Tuesday, December 20, 2011

ကချင်တောတွင်း ဒုက္ခသည် စခန်းတခုအား တပ်မ ၉၉ စစ်ကြောင်းမှ ၀င်ရောက်ပစ်ခတ်

|1 comments
Tuesday, December 20, 2011

ကချင်တောတွင်း ဒုက္ခသည် စခန်းတခုအား တပ်မ ၉၉ စစ်ကြောင်းမှ ၀င်ရောက်ပစ်ခတ်ပြီး ဖမ်းဆီး သတ်ဖြတ်ခေါ်ဆောင်သွားခံရတဲ့ ကလေးမိခင် ၂ ဦး ရင့်နှင့်ဖွယ်အဖြစ်အပျက်...


မြန်မာ့တပ်မတော်မှ အပြစ်မဲ့ တိုင်းရင်းသား ပြည်သူများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ပြုလုပ်နေခြင်း



ဒီဇင်ဘာ (၆) ရက်နေ့တွင် တောတွင်း ဒုက္ခသည် စခန်းတခုအား တပ်မ (၉၉) စစ်ကြောင်းမှ ၀င်ရောက် ပစ်ခတ်ပြီး မီးဖွားခါစ ဒေါ်ဆွမ်ခါဂျီးတောင် (ခ) ရွယ်တောင်အား သတ်ထားခဲ့ပြီး၊ လေးနှစ်သမီးလေး ဆိုင်းပန်၏ မိခင်ဒေါ်လဗျတောင်မိုင်အား ဖမ်းဆီး ခေါ်ဆောင်သွားခြင်း..

၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလဆန်း (၂) ရက်နေ့မှစ၍ မန်စီမြို့နယ်တွင်းရှိ ကေအိုင်အေ တပ်ရင်း (၁၂) နယ်မြေ ၀န်းကျင်၌ တပ်မတော် စစ်ကြောင်းများ ရောက်ရှိလာကာ ထိုးစစ်ဆင်ရန် လှုပ်ရှားမှုများ ပြင်းထန်လာသဖြင့် ခင်းဘုတ် ခပရာရွာမှ ရွာသူရွာသား ကလေးသူငယ်၊ အမျိုးသမီး၊ အမျိုးသား သက်ကြီး ရွယ်အို (၃၄) ဦးသည် ဒီဇင်ဘာလ (၄) ရက်နေ့မှစ၍ ရွာမှ ၂ မိုင်ခန့်သာ ဝေးသည့်တောထဲ စစ်ဘေး တိမ်းရှောင် လာခဲ့ကြသည်။ ထိုနေရာ၌ လုံခြုံမှု သိပ်မရှိသောကြောင့် ပို၍ လုံခြုံစိတ်ချ ရလိမ့်မယ်လို့ ယူဆ ရသည့် ကျောက်ဆောင်များ ထူထပ်ရာ “လုံဘွမ်ခရော့ (Lung Bum Hkaraw)” ဟုခေါ်သည့် ချောက်လျှိုတခုသို့ ရွှေ့လာခဲ့ကြသည်။

ဒီဇင်ဘာ (၅) ရက် ညမှစ၍ “လုံဘွမ်ခရော့” တွင် ပါလာသည့် ပလပ်စတစ် များဖြင့် ယာယီတဲများ ဆောက်ကာ စခန်းချနေခဲ့ကြသည်။ ဒီဇင်ဘာ လ (၆) ရက်နေ့ ညနေ ၅ နာရီခွဲခန့် အချိန်တွင် အချို့မိသားစုများ ထမင်းစား ပြီးပြီ၊ အချို့ မိသားစုများ မစားရသေးဘဲ၊ ကလေးတွေလဲ ဆူညံဆော့ကစား၊ လူကြီးတွေလဲ စကားစမည် ပြောဆိုနေကြစဉ် စစ်ပြေးဒုက္ခသည် ရွာသားများ ပုန်းအောင်းနေသည့် တောတွင်း ဒုက္ခသည်စခန်းသို့ မမျှော်လင့်ပဲ တပ်မတော်စစ်သားများ ရုတ်တရက် ရောက်ချလာကာ လက်နက်ငယ်များဖြင့် ဦးစွာ ပစ်ခတ်မှု ပြုလုပ်ခဲ့သည်။ ထို့နောက် လက်နက်ကြီး သုံးကြိမ်ပစ်သည်။ ထိုသို့ သေနတ်သံ ထွက်ပေါ်လာသည်နှင့် အားလုံးက အသက်ဘေးလွတ်ဖို့ ခြေဦးတဲ့ရာ ကိုယ် လွတ်ရုံတမယ် ထွက်ပြေးခဲ့ကြရသည်။ အချို့ ပြင်းထန်သည့် ဒဏ်ရာများ ရရှိပြီး ခြေဦးတည့်ရာ ထွက်ပြေးခဲ့ကြရသည်။

ထိုသို့ဖြစ်စဉ် အသက်ဘေးလွတ်ရာ ထွက်မပြေးနိုင်ဘဲ ကျန်ရစ်ခဲ့သူ (၄) ဦးရှိသည်။ ထိုသူများမှာ ဒေါ်ဆွမ်ခါဂျီးတောင် (ခ) ရွယ်တောင် (အသက် ၃၈ နှစ်) နှင့် သူမ၏ (၂၄) ရက်သားသာ ရှိသေးသည့် သားလေးမောင်ဇော်ဂွန်းမိုင်၊ ဒေါ်လဗျတောင်မိုင် (အသက် ၂၅ နှစ်)နှင့် သူမ၏ လေးနှစ်အရွယ် သမီးလေး ဆိုင်းပန်တို့ ဖြစ်ကြသည်။

“ကျနော် ခြေသံလိုလိုကြားလို့ သေချာအောင်ဆိုပြီး စခန်းအစွန်နားက သစ်ပင်တပင်ကို ကိုင်ပြီး တောထဲကို လှမ်းကြည့်လိုက်တုန်း ကျနော်စပစ် ခံရတယ်။ ဒါပေမဲ့ ကျနော့်ကိုမထိပဲ ကျနော်ကိုင်ထားတဲ့ သစ်ပင်ကတော့ ကျိုးပြတ်သွားတယ်။ ကျနော့်မိန်းမက ကလေးနို့တိုက်နေတာ။ သေနတ်သံ ထွက်ပေါ်လာတာနဲ့ ကျနော်ကတော့ သားလတ်ဇော်တူး (လေးနှစ်) ကို ကမန်းကတန်း ကောက်ချီပြီး၊ သေနတ်သံ ထွက်လာလို့ ကလေးကို မထိအောင် သူ့ကိုယ်ထည်နဲ့ အုပ်မိုးပြီး ကာနေတဲ့ ကျနော့် မိန်းမကို တဘက်လှည့် သွားအောင်ပဲ ဆွဲလှည့်လိုက်ပြီး ပြေးကြစို့လို့ တခွန်းတည်းပဲ ပြောပြီးထွက် ပြေးခဲ့ရတာ”လို့ ထွက်ပြေး လွတ်မြောက်လာခဲ့သူ ဒေါ်ဆွမ်ခါ ဂျီးတောင်၏ ခင်ပွန်း ဦးဇော်ဘောက်က ပြန်ပြောပြပါသည်။ ထိုနေရာတွင် ၁၅ မိနစ်ခန့် ကြာမြင့်အောင် ပစ်ခတ်ခဲ့ကြသည်။

ဦးဇော်ဘောက်မှာ သားလေးမောင်ဇော်တူးနှင့် အတူမိုးလင်းပေါက် အခင်းဖြစ်သည့် နေရာနှင့် မလှမ်းမကမ်း ချုံတွင် ပုန်းအောင်း နေခဲ့ရသည်။ ည (၇) နာရီခန့်တွင် အမျိုးသမီးတဦး (၃) ချက်ငြီးညူသံကြားပြီး အသံထပ် မကြားရတော့ပါ။ နောက်မနက်မိသားစု စုံမစုံလိုက်လံစစ်ကြည့်မှ ဦးဇော်ဘောက်မှာ ၎င်း၏ဇနီးနှင့် သားလေး အပါအ၀င်၊ တူမတော်စပ်သူ ဒေါ်လဗျတောင်မိုင်နှင့် သမီးလေးလဲ ပါမလာမှန်းသိရသဖြင့် အခင်းဖြစ်ခဲ့သည့် နေရာသို့ ဒီဇင်ဘာလ (၇) ရက်နေ့ မနက် (၉) နာရီ ကျော်၊ (၁၀) နာရီခန့်တွင် ဦးလေးဖြစ်သူ ဦးဘရန်နူး (ဒေါ်တောင်မိုင်၏ဖခင်) နှင့်အတူ ပုန်းလျှိုးကွယ် လျှိုးပြန်သွားကြည့်ခဲ့ကြသည်။

လသားကလေးငယ်နှင့် လေးနှစ်သမီးလေးတို့ရဲ့ ငိုသံကြား နေရသည်။ မွေးစ (၃) ပတ် အရွယ် ဦးဇော်ဘောက်၏ သားလေးမှာ တညလုံး ငိုရ လွန်းသဖြင့် အသံရဲ့ရဲ့ လေးသာ ထွက်နိုင်တော့သည်။ ထို့ကြောင့် ဖြစ်ချင်ရာ ဖြစ်ဟု ဆုံးဖြတ်ကာ အခင်းဖြစ်ရာသို့ ဦးဇော်ဘောက်နှင့် ဒေါ်တောင်မိုင်၏ အဖေဦးဘရန်နူးတို့ ပြေးသွား ကြည့်သည်။

“ပထမဆုံးတော့ ဘယ်ဘက်နံရိုးမှ ညာဘက်နံရိုး ပေါက်အောင် သေနတ်ဓားမြှောင်ဖြင့် ထိုးသတ်ကာ၊ ညာဘက်ရင်အုံ အထက်တွင် တစုံတရာနှင့် ထုထားသည့်ပုံ ညိုမဲနေသည့် ဒဏ်ရာဖြင့် ကျောက်တုံးကြား၌ ညှပ်ထား ပေးခဲ့သည့် ဇနီးသည် ဒေါ်ဆွမ်ခါဂျီးတောင်၏ အလောင်းကို စိတ်မကောင်း ၀မ်းနည်းစွာ တွေ့ခဲ့ရကြောင်း၊ ထို့နောက် မိခင်နှင့် တလံကျော်အကွာတွင် ပိုးတဘက်နှင့် ရစ်ပတ်ထားသည့် နီတာရဲ သားလေးအားတွေ့သည်။ အလျင် အမြန်ဘေးနားတဲထဲက စောင်တခုနှင့် ရစ်ပတ်ကာအမြန်ပြန် ထွက်ပြေး လာခဲ့ရသည်။ သားလေးမှာ တညလုံးစစ်သား များက ၎င်းတို့၏ ပလာစတစ် မိုးကာရွက်ဖျင် တဲလေးများကိုလဲ အားလုံးဖြိုဖျက်ကာ မိုးကာများလဲ သိမ်းယူ သွားသဖြင့် အမိုးဗလာအောက်၌ တညလုံး ငိုနေခြင်းဖြစ်သည်။

ဒေါ်လဗျတောင်မိုင်၏ ဖခင်ဖြစ်သူ ဦးဘရန်နူးမှာ မွေးကင်းစကလေး နှင့်တတောင်ကျော် အကွာတွင် ထိုင်ငိုနေသည့် မြေးလေး ဆိုင်းပန်အားပွေ့ချီကာ ပြန်ထွက်ပြေးလာခဲ့သည်။ မိခင်ဖြစ်သူ ဒေါ်လဗျတောင်မိုင်အား စစ်သားများက  ခြေထောက်တွင် ဒဏ်ရာရထားသည့် နေရာ၌ဆေး ထည့်ဆေးထိုးပေးပြီး ခေါ်သွားကြသည်ဟု သူမသမီးလေးက ပြန်ပြောပြပါ သည်။”

ဦးလဖိုင်ဇော်ဘောက်တို့၏ တဲနားရှိချုံတွင် ပုန်းခိုကာ အခြေအနေ စောင့်ကြည့်နေစဉ် အထိစစ်သားများ ထိုနေရာ၌ရှိနေခဲ့သည်။ သမီးလေးဆိုင်းပန်မှာ သူ့မိခင်အား စစ်သားများခေါ်သွားသဖြင့် လိုက်ငို သောကြောင့် စစ်သား တယောက်ယောက်က မလိုက်ဖို့ ကလေးအား တောက်ခေါက်ကာ ပြန်ခြောက်သည့် အသံများလဲ ကြားနေရသည်ဟု ဆိုသည်။ စစ်သားများ ထိုဒုက္ခသည် စခန်းမှ ထွက်သွားကြသည်နှင့် တပြိုင်နက် ဦးဇော်ဘောက်တို့ တူဝရီးမှာလည်း ကလေး တွေကို ၀င်ယူခြင်း ဖြစ်ပြီး ထိုစဉ်အထိ စစ်သားများ ဆက်သွယ်ရေးစက် ဖြင့်စကားပြော သည့်အသံများ ကြားနေရသေးသည်ဟု ဆိုသည်။ ဒေါ်လဗျတောင်မိုင် ၀တ်သည့်ထမီ၊ အ၀တ်အစားများကိုတော့ စစ်သားများထွက်သွား သည့်လမ်း၌ ဖရိုဖရဲနှင့် ပစ်ထားခဲ့တာကို နောက်တော့ တွေ့ခဲ့သည်ဟု ဦးဇော်ဘောက်က ပြန်လည် ပြောပြခဲ့ပါသည်။ ဒေါ်ဆွမ်ခါဂျီးတောင်၏ အလောင်းကို ဒီဇင်ဘာ (၉) ရက်နေ့မှ မိသားစု ၀င်များ ထိုနေရာသို့ ပြန်သွားကာ ဖြစ်သလို မြေမြုပ်င်္သဂြိုလ် ခဲ့ကြရသည်။ ဒေါ်ဆွမ်ခါ ဂျီးတောင်တွင် ယခုအချိန်၌ ၂ လသားအရွယ် သားလေးတဦး၊ ၄နှစ် အရွယ်သား လေးတဦး၊ ၈နှစ်အရွယ် သမီးလေးတဦး၊ ၁၄ နှစ်အရွယ်သားတဦး စုစုပေါင်းသားသမီး (၄) ယောက် ကျန်ရစ်ခဲ့သည်။ ဦးဇော်ဘောက်မှာ သားသမီး (၄) ယောက် အပြင် အသက် (၈၀) ကျော်ပြီဖြစ်သော မိခင်နှင့် ဇနီးသည်၏ ဖခင်အား ကြည့်ရှုစောင့်ရှောက် နေရသည်။ အလုပ်အကိုင်မှာ တောင်ယာလုပ်ငန်းဖြစ်သည်။ ယခုအချိန်တွင် လုံခြုံစိတ်ချရ သည့်နေရာတွင် ရောက်ရှိနေပြီဖြစ်သည်။

ဤဖြစ်ရပ်တွင် ကေအိုင်စစ်သားများ အထင်ဖြင့် မှားယွင်းပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း မဟုတ်ပါ။ ကလေးတွေလဲ ဆူညံ ဆော့ကစားနေသည်။ ရွာသားဒုက္ခသည် တွေဆိုတာလဲ သိနိုင်သည်။ အနီးကပ် သေချာကြား တွေ့လျက်ပစ် ခြင်းဖြစ်သည်။ ဒေါ်ဆွမ်ခါဂျီးတောင်မှာ အဝေးက ပစ်လိုက်သည့် သေနတ် ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်း မဟုတ်ပါ။ သက်သက်မဲ့ နို့စို့လသားကလေးလေးရဲ့ မိခင်မှန်းလဲသိလျက်နဲ့ ခုခံဖို့ တစုံတရာ လက်နက်လဲ ဘာမှမပါဘူး ဆိုတာသိပါလျက် ယခုလိုလူမဆန်စွာ ရက်ရက်စက်စက် သတ်ဖြတ် ခံရခြင်းဖြစ်သည်။ ထို့အပြင် ကလေးအမေတဦးကိုလဲ အရှင်လတ်လတ်  ဖမ်းဆီးခေါ်ဆောင် သွားသည်မှာ ယနေ့ ထိပြန်လည် လွတ်မြောက်လာခြင်း မရှိသေးပါ။

ယခုနှစ် အောက်တိုဘာလ (၂၈) ရက်နေ့ကလည်း ဒုဗိုလ်မှူးကြီးဇော်မျိုးထွဋ် ကွပ်ကဲ သည့် ခမရ (၃၂၁) တပ်ရင်း လက်အောက်ခံ ရှေ့တန်းစခန်းတခုဖြစ်သည့် မို့ဘွမ်စစ်တပ် စခန်းတွင် မိုးမောက် မြို့နယ်၊ ခိုင်ဘန့်ကျေးရွာမှ ဒေါ်ဆွမ်းလွတ်ရွယ်ဂျားအား တောင်ယာမှ ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်မှာ ယနေ့တလခွဲ တင်းတင်း ပြည့်လွန်ခဲ့ပြီ ဖြစ်ပါသည်။

ယခုနှစ်အတွင်း ကချင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း၌ ကေအိုင်အေတပ်များအား ထိုးစစ်ဆင်မှုကြောင့် လက်နက်မဲ့ ဒေသခံသာမာန် ရွာသူရွာသားများအား မတရားဖမ်းဆီး ခေါ်ဆောင်သွားကာ ပေါ်တာအထမ်း ပို့ခိုင်းခြင်း၊ စစ်ကြောင်းလမ်းပြ လုပ်ခိုင်းခြင်း၊ ပေါ်တာများကို မတရားညှင်းပန်း နှိပ်စက်ခြင်း၊ အကြောင်းမဲ့ သတ်ဖြတ်ခြင်း၊ အမျိုးသမီး အပျိုအအို အရွယ်မရွေး အဓမ္မပြုကျင့်ခံရခြင်း၊ စစ်ကြောင်း အတွင်း ခေါ်ဆောင်သွားကာ ခရီးတလျှောက် အဓမ္မပြုကျင့်နေခြင်း၊ စစ်ပွဲဓား စာခံအဖြစ် ဖမ်းဆီးချုပ် နှောင်ခံရခြင်း၊ ရွာသားများ ထွက်ပြေးသွားစဉ် ကျန်ခဲ့သည့် ပစ္စည်းဥစ္စာ အိုးခွက်၊ ပန်းကန်ကအစ အားလုံးသိမ်းယူ သွားခြင်းစသည့် အဖြစ်အပျက်များ အမှန်တကယ်ရှိနေပါသည်။

ယခုလိုဖြစ်ရပ်များအား အများပြည်သူ သိအောင်တင်ပြခြင်းသည် တပ်မတော်အား အသေရေဖျက်ချင်၍ လုပ်ဇာတ်ထွင်၍ ပြောနေခြင်းမဟုတ်ပါ။ အမှန်တကယ်ရင်နာ စရာဖြစ်ရပ်များ၊ စိတ်ပျက် ၀မ်းနည်း ကြေကွဲစရာဖြစ်ရပ်များ၊ တပ်မတော်က ဒီလိုလုပ်နေပါတယ် ဆိုတာ မယုံနိုင်စရာ ဖြစ်ရပ်များ အမှန် တကယ်တွေ့ကြုံ ခံစားနေကြရပါသည်။ ပြည်သူ့တပ်မတော်သည် ဤကဲ့သို့သော လုပ်ရပ်များ မလုပ်စေချင်ပါ။ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကျပါသည်။ ပြည်သူတွေရဲ့ အကျိုးသယ် ပိုးသည့်တပ်မတော်၊ ပြည်သူကို လေးစားသည့် တပ်မတော် ဖြစ်စေချင်ပါသည်။ ကျမတို့တပ်မတော်ဟာ ပြည်သူတွေကို ဒီလိုလုပ်ပါတယ်ဆိုတာ ပြောပြရင် ကျမတို့နဲ့ တွေ့တဲ့ တရုတ်လူမျိုး တွေက မယုံချင်ကြဘူး။ ဘာကြောင့်လဲဆိုရင် သူတို့နိုင်ငံကစစ်သား၊ ရဲတွေက ပြည်သူတွေကို စစ်ဆေးစရာ ရှိရင်တောင် အရင် အလေးပြုပြီးမှ လိုအပ်တာကို စစ်ဆေးကြတယ်။ စစ်ဆေးပြီးရင် ပစ္စည်းတွေကိုလဲ ပြီးရင်သေချာ ပြန်ထည့် ပေးတာလေ။ ဘာပဲဖြစ်ဖြစ် မြန်မာ့တပ်မတော်သည် ပြည်သူတွေကို လေးစား၊ တန်ဖိုးထားပြီး ကာကွယ်တဲ့ တပ်မတော်မျိုးပဲ ဖြစ်စေချင်ပါသည်။

ထို့ ကြောင့် စစ်တပ်စစ်ကြောင်းများက ဖမ်းဆီး ခေါ်ဆောင်သွားသည့် အမျိုးသမီးများနှင့် ပြည်သူများအား အမြန်ဆုံး လွတ်ပေးရန်နှင့် သေဆုံးသွားသူများ အတွက် နိုင်ငံ တော်က တာဝန်ယူပေးပါရန် တောင်းဆိုအပ်ပါသည်။


“မတရားမှုများအား ရေငုံနှုတ်ပိတ်၊ ခေါင်းငုံခံ၊ ကြောက်ရွံ့ နေသရွေ့ ပြောင်းလဲမှု၊ တရားမျှတမှု  ဆိုတာရရှိလာမည် မဟုတ်ပါ။ တရားမျှတမှု မရရှိပါက အတူတကွ ယှဉ်တွဲနေထိုင်ကြရမည့် သူအချင်းချင်း ပြန်လည်သင့်မြတ်ခြင်း ဆိုတာလည်း ရရှိတော့ မည်မဟုတ်ပါ။ ပြန်လည်သင့် မြတ်မှုမရှိပါကစစ်မှန်သည့် ငြိမ်းချမ်းမှုနှင့်လည်း ကင်းဝေးရမည်သာ ဖြစ်သည်။”

အမျိုးသမီး အခွင့်အရေး၊ လူ့အခွင့်အရေး လှုပ်ရှားတက်ကြွသူ ဒေသခံအမျိုးသမီးများမှ စုံစမ်းတင်ပြသည်။


ဒေါ်ဆွမ်လွတ်ရွယ်ဂျား၏ ကျန်ရစ်ခဲ့သူသမီးလေး လွမ်းနောနှင့် အသက်ကြီး ပြီဖြစ်သော အဖိုးနှင့်အဖွား။ လွမ်းနော၏ ဖခင်မှာ ဒုက္ခသည်စခန်းတခုတွင် မိသားစုနှင့် တကွဲတပြားဖြစ်နေပါသည်။

“ကိုးကွယ်ရာ မရှိသော သူအပေါင်းတို့၏ အမှုကိုစောင့်ခြင်းငှာ စကားအသော သူတို့ဘက်မှာ နေ၍ပြောလော့။” _သုတ္တံကျမ်း ၃၁း၈

“Speak up for those who cannot speak for themselves; ensure justice for those being crushed. Yes, speak up for the poor and helpless, and see that they get justice.” 
Proverbs 31: 8


ထပ်မံစုံစမ်းလိုပါက
(၁) ၀၀၈၆ ၁၅၃၆၈၉၆၉၃၇၆
(၂)၀၀၈၆ ၁၃၅၇၈၂၇၁၉၆၀
တိုင်ကြားစာ

W.P Moses

ကချင်တပ်နှင့် ဆွေးနွေးဖို့  ပြည်ထောင်စုအဆင့် ဆွေးနွေးရေးအဖွဲ့ ဖွဲ့ပြီ

|0 comments
Tuesday, December 20, 2011

ပြည်ထောင်စုအဆင့်  နိုင်ငံရေး ဆွေးနွေးရန် ဦးအောင်သောင်း ခေါင်းဆောင်သော ၁၁ ဦးပါ အဖွဲ့ ဖွဲ့စည်းလိုက်တဲ့အကြောင်း  အသိပေးစာအား ကချင်လွတ် မြောက်ရေးအဖွဲ့ KIO ကို အီးမေးလ် ကနေ တရားဝင် ယမန်နေ့က ပေးပို့ တယ်လို့ သိရပါတယ် ။

ဦးသိန်းစိန်က တာဝန်ပေးအပ်ပြီး ဦးအောင်သောင်း လက်မှတ်နှင့်ရောက်ရှိ လာတယ်လို့ သိရပါတယ်။

မြန်မာအစိုးရ၏ အထူးကိုယ်စားလှယ် အဖွဲ့နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ ခေါင်းဆောင်များ နှစ်ဖက် အပစ်ခတ် ရပ်စဲနိုင်ရေး အတွက် နိုဝင်ဘာလအတွင်း တရုတ်နိုင်ငံ အနောက်တောင်ဘက်ရှိ ယူနန်ပြည်နယ် ရွှေလီမြို့တွင် တွေ့ဆုံ ဆွေးနွေးကြပြီးနောက် အခုလိုပြန်စာပို့လာတာပါ။
တရားဝင် အကြောင်းကြားလာသည့်အတွက် ကေအိုင်အေ ဖက်ကလည်း ဗဟိုကိုယ်စားလှယ်ဖွဲ့ပြီး တရားဝင် ထပ်မံစာပို့မယ်လို့ သိရပါတယ် ။

W.P Moses

ကင်ဂျုံအီး သေဆုံးအပြီး အာရှစတော့ရှယ်ယာ ဈေးများကျဆင်း

|0 comments
Tuesday, December 20, 2011

တနင်္လာနေ့က မြောက်ကိုရီးယားနိုင်ငံမှ ခေါင်းဆောင် ကင်ဂျုံအီ သေဆုံးအပြီးတွင် အာရှတိုက်ရှိ စတော့ရှယ်ယာ ဈေးများကျဆင်းခဲ့ရကာ ဒေါ်လာဈေး မြင့်တက်ခဲ့ပြီး ဝမ်ငွေဈေးမှာလည်း နှစ်လအတွင်း အနိမ်ဆုံးသို့ ကျဆင်းခဲ့ရကြောင်း သိရသည်။ အလားတူပင် ဥရောပနိုင်ငံများအနေဖြင့်လည်း စီးပွားရေးအကြပ်အတည်းများနှင့် နပမ်း လုံးနေရကြောင်း သိရသည်။


တိုကျိုရှိ MSCI Asia Pacific ၏ အညွန်းကိန်းမှာ ၁.၉ ရာနှုန်းသို့ ကျဆင်းခဲ့ရပြီး တောင်ကိုရီးယား ရှိ Kospi အညွန်း ကိန်းမှာလည်း ၃.၄ ရာနှုန်းနိမ့်ကျခဲ့ရကာ Standard & Poor ၏ 500 အညွန်းကိန်းမှာလည်း ၀.၅ ရာနှုန်း ကျဆင်းခဲ့ရသည်။

အလားတူပင် Euro Stoxx 50 ၏ စတော့အညွန်းကိန်းမှာ ၁.၁ ရာနှုန်းကျဆင်း ခဲ့ရသည်။ ဒေါ်လာတန်ဖိုးမှာ ယူရိုငွေကြေးထက် စာပါက မြင့်တက်ခဲ့ရပြီး ၁.၃၀၁၄ သို့ ရောက်ရှိခဲ့ကာ တောင်ကိုရီးယား ဝမ်ငွေထက် စာပါက ၁.၄ ရာနှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။ မြောက် ကိုရီးယား ခေါင်းဆောင်ကြီး သေဆုံးရမှုနှင့်အတူ ဥရောပနိုင်ငံများအတွင်း အကြွေးပြဿနာများ ဖြစ်ပွားနေရမှုနှင့် ပြင်သစ်မှာလည်း ယူရို ၇ ဘီလီယံ ပမာဏရှိသည့် အစိုးရငွေချေး စာချုပ်များကို ရောင်းချနိုင်ရန် ကြိုးစားနေရမှုစသည့် အခြေအနေသုံးရပ် တစ်ပြိုင်နက် ပေါင်းဆုံနေသဖြင့် ယခုလို ဖြစ်ရခြင်းဖြစ်ကြောင်းလည်း ကျွမ်းကျင်သူများက သုံးသပ်ကြသည်။
 
zogam

 

Monday, December 19, 2011

သိန်းစိန် အစိုးရ ကချင်နယ်မြေသို့ စစ်အင်အားတိုးချဲ့၊ လူ့အခွင့်အရေး ချိုးဖောက်နေ

|0 comments
Monday, December 19, 2011

သိန်းစိန် အစိုးရဟာ ကချင်နယ်မြေသို့ စစ်အင်အား အဆမတန် တိုးချဲ့နေခြင်း သာမကဘဲ ကချင်နယ်မြေနှင့် ရှမ်းပြည်နယ်မြောက်ဘက် စစ်ဖြစ်ပွားနေတဲ့ အနီးအနား ကျေးရွာများမှ ပြည်သူပြည်သားများကို ပေါ်တာခေါ်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ အမျိုးသမီးများကို မဒိန်းကျင့် သတ်ဖြတ်ခြင်း စသည် လူ့အခွင့်အရေး ချိုးဖေါက်မှုများ ပြုလုပ်နေခဲ့တာ ယနေ့ အချိန်အထိ ဖြစ်တယ်လို့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက် အဖွဲ့အစည်းနှင့် ကချင် အမျိုးသမီးအဖွဲ့ (ထိုင်းနိုင်ငံ အခြေစိုက်) KWAT များရဲ့ ထုပ်ပြန်ချက်များ အရ သိရပါတယ်။



သမ္မတ သိန်းစိန်ဟာ ကချင်နယ်မြေဘက်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းသို့ စစ်အင်အား တိုးချဲ့မှုနှင့် ထိုးစစ် ဆင်မှုများကို ရပ်ဆိုင်းရန် မင်းအောင်လှိုင်ကို ညွန်ကြားစာ ပေးပို့ခဲ့ပေမယ့် ဒီအတောအတွင်း စစ်အင်အားများကို မီးရထားဖြင့် သော်လည်းကောင်း၊ သင်္ဘောဖြင့် သော်လည်းကောင်း၊ ရဟတ်ယာဉ်ဖြင့် သော်လည်းကောင်း အဆမတန် ပိုမိုတိုးချဲ့ နေကြောင်း ကေအိုင်အေရဲ့ ပြောဆိုမှုအရ သိရှိရပါတယ်။ စစ်အစိုးရ စစ်တပ်တို့ဟာ မိုးညှင်း၊ မိုးကောင်း၊ စသည့် မီးရထား သံလမ်းနား ကျေးရွာများမှ ပြည်သူပြည်သားများကို ညဘက် မီးရထားလမ်း လုံခြုံရေးအဖြစ် အတင်းအဓ္ဓမ စောင့်ခိုင်းခြင်း ပြုလုပ်နေခဲ့ပါတယ်။


သိန်းစိန် အစိုးရ တို့မှ ကချင်နယ်မြေဘက်သို့ စစ်အင်အား ပို့ဆောင်နေတဲ့ မြစ်ကြီးနား-မန္တလေး မီးရထားလမ်း ဖြစ်တဲ့ နဘားကျေးရွာ အောက်ဘက်ရှိ မဲဇာ မြို့အနီးမှ မီးရထား သံလမ်းကို ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် သိန်းစိန် စစ်သားများနှင့် စစ်ရိက္ခာများကို မီးရထားဖြင့် ပို့ဆောင်ဖို့ ခက်ခဲအောင် ပြည်သူ့တပ် ကေအိုင်အေ တို့မှ ပြည်သူများကို ထိခိုက်မှု မရှိစေဘဲ မီးရထား မသွားနိုင်အောင် ပြုလုပ်လိုက်ကြောင်း သိရှိ ရပါတယ်။

W.P Moses

အစိုးရနှင့် ကေအိုင်အေ တိုက်ပွဲသတင်း

|0 comments

Monday, December 19, 2011

ရှေ့တန်း တနေရာမှ ကချင် စစ်သည်တော်များ

ကေအိုင်အေ တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၁၆) နယ်မြေဖြစ်တဲ့ မိုင်ဂျာယာန် အနီးရှိ ဒန်ဝိုင် အနီးတဝိုက်မှာ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် သိန်းစိန် အစိုးရ စစ်တပ်တို့နှင့် ကေအိုင်အေ တပ်တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရှိရပါတယ်။

လွန်ခဲ့တဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကချင် နယ်မြေဖြစ်တဲ့ ခါလာ ကျေးရွာတွင် ကေအိုင်အေတပ်နှင့် စစ်အစိုးရ စစ်တပ်တို့ အကြား ပြင်းထန်စွာ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရှိ ရပါတယ်။ ယင်း ခါလာ တိုက်ပွဲတွင် စစ်အစိုးရ စစ်သား (၅) ဦးကိုလည်း ကေအိုင်အေတို့မှ စစ်သုံ့ပန်း အဖြစ် ဖမ်းဆီးခဲ့ကြောင်း ဆက်လက် သိရှိရပါတယ်။



Sunday, December 18, 2011

ဒီဇင်ဘာ ၁၈-၁၉ ထိုင်းနိုင်ငံတွင် မြန်မာပြည်သားများအတွက် အခမဲ့ ခရစ်မတ်စ်ပွဲတော် ကျင်းပပြုလုပ်

|0 comments
Sunday, December 18, 2011

ထိုင်း နိုင်ငံတွင်ရောက်ရှိ အလုပ် လုပ်ကိုင်စားသောက်နေသော မြန်မာနိုင်ငံသားများအားလုံး (လူမျိုး ဘာသာ မရွေး) အတွက် ဒီဇင်ဘာလ ၁၈-၁၉ ရက်နေ့မှာ အခမဲ့ ခရစ်မတ်စ် ပွဲတော်ကို ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း သိရှိ ရပါတယ်။

ဒီဇင်ဘာလ ၁၈ ရက်နေ့မှာတော့ ထိုင်းနိုင်ငံ မဲဆောက်မြို့ ချစ်ကြည်ရေး တံတားမှာ ညနေ ၆း၃၀ နာရီမှ စသင်ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဒီဇင်ဘာလ ၁၉ ရက်နေ့မှာတော့ မဲဆောက်မြို့ရှိ ထေ့စဘန်း ဘောလုံးကွင်းမှာ ပြုလုပ် ကျင်းပ သွားမှာ ဖြစ်ပါတယ်။

ခရစ်မတ်စ်နှင့် အတူ အထူး အခမဲ့ အဖိုးတန်သော ကံစမ်းမဲများလည်း ထိုင်းနိုင်ငံရောက် မြန်မာ ပြည်သားများ အတွက် ပြုလုပ်ပေးသွားမှာ ဖြစ်ကြောင်း သိရှိရပါတယ်။
မဲဆောက်ကျေးဇူးတော် အသင်းတော် (Maesot Grace Church) မှ ဦးဆောင်ကာ မဲဆောက်မြို့မှာ ရှိတဲ့ အသင်းတော် အားလုံး ပါဝင် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သိရှိရပါတယ်။

မလေးရှားနိုင်ငံမှ ဆရာကြီး Rev. Raymond Mooi မှ ဧဝံဂေလိ တရားတော် ဟောကြားခြင်း သာမက အနာငြိမ်း (ကုလို့မရတော့တဲ့ အနာရောဂါ၊ နား မကြားခြင်း၊ မျက်စိ မမြင်ခြင်း၊ အောက်ပိုင်း သေခြင်း၊ လေဖြတ်ရာဂါ၊ ကျောရိုးရောဂါ၊ စသည့် အမျိုးမျိုး နာကျင်ခံစားရတဲ့ အနာရောဂါများကို) ဆုတောင်း ကုသ ကောင်းချီးပေးမှာ ဖြစ်ကြောင်း သိရှိ ရပါတယ်။ ဆရာကြီး Rev. Raymond Mooi နှင့် အတူ ဆရာ့ရဲ့ ရှေ့ပြေးဆရာ ဆရာကြီး ဖါဒီနန် (ဖီလပိုင်နိုင်ငံ) နှင့် အတူ အဖွဲ့သား မြောက်များစွာလည်း ပါဝင်သွားမှာ ဖြစ်ကြောင်း သိရှိ ရပါတယ်။

-လာရောက်၍ ကောင်းကြီးခံစားပါ

၁။ မူးယစ်ဆေးဝါး စွဲခြင်းမှ လွတ်မြောက်လိုသူများ
၂။ ကုသ၍ မပျောက်သောရောဂါများ
၃။ နွေးထွေးမှုမရှိသော မိသားစုအိမ်ထောင်များ

ဤအရာအားလုံးဟာ အခမဲ့ပြုလုပ်ပေးခြင်း ဖြစ်ပါတယ်..။

၁၈ ဒီဇင်ဘာလ၊ ၂၀၁၁ ညနေ ၆း၃၀ နေရာ - မဲဆောက်ချစ်ကြည်ရေး တံတား (ထိုင်းနိုင်ငံဘက်ခြမ်း)
၁၉ ဒီဇင်ဘာလ၊ ၂၀၁၁ ညနေ ၆း၃၀ နေရာ - မဲဆောက်မြို့ ထေ့စဘန်း ဘောလုံးကွင်း

လူမျိုးဘာသာ မရွေးလာရောက်ပါဝင်နိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်..။

W.P Moses

Saturday, December 17, 2011

ကေအိုင်အေ စစ်မှုထမ်းများ အတွက် ထိုင်းနိုင်ငံရှိ ကချင်ရွာမှ ခရစ်မတ်စ် ဆုတောင်းပွဲ..

|0 comments
Saturday, December 17, 2011

ထိုင်းနိုင်ငံရှိ ကချင်ရွာဖြစ်တဲ့ ဘန့်မိုင်မှာ ဒီဇင်ဘာလ ၁၇ ရက်နေ့ ဒီနေ့တွင် ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အို/ကေအိုင်အေ စစ်မှုထမ်း၊ စစ်ဗိုလ်၊ စစ်သား နှင့် အရာရှိ လူကြီးများ အားလုံးအတွက် ခရစ်မတ်စ် ကောင်းချီးပေး ဆုတောင်းပွဲ ပြုလုပ်ကျင်းပခဲ့ကြောင်းကို ဘန့်မိုင်ရွှာ ကချင် လူငယ်ခေါင်းဆောင်မှ ယခုလိုပြောပြ လာပါတယ်..“ ကျနော်တို့ဒီမှာ ဝန်ပေါင် ကချင် မိသားစု အိမ်ခြေ (၁၀၀) ကျော်ရှိတယ်..။ ထိုင်းနိုင်ငံ ဘုရင်မှ သတ်မှတ်ထားပေးတဲ့ ထိုင်းနိုင်ငံ ကချင် ရွာကလေးဖြစ်တယ်..။ ဒီနေ့ ကျနော်တို့ ဘန့်မိုင် ခရစ်ယာန် သင်းအုပ်ဆရာ၊ အမှုတော်ဆောင်များနှင့် ဝန်ပေါင် ကချင်မိသားစု၊ ကချင်လူငယ်တွေ ပါဝင်ပြီး ယခုစစ်ဖြစ်နေတဲ့ ကချင်ဒေသ၊ ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသများနှင့် ကေအိုင်အေ စစ်မှုထမ်းများ အတွက် ခရစ်မတ်စ် ကောင်းချီးပေး ဆုတောင်းပွဲ ပြုလုပ်ခြင်း ဖြစ်ပါတယ်..” ဟု ပြောပြလာပါတယ်။


W.P Moses

ရှေ့တန်းနယ်မြေနှင့် တချို့ ကချင်ရွာများကို စစ်အစိုးရ စစ်တပ်မှ မီးရှို့..

|0 comments
Saturday, December 17, 2011

 ဒေါ့ဖုန်းယန်မြို့နယ်ခွဲမှာ ရောက်နေတဲ့ သိန်းစိန်စစ်တပ် များကို အင်အား ထပ်ဖြည့်ဖို့ ၊ ၀င်လာကျတဲ့
ခလရ ၁၄၂ နှင့် ၃၇ တပ်မှ အင်အား ၁ဝဝ ကျော် နဲ့ ယနေ့နံနက် ၄ နာရီကျော်မှာ ကေအိုင်အေ စစ်တပ်နဲ့  စပြီး တိုက်ပွဲများ ဖြစ်ခဲ့တယ်လို့ သိရပါတယ် ။

ကေအိုင်အေ စစ်တပ်များ က အလုံးရင်း ၀င်လာတဲ့ အစိုးရတပ်သား ၁၀၀ ကျော်ကို ဖြတ်ပြီး တိုက်ခိုက်ခဲ့ မှုကြောင့် အလုံးအရင်း ၀င်လာတဲ့ မြန်မာတပ်များ ကျဆုံးမှု များလာတဲ့ အတွက် ပြန်ဆုတ် သွားတယ်လို့ သိရပါတယ် . ။

သိန်းစိန် ကချင်ရွာများကို  မီးရှို့လိုက်ပြီ


ကျသွားတဲ့ စစ်သားများမှ လက်နက်ကြီးငယ်များကို ရရှိလိုက်တယ်လို့ သိရပါတယ် ။

နောက်ဆုတ်ပြီး  ဒေါ့ဖုန်းယန်ကနေ တောင်ဘက် ၃ မိုင်လောက် ဝေးမှာရှိတဲ့ ဒိန်ဂါရွာမှ အိန်ခြေ ၁၀ အိမ် အနည်းဆုံး  မီးရှို့လိုက်ပြီး ဆုတ်သွားတယ်လို့ သိရပါတယ်။

 မီးရှို့ဖျက်ဆီးလိုက်သည့်အထဲမှာ ဒိန်ဂါကျေးရွာက ဆေးခန်းများကိုပါ ဖျက်ဆီးလိုက်တယ်လို့ သိရပါတယ် ။

 မနေ့က  ၂ နာရီခန့် မှာ  လွယ်ရင်းစခန်း ကိုလည်း ရဟတ်ယာဉ်တစီးဖြင့် လက်နက်နဲ့ ရိက္ခာများ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

W.P Moses


တိုက်ပွဲ ၊ မီးရှို့ဖျက်ဆီး ၊ ကချင်အမျိုးသမီးများကို မဒိန်းကျင့်

|0 comments
Saturday, December 17, 2011

ကချင်ပြည်နယ်အတွင်း အစိုးရတပ်များ ထိုးစစ် ရပ်ဆိုင်းထားရန် သမ္မတ ဦးသိန်းစိန်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို ညွန်ကြားထားပေမဲ့  KIA တပ်များနှင့် စစ်အစိုးရ စစ်တပ်များ နေ့စဉ် တိုက်ပွဲများ ဖြစ်ပွားနေပြီး သိန်းစိန် စစ်တပ်က ကချင်ရွာများကို  မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေသည်သာမက ကချင်အမျိုးသမီးများကို  မုဒိန်းကျင့် သတ်ဖြတ်မှုများ နေ့စဉ် ဖြစ်နေတယ်လို့  သိရပါတယ်။

 
မန်စီမြို့နယ် KIA တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၂၊ ၁၅၊ ၂၇ နှင့် မိုးမောက်မြို့နယ် တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်း ၃ နယ်မြေများအတွင်း ထိုးစစ် ဆင်မှုများလည်း နေ့စဉ်ဖြစ်ပွားနေတယ်လို့  ကေအိုင်အေက ပြောပါတယ် ။

အင်အားတိုးလာသည့် တပ်များကတော့  တပ်မ ၉၉ စစ်ဆင်ရေး နေရာမှာ စကခ ၁ဝ လက်အောက်ခံ တပ်ရင်းတွေ ပြန်ဖြည့်နေပြီး တပ်အင်အား ပိုများလာတယ်လို့ သိရပါတယ် ။

သမ္မတက ညွန်ကြားထားပေမယ့် ရှေ့တန်း တပ်ဖွဲ့တွေက စစ်မြေပြင်ခွင်မှာ ရောက်နေတော့ တိုက်ပွဲက ငြိမ်းဖို့ အခြေအနေ အခုထိ မရှိသေးဘူးလို့ ကေအိုင်အေ ပြောခွင့်ရ ဦးလနန်က ပြောပါတယ်။
 
W.P Moses

မည်သို့ပင်ဆိုစေကာမူ - အပိုင်း (၂)

|0 comments
Saturday, December 17, 2011

ဆောင်းပါးရှင် - ဒုအရာခံဗိုလ် ရန်နောင် (အပိုင်း (၁) ကို ဒီနေရာ တွင်နှိပ်၍ ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါသည်...)

 ဆန္ဒဖော်ထုတ်ပွဲ အမည်ခံစေကာမူ လွတ်လပ်စွာ ပြောဆိုခွင့် မည်သည့်တပ်မှ
မရပါ။ လစာ/ စရိတ်များအနက်မှ အကြောင်း အမျိုးမျိုးဖြင့် ဖြတ်တောက် ခံနေရခြင်း၊ မတရား ချုပ်နှောင် ခံရခြင်း၊ ကျောသား ရင်သား ခွဲခြား နှိပ်ကွပ် ခံရခြင်း၊ ကွပ်ကဲသူတို့အလိုကျ တရားစီရင် ပြစ်ဒဏ် ကျခံနေရခြင်းများသည် လေတပ်စခန်းတိုင်းတွင် ရှိခဲ့ပါသည်။ ရှိနေဆဲလည်းဖြစ်ပါသည်။

လွှတ်တော်မှ တပ်မတော် အရာရှိ စစ်ဗိုလ်များ

 "ဖွတ်မိကျောင်းဖြစ် မြစ်မချမ်းသာ" ဆောင်းပါးတွင် ပါရှိခဲ့သော လေတပ် စခန်းတွင်ဆိုလျှင် ခိုးမှု များစွာ ဖြစ်ပွါးခဲ့ပြီး၊ အ၀င်အထွက်ကောင်းသော စစ်သည်များမှာ ခွင့်မဲ့ ပျက်ကွက်မှုရော ခိုးမှုပါ ကျူးလွန်ပါလျက် မည်သို့မှ အရေးယူ မခံရဘဲ ၀န်ခံ ကတိ ရေးသားယုံမျှနှင့် အပြစ် လွတ်သွားသော်လည်း၊ အလားတူ ပြစ်မှု ကျူးလွန်သော အခြား စစ်သည်များမှာ နယ်ထောင် ၂ နှစ် ကျသွား ခဲ့ရပါသည်။

ထိုဖြစ်စဉ်မှာ တစ်ပတ်သာခြားပြီး ဖြစ်ခဲ့သည်တိုင် တင်ပြပါအတိုင်း မညီမမျှ ဖြစ်ခဲ့ရသည်မှာ ထင်ရှားသော ဥပမာ ဖြစ်ပါသည်။ အခြားသော လေတပ် စခန်းတွင်မူ ၃ လခန့် တပ်မှ ပျောက်ကာ အခြားမြို့တွင် အလုပ်သွားလုပ်နေသော အုပ်မှူး တစ်ဦး၏ လူယုံစစ်သည်မှာ ဘာမှ မဖြစ်သော်လည်း၊ မဟုတ်မခံ ပြောတတ်သော တပ်ကြပ် တစ်ဦးမှာ ကင်းမှူး တာဝန်ကျစဉ် တပ်တွင်း ဈေးတန်းသို့ နာရီဝက်ခန့် ကွမ်းယာ သွားဝယ်ရာ ၄င်းကို ကြည့်မရသော တာဝန်မှူးကြီးက ပျက်ကွက် တင်လိုက်ပြီး စစ်သည်ကို ထောင်ချ ထုတ်ပစ်လိုက်သော ဖြစ်စဉ်များလည်း ရှိပါသည်။

 နောက်တစ်ချက်မှာ အဆင့်တိုးမြှင့်ရေး၊ ပြောင်းရွှေ့ရေး ကိစ္စများ ဖြစ်ပါသည်။ သတ်မှတ်ချက်များ၊ မူဝါဒများ မည်သို့ပင် ရှိစေကာမူ နောက်ဆုံးအဆင့်တွင် ကာယကံရှင် စစ်သည်၏ ဆန္ဒနှင့် ကွဲလွဲသော
ဖြစ်စဉ်များ ဖြစ်သွားလေ့ ရှိပါသည်။ ဆိုလိုသည်မှာ စစ်သည်က ပြောင်းရွှေ့ခွင့် တောင်းခံ ထားသည့်တိုင် ကက (လေ) သို့ စခန်းမှပို့သည့် စာရင်းတွင်ပင် အမည်မပါသွားခြင်းမျိုး ဖြစ်ပါသည်။

 လက်ရှိ တပ်မတော် (လေ) တွင် ရှေ့မှီ နောက်မှီ အရာခံ ဗိုလ်ကြီးများ နည်းပါးလာနေပြီး နည်းပညာ ဒီပလိုမာဆင်း အကြပ်ကြီးများ၏ ခေတ်ဖြစ်လာနေရာ လေတပ်ထဲသို့ တပ်သားဘ၀ဖြင့် ၀င်ရောက်ကာ အဆင့်ဆင့် တက်လာသော အကြပ်ငယ်များနှင့် ဒီပလိုမာ အကြပ်ကြီးများအကြား ပြဿနာ မကြာခဏ တက်လေ့ ရှိပါသည်။ အတွေ့အကြုံ သာသော်လည်း အဆင့် ကွာခြားမှု၊ အနာဂတ် အနေအထားများကြောင့် စစ်သည်များ အတော်ကသိကအောင့် ဖြစ်ရသော ဆက်ဆံရေးဖြစ်ပါသည်။

 အရာရှိများ အကြားတွင်လည်း စက်မှုလက်မှု လုပ်ငန်း အသီးသီးမှ ၀ါရင့်အရာရှိများမှာ ဗိုလ်ကြီးအဆင့်ဖြင့် နိဂုံးချုပ်နေပြီး၊ DSTA ဆင်း အရာရှိငယ်များမှ သိသလိုဖြင့် မသိသော အုပ်ချုပ်မှု၊
ပြင်ဆင် ဆောင်ရွက်မှုတို့ လုပ်လာသောအခါ အချောင်ထောင်ကျ မခံနိုင်သော NCO IC (ပြန်တမ်းဝင် အရာရှိ မဟုတ်သော အရာခံများ) များဖြစ်သော ကျွန်တော်တို့ အဆင့်များသည် ပိုမို ပင်ပန်း ကြရ ပါတော့သည်။ ထို့အတူ များပြားလှသော လေသူရဲ ဗိုလ်မှူး အုပ်စုကြီး (DSA41+42) ၏ အမျိုးမျိုးသော သူတလူ ငါတမင်း အမိန့်များအကြားဝယ် ဟိုသည်ပြေးလွှား ဗျာများ ကြရ ပါသေးသည်။ လက်ညှိုးထိုး မလွဲဗိုလ်မှူးများ ပေါများလှသော လေတပ်ကြီးအဖြစ် ထူးဆန်းစွာ တွေ့မြင် နေရသော ကာလလည်း ဖြစ်ပါသည်။

  တပ်မတော်တွင် မူဝါဒအရဖြစ်စေ၊ ခေတ်အခြေ အနေအရဖြစ်စေ အခါအားလျော်စွာ
အမိန့်နှင့် ညွှန်ကြားချက်များ ထုတ်ပြန်လေ့ ရှိပါသည်။ သို့သော်လည်း အချို့မှာ လက်ရှိ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံခေတ်နှင့် မဆီလျော်တော့သော အချက်အလက်များစွာ ရှိနေပြီ ဖြစ်ပါသည်။ အမိန့်နှင့် အုပ်ချုပ်ရသည်မှာ မှန်သော်လည်း၊ သာမန် ပြည်သူတို့ထက် မနိမ့်သော အခွင့်အရေးများ ရရှိခံစား စေသင့်သည်ဟု ထင်ပါသည်။

 သာမန်ပြည်သူများသည် မတရားမှု၊ အဆင်မပြေမှု၊ မကျေနပ်မှုများအား သက်ဆိုင်ရာ
လွှတ်တော် ကိုယ်စားလှယ်နှင့် အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သို့ တိုင်ကြား နိုင်သည်ဟု ဆိုပါသည်။ ထိုသို့ဆိုလျှင် မိမိတို့ တပ်မတော်သားများ၏ အထက်ပါ အဆင်မပြေမှု၊ လွဲမှားနေမှု၊ မတရားမှုများအား မည်သို့ တင်ပြ ဖြေရှင်း ရပါမည်နည်း။ ပြည်သူ့ လွှတ်တော် ကော်မတီများတွင် တပ်မတော်အတွင်းမှ ခေတ်စနစ်နှင့် မညီသော အမိန့်၊ ညွှန်ကြားချက်၊ မူဝါဒ၊ ဥပဒေများအပေါ် သုံးသပ် ကြားနာ စိစစ်ရန် ကော်မတီ တစ်ရပ် ထပ်ဖြည့် ပါမည်လား။ မှားနေသည်ကတော့ အသေအချာ ဖြစ်ပါသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် သိနေ ကြားနေ ပါလျက်နှင့် မကြား မသိယောင် ပြုနေသည်ဟု ဆိုရပါမည်။ ကာကွယ်ရေး ဦးစီးချုပ် (လေ) သည်ပင် လေတပ်သားတို့ ရင်ဖွင့်သံများ အပေါ် ရေငုံ နှုတ်ပိတ်ကာ ၄င်းဗိုလ်ချုပ်ကြီးအဆင့် တည်မြဲရေးအတွက် အချို့သော အရာရှိ ကြီးငယ်များအား ထိုးကြွေး စတေးခဲ့ဖူးသော သာဓကများ ရှိသည်ဟု ဆိုရာ၊ သာမန် စစ်သည်တို့အရေးမှာမူ ဆိုဖွယ် မရှိတော့ပါ။ မည်သို့ပင ဖြစ်စေ လေတပ်သား အရာရှိရော စစ်သည်များသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ ရပိုင်ခွင့်များအတွက်၊ မတရားမှုကို ငြိမ်ခံနေမည့်သူများ မဟုတ်ကြောင်း စည်လုံးခြင်းရဲ့ အင်အား စာမျက်နှာများထက်မှ အားဖြည့် တင်ဆက် လိုက်ရပါသည်။

Friday, December 16, 2011

ဓါတ်ပုံ သတင်း...

|0 comments
Friday, December 16, 2011

ပျော်ရွှင်ဖွယ်ကောင်းလှတဲ့ ကချင်ပြည်နယ် ချန်းယိန်းခူး .... စိမ်းလန်းနေတဲ့ တောင်ကုန်းတောင်းတန်း....

မြူ နှင်း တိမ်တွေနဲ့ မျက်နှာ သစ်တဲ့ ဝန်ပေါင် ကချင် ရွာကလေး...

နှင်းဖုံးတောင် နောက်ခံမြင်ကွင်းနဲ့အတူ လှပခမ်းနားနေတဲ့ ဘုရားရှိခိုးကျောင်း (သို့) နှင်း တောင်တန်းတွေကြားက ဘုရား ရှိခိုးကျောင်း...

မြင့်မြင့်မားမား တောင်တန်းများပေါ် မှာသာ ပွင့်တတ်တဲ့ လှပ တင့်တယ်... တောင်ဇလပ်နီ ပန်းများ

ကေအိုင်အေကို အသုံးပြု တိုက်ခိုက်နေတဲ့ သိန်းစိန်ရဲ့ ၁၂၀ မမ စိန်ပြောင်း ..


သိန်းစိန်အစိုးရ စစ်တပ်မှ ပစ်လိုက်တဲ့ အမြောက်ကျည်ဆံ... တရုတ်နယ်မြေထဲ ကျ သော်လည်း တရုတ် အစိုးရ နှုတ်ဆိတ်နေ...

W.P Moses (အားလုံးကို ကျေးဇူးတင်ပါတယ်...)