယ်။ K.I.A ဘက်မှာတော့ ကျဆုံးသူ ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း ဆက်လက်စုံစမ်းသိ ရှိရပါတယ်။

0 comments: