Monday, January 16, 2012

စစ်အစိုးရ စစ်တပ်မှ ကချင်ပြည်နယ်တွင် လူ့အခွင့်အရေး၊ စစ်ရာဇဝတ်များကို ကျိုးလွန်နေဆဲ...

|0 comments
Monday, January 16, 2012

W.P Moses

 စစ်အစိုးရ စစ်တပ်မှ ကချင်ပြည်နယ်နှင့် စစ်ဖြစ်ပွားနေတဲ့ ဒေသများတွင် လူ့အခွင့်အရေး၊ စစ်ရာဇဝတ်များကို ကျိုးလွန်နေစဲ - ဓါတ်ပုံ သတင်းများ

လွယ်ဂျေမြို့ မုဘွမ် အခြေစိုက် ခမရ ၃၂၁ စစ်အစိုးရ စစ်တပ်မှ ဇန်နဝါရီ ၁၂ ရက်နေ့ မနက် ၁၁ နာရီ၊ တရုတ်နိုင်ငံသား ဦးဇော်လေါန် အသက် ၅၃ နှစ် အား သေနပ် ကျည်ဆံ ၆ ချက် အပြင် ခေါင်းမှာလည်း ရိုက်ခွဲကာ အပြစ်မဲ့ သတ်ပစ်ခဲ့လေပြီ...
 ဇန္နဝါရီလ ၁၁ ရက် ၂၀၁၂ ခုနှစ် မှာ စစ်အစိုးရ စစ်တပ်တို့ရဲ့ အသတ်ခံလိုက်ရတဲ့ ၄ လ ကိုယ်ဝန်ရှိ ကချင် အမျိုးသမီး ဒေါ်ယိန်းဝမ်
ဇန်နဝါရီလ ၁၁ ရက်နေ့ ၂၀၁၂ ခုနှစ် ကချင်ပြည်နယ် ဖါးကန့်ကားလမ်း၊ နမ်ယာ - ကတ်မော် အကြားတွင် စစ်အစိုးရ စစ်တပ်မှ ပစ်သတ်ခြင်းခံလိုက်ရတဲ့ ကချင်အမျိုးသမီး ဒေါ်မန်ရှန်း ယိန်းဝမ် ရဲ့ ဗိုက်ထဲမှ ၄ လ သာရှိသေးတဲ့ အသက်မရှိတော့တဲ့ မဂျာရိန်ပန် ရဲ့ သနားစရာပုံအား တွေ့မြင်ရစဉ်…

 လမာလု အသက် ၃၃ နှစ် လိုင်လွန် နမ်ဆန်ယာန် ကျေးရွာအနီး စစ်အစိုးရ စစ်တပ်တို့ရဲ့ သတ်ခြင်းခံရ၊ ကြည့်မကောင်း ရှုမကောင်း ဝမ်းနည်းစရာ၊ ကြေကွဲစရာ ဖြစ်ရပ် မြင်းကွင်းဖြစ်ပါတယ်…

နိုဝင်ဘာလ၂၁ ရက် ၂၀၁၁ မှာ
ဦးနန်ဇိန်း တောင်ဝါ အသက် ၄၈ နှစ် ကချင်ပြည်နယ် မိုးမောက်မြို့တွင် သိန်းစိန် နှင့် မင်းအောင်လှိုင် စစ်တပ်တို့မှ ခေါင်းမှာ အနီးကပ်ချိန်ပြီး ပစ်သတ်ခဲ့ပါတယ်…
ဦးနန်ဇိန်း တောင်ဝါ အသက် ၄၈ နှစ် ကချင်ပြည်နယ် မိုးမောက်မြို့ စစ်တပ်မှ ခေါင်းမှာ အနီးကပ်ချိန်ပြီး ပစ်သတ်ခဲ့ပါတယ် နိုဝင်ဘာလ ၂၁ ရက် ၂၀၁၁

 ဦးပေါဖင်း အသက် ၆၅ နှစ် နမ်ဝိုင်ကျေးရွာ စစ်တပ်မှ သတ်ပစ်ခြင်းခံခဲ့ရပါတယ်…

 ဇခုန်းလ အသက် ၃၃ နှစ် ကချင်ပြည်နယ် ဂျာထကျေးရွာ ဂန်ဒေါင်ယာန်အနီး စစ်တပ်မှ ရက်ရက်စက်စက် သတ်ပစ်ခြင်း ခံခဲ့ရပါတယ်…
လဗျရှောင်လတ် အသက် ၁ နှစ်ကျော် စစ်အစိုးရ စစ်တပ်မှ ပစ်သတ်ခဲ့…
လဗျရှောင်လတ် အသက် ၁ နှစ်ကျော် မြန်မာ စစ်အစိုးရ စစ်တပ်မှ ပစ်သတ် ခြင်းခံရ…
စစ်အစိုးရ စစ်တပ်မှ ကချင်ရွာများကို မီးရှို့ဖျက်ဆီးပြီး ရွာသားများကိုညှင်းပန်းနှပ်စက် သတ်ဖြတ်နေ…

စစ်အစိုးရ စစ်တပ်မှ ကချင်ရွာသားများရဲ့ စပါးကျီများနှင့် အိမ်များကို မီးရှို့ဖျက်ဆီးနေ…
ကချင်ပြည်နယ် နမ်ဆန်ယာန်အနီးရှိ ဘန်ဒေါင်ကျေးရွာသူ ဒရှီလု အသက် ၇၀ ကချင်အမျိုးသမီးအား စစ်အစိုးရ စစ်တပ်မှ ညှင်းပန်းနှိပ်စက်ခဲ့…
မန်ဂျေမြို့နယ် မန်ဂေါင်ကျေးရွာမှ မဖေါင်လားထု အသက် ၈ နှစ် ဟာ စစ်အစိုးရ စစ်တပ်ရဲ့ ပစ်ခတ်လိုက်တဲ့ မော်တာ လောင်ချာ အဆံ ထိမှန်ကာ အလွန်နာကြင် ဝေဒနာခံစားရ… 

တိုင်းရင်းသား လူမျိုးများကို မြန်မာနိုင်ငံ စစ်အစိုးရ စစ်တပ်တို့ရဲ့ ဒီလိုမျိုး လူ့အခွင့်အရေး ချိုးဖောက်နေမှုများ၊ စစ်ရာဇဝတ် ကျိုးလွန်နေမှုများကို အားလုံးဝိုင်းဝန်းပြီး တားဆီး ကာကွယ်ကြရန်မှာ လူတိုင်းရဲ့ တာဝန်တစ်ခုဖြစ်ပါတယ်..။

ဇန်နဝါရီ ၁၃ ရက်မှာပျော်.. ကချင်နယ်မြေနဲ့ တိုက်ပွဲဖြစ်တဲ့ နယ်မြေများတွေ မျက်ရည်ကျ

|9 comments
Monday, January 16, 2012

W.P Moses
ဓါတုဓါတ်ငွေ့ ကြောင့် အပြစ်မဲ့တဲ့ ကလေးများ အတွက် အန္တရာယ်များလွန်းလှပါတယ်...


မျှော်လင့်ချက်တွေ ကိုယ်စီနဲ့ အားလုံး မျှော်နေခဲ့တဲ့ နေ့ကတော့ ဇန်န၀ါရီ ၁၃ ရက်နေ့မှာ မြန်မာနိုင်ငံမှာ အပျော်ဆုံး ရက်လို့ အင်တာနက် စာမျက်နှာ တွေမှာ ဖော်ပြကြပါတယ်။  လွတ်ငြိမ်းချမ်းသာခွင့်  နိုင်ငံရေး အကျဉ်းသားတွေ အများဆုံး လွတ်လာတော့ မျက်ရည်ကျလောက်အောင် ပျော်နေပေမဲ့ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း တိုက်ပွဲဖြစ်ပွားနေတဲ့ နယ်မြေတွေမှာတော့ မြန်မာစစ်တပ်က လူမဆန်ဘဲ ရက်ရက် စက်စက် ပြည်သူများကို ညှင်းပန်းနှိပ်စက် သတ်ဖြတ်နေတာကြောင့်  မျက်ရည် တွေနဲ့ ခံစားနေကြရပါတယ်။
ဇခုန်းလ အသက် ၃၃ နှစ်၊ ကချင်ပြည်နယ် ဂျာထကျေးရွာ 
ဂန်ဒေါင်ယာန်အနီး စစ်တပ်မှ သတ်ပစ်ခဲ့ခြင်း ခံရ

တိုက်ပွဲကတော့ ...လူထုအတွက်ဆိုတဲ့ မြန်မာ စစ်တပ်ကတော့ ကချင်လူမျိုးကို ဒိလို ..... ဦးတည်လျက်..

 စစ်အစိုးရ စစ်တပ်တို့မှ K.I.A နှင့် တိုက်ပွဲမှာ လွန်ခဲ့တဲ့နှစ် အောက်တိုဘာလ ၂၉ ရက်နေ့က စတင်ပြီး UN နှင့် နိုင်ငံတကာမှ ပိတ်ပင်တားဆီး ထားတဲ့ အဆိပ်ဓါတ်ငွေ့ ဓါတု (Chemical Weapons) လက်နက်များကို စတင် အသုံးပြုလာခဲ့ပြီ ဖြစ်ပါတယ်။

ဓါတု လက်နက် (Chemical Weapons) ဟာ အင်မတန် ကြောက်စရာ ကောင်းတဲ့ လက်နက် ဖြစ်လို့ UN နှင့် နိုင်ငံတကာမှ တရားဝင် ပိတ်ပင် တားဆီးထားခဲ့ တာဖြစ်ပါတယ်။ ဒီလက်နက်ဟာ လူမျိုးတုံး စေနိုင်တဲ့ လက်နက် ပစ္စည်းတစ်မျိုးလည်း ဖြစ်ကြောင်း နိုင်ငံတကာမှ အသိပေးကြေငြာ ထားပါတယ်။ ဒါကြောင့် ဓါတုလက်နက် အသုံးပြုတဲ့ နယ်မြေတွေမှာ နိုင်ငံတကာမှ လာရောက်စစ်ဆေးခွင့် ရှိပါတယ်။

 
ဘာမှ မသိတဲ့ ကလေးငယ်များဟာ ဆိုးကျိုးများကို ခံစားရကြပါတယ်..

စစ်အစိုးရ စစ်တပ်မှ ယခုလို ဓါတုလက်နက် (Chemical Weapons) အသုံးပြုလာတာဟာ K.I.A ကိုသာမက ပြည်သူလူထု၊ တရိစ္ဆာန် သတ္တဝါ နှင့် တောတောင် ရေ မြေ စသည်.. စသည်များကို ထိခိုက် ပျက်ဆီး နိုင်ပါတယ်။ ယင်း ဓါတု ဓါတ်ငွေ့ ကို ရှိုရှိုက်မိတဲ့သူတိုင်းဟာ မိမိရဲ့ အသက်၊ ဦးနှောက်၊ အသဲ၊ အဆုတ်၊ အသိညာဏ် ထိုင်းမိုင်းလာမှု၊ ကြောက်စရာကောင်းတဲ့ ရောဂါအမျိုးမျိုး စတဲ့ ဆိုးကျိုးတို့ကို ရရှိ လာမှာဖြစ်ပါတယ်။ ဓါတု ဓါတ်ငွေ့ကို ရှိုရှိုက်မိတဲ့ အမျိုးသမီး လေးတွေဟာ ဆိုရင် ကလေး မမွေးနိုင်တော့ဘဲ မြုံ သွားခြင်း စသည့် ဆိုးကျိုး မြောက်များစွာကို ရရှိခံစားလာမှာ ဖြစ်ပါတယ်။ တကယ်လို့ ကလေးမွေးဖွား လာခဲ့ရင်လည်း အဂါင်္ချွတ်ယွင်းခြင်း၊ ခြေလက်မစုံခြင်း၊ ညာဏ်ရည်မမီခြင်း စသည့် မကောင်းတဲ့ ဆိုးကျိုး များသာ ခံစားလာမှာ ဖြစ်ပါတယ်။

တိုက်ပွဲတွေကြောင့် စစ်ပြေးဒုက္ခသည်များဟာ ပိုမိုများပြားလာပြီး အကူအညီများ အမြန်လိုအပ်နေကြောင်း သိရှိရပါတယ်။ စစ်အစိုးရ စစ်တပ်ဟာ နေရာတိုင်းမှာ စစ်အင်အားတိုးချဲ့ပြီး ကေအိုင်အေနှင့် စစ်တပ်တို့အကြား တိုက်ပွဲများလည်း နေ့တိုင်း ဖြစ်ပွားလျက်ရှိပါတယ်။

မှတ်ချက်။
အပေါ်က ပုံ ၂ ပုံဟာ ယခုဖြစ်ပျက်နေတဲ့ ကချင်ပြည်နယ်နှင့် စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသများမှ ဖြစ်ပေါ်နေသော ပုံတွေမဟုတ်ပါ။ ဓါတုလက်နက် (Chemical Weapons) အသုံးပြုခြင်းအားဖြင့် ဖြစ်လာမယ့်၊ ခံစားရမယ့်၊ ပြည်သူလူထုနှင့် သဘာဝ တရား၊ တောတောင်နယ်မြေများအတွက် ဆိုးကျိုးများ ဖြစ်လာမယ် ဆိုတာကို အသိပေးခြင်းဖြစ်တယ်။ အပေါ်ကပုံ ၂ ပုံဟာ ဓါတုလက်နက် အသုံးပြုခြင်းအားဖြင့် တကယ် တခြားနိုင်ငံမှာ ဖြစ်နေတဲ့ ခံစားနေရတဲ့ အရာဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဒီလိုမျိုးမဖြစ်လာအောင် ဝိုင်းဝန်း ကာကွယ် တားဆီးဖို့ လိုအပ်ပါတယ်။

ကိုမင်းကိုနိုင်နှင့် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ..

|0 comments
 Monday, January 16, 2012
ဇော်တူး

'ဓါတ်ပုံ       ဇော်တူး (WPNG)

ကိုမင်းကိုနိုင်နှင့် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး တို့ ရန်ကုန်မြို့ရှိ ပြင်သစ် သံရုံးတွင် ဇန်နဝါရီလ ၁၅ ရက်နေ့ နေ့လည် ၂ နာရီခန့်တွင်တွေ့ဆုံခဲ့ကြောင်း သိရသည်။ ယမနေ့ကလည်း ၈၈ မျိုးဆက် ကျောင်းသားများဖြစ်သည့် ကိုကိုကြီး၊ ကိုမြအေးနှင့် ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦး တို့နှင့်လည်း ညပိုင်းကတွေ့ဆုံ ခဲ့ကြောင်းသိရသည်။


Sunday, January 15, 2012

ဒုဗိုလ်ချုပ်ကြီး မြတ်ဟိန်း ပါကစ္စတန်နိုင်ငံ လေတပ်ဌာနချုပ်သို့ လည်ပတ်

|0 comments
Sunday, January 15, 2012
 W.P Moses
ကာကွယ်ရေးဦးစီးချုပ် (လေ) ဒုဗိုလ်ချုပ်ကြီး မြတ်ဟိန်း

ပါကစ္စတန်နိုင်ငံ လေတပ် ဌာနချုပ်တွင် သွားရောက်လည်ပတ်ခဲ့သည်ဟု Daily Times တွင်ဖေါ်ပြ ထားသည်။

ပါကစ္စတန် လေတပ် အရာရှိ Rao Qamar Suleman က ဒုဗိုလ်ချုပ်ကြီး မြတ်ဟိန်းတို့ကို ဧည့်ခံ တွေ့ဆုံပြီးနောက် Rao Qamar Suleman က လေတပ်အရာရှိများအား မိတ်ဆက်ပေးခဲ့သည်။

ဒုဗိုလ်ချုပ်ကြီး မြတ်ဟိန်းသည် Islamabad လေတပ် ဌါနချုပ်ရှိ အာဇာနည် ဗိမာန်အား သွားရောက် ဂါရဝ ပြုခဲ့သည်။ လေတပ် အကြီးအကဲ Marshal Rao Qamar Suleman က ၎င်း၏ ရုံးခန်းတွင်လည်း ခေါ်ယူ တွေ့ဆုံခဲ့ပြီး တက်ကျွမ်းမှုဆိုင်ရာ စိတ်ဝင်စားဖွယ် ကိစ္စများအား အချိန်အတော်ကြာ ဆွေးနွေးခဲ့သည်။

ယခုရက်ပိုင်းတွင် မြန်မာ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်လဲ အိမ်နီးချင်းနိုင်ငံ ဖြစ်တဲ့ ထိုင်းနိုင်ငံသို့ လေ့လာရေး ခရီး နှင်ခဲ့ပါတယ်။ မြန်မာ့တပ်မတော် အတွင်းမှ အထက်အရာရှိများဟာ လွန်ခဲ့တဲ့ နှစ်ကုန်ပိုင်းတွေမှာလည်း အိမ်နီးချင်းနိုင်ငံများဖြစ်တဲ့ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ တရုတ် သမ္မတနိုင်ငံ စတဲ့ နိုင်ငံများတွင်လည်း လေ့လာရေး ခရီများ သွားရောက်လည်ပတ် ခဲ့ပြီးဖြစ်ပါတယ်။

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် ယနေ့ချိန်ထိ တိုက်ပွဲများဟာ ပြင်းထန်လျက်ရှိသလို စစ်အစိုးရ စစ်တပ်များလဲ စစ်အင်အား၊ လက်နက်အင်အားများကို တိုးချဲ့နေစဲ ဖြစ်ပါတယ်။ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ပြေးဒုက္ခသည်များလည်း ယနေ့ချိန်တွင် ၆၀၀၀၀ ခြောက်သောင်းကျော် ရှိပြီဖြစ်ရာ လုံလောက်တဲ့ အကူအညီများက မရရှိသေးကြောင်း သိရှိ ရပါတယ်။


Saturday, January 14, 2012

ဒေါ်ယိန်းဝမ် နှင့် ဗိုက်ထဲက ၄ လ ကလေးငယ် တို့ရဲ့ နောက်ဆုံး ခရီးလမ်း

|0 comments
Saturday, January 14, 2012


ဝမ်းဗိုက်ထဲမှ (၄) လသား ကလေးငယ်

|0 comments
 Saturday, January 14, 2012


(၁၁.၁.၂၀၁၂) ရက်နေ့ ကချင်ပြည်နယ် ဖားကန့်လမ်း၊ နမ့်ယာ-ကပ်မော် ကြားတွင် မြန်မာ
စစ်အစိုးရ စစ်တပ် (ခလရ-၅၈) ရဲ့ ပစ်ခတ် သတ်ဖြတ်ခြင်း ခံရသော
ကိုယ်ဝန်ဆောင် ကျောင်းဆရာမ ဒေါ်ယိန်းဝမ် ၏ ၀မ်းဗိုက်ထဲမှ (၄) လသား ကလေးငယ်။ မိခင်ကိုတော့ သဂြိုလ် လိုက်ပြီဖြစ်ပါတယ်။

စစ်အစိုးရ နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေ တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အပြစ်မဲ့ ပြည်သူလူထုများဟာ စစ်မြေဇာ အဖြစ် ဆင်းရဲ ဒုက္ခ ပေါင်းစုံ တွေ့ကြုံ ခံစားနေကြရပါတယ်။ စစ်အစိုးရ စစ်တပ်တို့မှ ပြည်သူပိုင် ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ အပြစ်မဲ့ ပြည်သူများကို ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခြင်း၊ ကချင်အမျိုးသမီးနဲ့ တခြား တိုင်းရင်း သူ တွေကို မဒိန်းကျင့် သတ်ဖြတ်ခြင်း စတဲ့ စစ်ရာဇဝတ်နှင့် လူ့အခွင့်အရေးကို ချိုးဖောက်နေပါတယ်။

မြန်မာ စစ်တပ် ခလရ (၅၈) ပစ်ခတ်မှု ကြောင့် ကိုယ်ဝန်ဆောင် မခင် မယိန်းဝမ် သေဆုံး

|1 comments
Saturday, January 14, 2012

စစ်တပ်မှ ပစ်ခတ်မှုကြောင့် သေဆုံး သွားပြီဖြစ်တဲ့ ၄ လ သား အရွယ် ကိုယ်ဝန်ဆောင် ယိန်းဝမ်...

ဇန်န၀ါရီ (၁၁) ရက် မနက် (၉း၀၀) နာရီ ဝန်းကျင် ကားမိုင်းမြို့ နယ် ဖားကန့် ကားလမ်းပိုင်း နန့်ယာ ကျေးရွာ နှင့် ကပ်မှော်ကျေးရွာ ကြားတွင် မြန်မာ စစ်အစိုးရတပ် စစ်ကြောင်းမှုး ဗိုလ်မှုး ရဲမင်းသူ၊ ဗိုလ်မှုး ကိုကိုလတ် ၊ ဗိုလ်ကြီး ထွန်းနိုင်တို့ ဦးဆောင်သော ခလရ (၅၈) တပ်ရင်း မှ ပစ်ခတ် သတ်ဖြတ်မှုကြောင့် (၄) လသား ကိုယ်ဝန်ဆောင်သည် ကျောင်းဆရာမ မန်ရှန်းယိန်းဝမ် သေဆုံး သွားခဲ့ပါပြီ။

Friday, January 13, 2012

အမေရိကန် သမ္မတလောင်း ပထမဆုံး ပဏာမရွေးချယ်ပွဲ Republican ပါတီမှ Mitt Romney က ရှေ့ ကပြေးနေ

|0 comments
Friday, January 13, 2012


၂၀၁၂ ခုနှစ်အတွက် အမေရိကန် သမ္မတလောင်း ရွေးချယ်ပွဲအတွက် ပထမဆုံး ပဏာမရွေး
ချယ်ပွဲတွေကို အမေရိကန်ပြည်ထောင်စု New Hampshire ပြည်နယ်မှာ အင်္ဂါနေ့က စပြီးကျင်းပ
နေပါပြီ။ Massachusetts ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း Mitt Romney (၆၄နှစ်) က Republican
ပါတီမှ ၀င်ရောက် ယှဉ်ပြိုင်မှာဖြစ်ပြီး အိုင်လိုဝါပြည်နယ်တွင် အနိုင်ရရှိထားသည်။

 Republican ပါတီသည် ၁၉၈၀ ခုနှစ်မှစ၍ (၈) ကြိမ် ယှဉ်ပြိုင်ခဲ့ရာ New Hampshire တွင် အနိုင်ရခဲ့ပြီး
၆ ကြိမ်မြောက်တွင် အရွေးခံရသူ သမ္မတ Reagan (President) ဖြစ်သည်။ Republican ပါတီမှ သမ္မတဖြစ်လာသူ Reagan နှင့် Bush တို့ သည် သမ္မတ သက်တမ်း (၂) ကြိမ်ဆက်တိုက် ရရှိခဲ့ဘူးသည်။  Republican ပါတီမှ Romney က သမ္မတနေရာ ရရှိဖို့ အလားအလာ ရှိနေသည်ဟု တွက်ဆသူ
များလည်း ရှိနေပါသည်။

 လူထုအော်သံ....

Thursday, January 12, 2012

နိုင်ငံရေး အကျဉ်းသား ကိုဇော်ဆိုင်း

|0 comments
 Thursday, January 12, 2012
W.P Moses

မြန်မာနိုင်ငံရှိ နိုင်ငံရေး အကျဉ်းသားတွေထဲမှာ ကိုဇော်ဆိုင်းဟာ တကယ့် သူရဲကောင်း တယောက်ပါ။ ကိုဇော်ဆိုင်းဟာ ကချင် ပြည်နယ် မြစ်ကြီးနားမြို့မှ ကချင် တိုင်းရင်းသား လူမျိုး  ဖြစ်ပါတယ်။ အရပ်မြင့်မြင့်၊ ရုပ်ရည်အလွန်ချောတဲ့ ကိုဆိုင်းဟာ စိတ်ကောင်းရှိပြီး စိတ်ထား ဖြူစင်သလို သတ္တိလည်းကောင်းတယ်။ ကိုဇော်ဆိုင်းဟာ အကျဉ်း ကျခံရတာ ၂၆ နှစ်ရှိပြီ ဖြစ်ပါတယ်။ မြန်မာစစ်အစိုးရ ထောင်အာဏာပိုက်တွေရဲ့ မတရား ဖိနှိပ်မှုကို သူက ဒူး မထောက်ဘူး။ ဘ၀တူ နိုင်ငံရေး အကျဉ်းသားတွေ၊ လူဆိုးလူမိုက်တွေကို စစ်အစိုးရ တို့မှနှိပ်စက်တာကို ကိုဇော်ဆိုင်းက တတ်နိုင်သလောက် ကာကွယ်မှုပေးတယ်။ သူဟာ မြင်းခြံထောင်မှာ ရှိနေတုန်းပါဘဲ..။ တခါက လူဆိုးတွေဟာ နိင်ငံရေး အကျဉ်းသားတွေကို စော်ကားလာတဲ့ အခါမှာ ကိုဇော်ဆိုင်းက အုပ်ခဲ သုံးလုံးကို ရိုက်ချိုးပြခဲ့တဲ့အတွက် လူဆိုးလူမိုက်တွေ ရှောင်ရှဲ သွားတယ်။ သူဟာ ရဲဘော်ရဲဘက်စိတ် ရှိတဲ့သူ ဖြစ်သလို အမျိုးသမီးနှင့် ကလေးတွေ အပေါ်မှာ ညှာတာထောက်ထား တတ်သူ တဦးလည်းဖြစ်ပါတယ်။ ကိုဇော်ဆိုင်းဟာ တကယ့်သူရဲကောင်းတဦးဖြစ်ပါတယ်။

KNU and Government Representatives meet on 11, 1 , 2012

|0 comments
Thursday, January 12, 2012

စစ်ပွဲရဲ့ စစ်မြေဇာ အပြစ်မဲ့ပြည်သူ

|1 comments
Thursday, January 12, 2012

W.P Moses

ဇန္နဝါရီလ ၁၁ ရက်နေ့တွင် ကချင်ပြည်နယ် ဆွမ်ပရာဘွမ် ကားလမ်းတလျှောက်ရှိ ကျေးရွာများတွင် စစ်အစိုးရ စစ်တပ်များ ဝင်ထွက်သွားလာကာ ပြည်သူများကို ပေါ်တာအဖြစ် ဖမ်းဆီး ခေါ်ဆောင် နေကြောင်း သိရှိရပါတယ်။ နမ့်ခမ်းကနေ ဒရိုခသို့ ဦးတည်လာတဲ့ စစ်အစိုးရ စစ်တပ် ခလရ (၁၃၈) တပ်ဖွဲ့ဟာ ဇန္နဝါရီလာ ၁၁ ရက်နေ့ မနက် ၈ နာရီဝန်းကျင်တွင် ကဝါပန်ကျေးရွာရှိ ရွာသားများ ယောက်ျား၊ မိန်းမ၊ လူကြီး၊ လူငယ်၊ ကလေး မရွေး အတင်းအဓမ္မ အယောက် (၆၀) ကျော်ကို ခေါ်ဆောင် သွားကြောင်း သိရှိရပါတယ်။
 ကချင် စစ်ပြေးဒုက္ခသည်... ကလေးသူငယ်များ...

 ယင်း ခလရ ၁၃၈ တပ်ဖွဲ့ဟာ ဇန္နဝါရီလ ၆ ရက်နေ့က (ဒီမှာ) ခဂရန်း (Hka Garan) ကျေးရွာရှိ အလယ်တန်း ကျောင်းသားများကို ပေါ်တာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အဖွဲ့ဖြစ်ပါတယ်။

ကေအိုင်အေနှင့် စစ်အစိုးရ တပ်တို့အကြား တိုက်ပွဲတွေ ဖြစ်ပွား နေမှုကြောင့် အစိုးရ စစ်တပ်မှ အပြစ်မဲ့ ကချင်ပြည်သူများနှင့် တိုက်ပွဲဖြစ်ပွားနေတဲ့ နယ်မြေများမှ တိုင်းရင်းသားများကို အတင်းအဓမ္မ ပေါ်တာ အဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ရွာမီးရှို့ ဖျက်ဆီးခြင်း၊ အပြစ်မဲ့ ရွာသားများကို ညှင်းပန်း နှိပ်စက်ခြင်း၊ ကချင်အမျိုးသမီးများနှင့် တခြားတိုင်းရင်းသူများကို မဒိန်းကျင့်ပြီး သတ်ဖြတ်ခြင်း စသည့် မြောက်များစွာသော လူ့အခွင့် အရေးချိုးဖောက်မှုနှင့် စစ်ရာဇဝတ်များကို သိန်းစိန် အစိုးရ စစ်တပ်တို့က ချိုးဖောက် နေတာ ဖြစ်ပါတယ်။

ကချင်စစ်ပြေး ဒုက္ခသည်များလည်း တနေ့ထက်တနေ့ ပိုမိုများပြားလာကြောင်း သိရပါတယ်။ အားလုံးဟာ လောလောလတ်လတ် စားဝတ်နေရေး အကူအညီ အများကြီး လိုအပ်နေကြောင်း ဒုက္ခသည် ကူညီ စောင့်ရှောက်ရေးများရဲ့ ပြောပြချက်အရ သိရပါတယ်။