Thursday, September 08, 2011

ကချင်ပြည်နယ်တွင် ကချင်ပြည်သူ အချင်းချင်း ဝိုင်းဝန်းကူညီ


K.I.A နှင့် စစ်တပ်တို့ အကြား လွန်းခဲ့တဲ့ ဇွန်လ (၉) ရက် နေ့က စပြီး တိုက်ပွဲစတင်ခဲ့ ရာ ယနေ့ထိ ဆက်တိုက်ဖြစ်ပွား လျက်ရှိပါတယ်။ စစ်ပွဲများကြောင်း ကချင်ပြည်သူတွေ နှင့် ကချင်ပြည်နယ် နေရာအနံ့ ကျေးရွားအနံ့ တွင် နေထိုင်ကြသော ပြည်သူပြည်သားများမှာ ဆင်းရဲဒုက္ခများ စွာကို ခံစားနေ ကြရပါတယ်။ အထူးသဖြင့် ကလေးငယ်တွေနှင့် အမျိုးသမီးများဖြစ်ကြပါတယ်။ ငြိမ်းချမ်းရေးကို လိုလားပါတယ်ဆိုတဲ့ မြန်မာစစ်အစိုးရ အာဏာပိုင်များသည် စစ်ဖြစ်ပွားရာ ဒေသများမှ အမျိုးသမီးများကို နှိပ်စက် မဒိန်းကျင့်၊ ကလေးသူငယ်များကို ညှင်းပန်းနှိပ်စက် တာတွေဟာ ပိုမိုများပြားလာကြောင်း မျက်မြင်ကိုယ်တွေ့ ရှိနေပါတယ်။ စစ်အစိုးရဟာ ကမ္ဘာကို လှည့်စားလို့ရမှာ မဟုတ်တော့ပါဘူး။ သမ္မတ ဦးသိန်းစိန် အပါအဝင် အထက်အရာရှိများဟာ သူတို့ အလှည့်ရောက် လာတော့မှာကို အင်မတန်ဆိုးရိမ်နေပါတယ်။ ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေကို အသက်သွင်းရန် အချိန်ယူနေခြင်းဖြစ်ပါတယ်။ ဘာဘဲလုပ်လုပ် အမှန်တရားဟာ ဖုံးဖိထားလို့မရပါဘူး။ 
K.I.A ကို ချစ်ခင်လေးစားသော ကချင်စစ်ပြေးဒုက္ခသည်

ယခုဖြစ်ပွားနေတဲ့ စစ်ပွဲများကြောင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များမှ စစ်ပြေး ဒုက္ခ သည်တွေကို ပြည်သူ အချင်းချင်းသာ ကူညီစောင့်ရှောက်လျက်ရှိပါတယ်။ K.I.A ထိန်းချုပ်တဲ့ နယ်မြေမှာတော့ ကချင်ပြည်သူများ ချစ်ခင်လေးစားရသော K.I.O/K.I.A မှ ကောင်းကောင်း မွန်မွန် စောင့်ရှောက် လျက်ရှိနေပါတယ်။ ချစ်ခင်လေးစား ရပါသော ကချင်ပြည်သူ များခင်ဗျာ.. အချင်းချင်းဘဲ ယုံကြည်ချစ်ခင်လျက် ရှေ့လျှောက်သွားမှ သာလျှင် စစ်မှန်သော ကချင် တိုင်းပြည်ကို ရရှိမှာဖြစ်ပါတယ်။ သွေးက စကားပြောတယ်ဆိုတာကို အာဏာကို မက်မော လျက်ရှိသော စစ်အစိုးရအား သက်သေပြရင်း ၊ အောင်မြင်သော လမ်းကို လျှောက်ဖို့ရန် အသက်ရှင်သော ဘုရားသခင်ဟာ ကျနော်တို့နှင့်အတူ အမြဲရှိနေပါတယ်။ 

အမှန်တရားကို မြတ်နိုးသော
W.P Moses

0 comments: