WPN
၂ဝ၁ဝ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ခွင့် မရရှိခဲ့တဲ့ ကချင်တိုင်းရင်းသား ခေါင်းဆောင် ဒေါက်တာမနန်တူးဂျာကြားဖြတ်ရွေးကောက်ပွဲတွင် ကချင်ပြည်နယ် မိုးကောင်းမြို့နယ်
ပြည်သူ့လွှတ်တော် နေရာမှာ တသီးပုဂ္ဂလအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်း ပေးထား ပေမဲ့
ရွေးကောက်ပွဲ ကော်မရှင်ထံမှ အကြောင်းပြန်ကြားမှု စောင့်ဆိုင်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ် ။.
ဒေါက်တာတူးဂျာက အမတ်လောင်း မဟုတ်သေးတဲ့ အတွက် လူထုဟောပြောပွဲ ၊ စည်းရုံးရေး ခရီးစဉ် များကိုပါ မလုပ်နို်င်သေးကြောင်း သိရပါတယ် ။
ဒေါက်တာတူးဂျာ ဦးဆောင်ပြီး ဖွဲ့စည်းခဲ့တဲ့ ကချင်ပြည်နယ် တိုးတက်ရေးပါတီ (KSPP)အနေဖြင့် ၂ဝ၁ဝ ခုနှစ်ရွေးကောက်ပွဲတွင် မှတ်ပုံတင်ခွင့် မရရှိခဲ့ပါ ။
တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း အနေနဲ့  ဝင်ရောက်ယှဉ်ပြိုင်ရန် ထပ်မံကြိုးပမ်း ခဲ့ပေမဲ့ မရရှိခဲ့ပါ .။
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ဒေသခံ ဖွံ့ဖြိုးရေး ၊ အလုပ်သမား၊ လယ်သမား အခွင့်အရေးများ ကိုအဓိက လုပ်ဆောင်သွားးမယ်လို့  ဒေါက်တာတူးဂျာက ပြောပါတယ် ။
ကချင်ပြည်နယ် ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်တဲ့ ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ် သုံးနေရာမှာ ကိုယ်စားလှယ်လောင်း ၁၁ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ် ။
0 comments:
Post a Comment