Tuesday, October 04, 2011

ငြိမ်းချမ်း ဂျာနယ် (Sim Sa Journal)

|0 comments
Tuesday, October 4, 2011

Monday, October 03, 2011

ကြေငြာချက် (Ndau Lai Ka)

|0 comments
Monday, October 3, 2011

စစ်ရာဇဝတ်မှု ဆိုတာ ဘာလဲ

|0 comments
Monday, October 3, 2011

စာဖတ်ပရိသတ်များ ခင်ဗျား

ကိုလွင်အောင်စိုးမှ “စစ်ရာဇ၀တ်မှု ဆိုတာ ဘာလဲ” ဆောင်းပါးအား ပေးပို့ လာပါတယ်။ အဲဒီ ဆောင်းပါးမှာ နိုင်ငံတကာ ရာဇဝတ် ခုံရုံး ပေါ်ပေါက်လာပုံ၊ စစ်ရာဇ၀တ်မှု မြောက်ဖို့ဟာ ဘယ်လို အချက်အလက်တွေနဲ့ ကိုက်ညီပါက ကျူးလွန်မှုမြောက်ပုံ၊ ယူဂိုစလားဗီးယား အရေးအား ကိုင်တွယ်ဖြေရှင်းတဲ့ နိုင်ငံတကာ ရာဇဝတ် ခုံရုံး တင်ပုံနဲ့ မျိုးတုန်းသတ်ဖြတ်မှု (Genocide) ကို အဓိပ္ပာယ် ဖွင့်ထားပုံတွေ ပြည့်ပြည့်စုံစုံ ရေးသား ဖော်ပြ ထားပါတယ်။ ဒါ့အပြင် ဒီဆောင်းပါးနဲ့ ဆက်စပ်ပြီး ကမ္ဘောဒီယား နိုင်ငံ ခမာနီတို့ရဲ့ အစုလိုက် အပြုံလိုက် လူထုသန်းနဲ့ချီပြီး သတ်ဖြတ်ခဲ့တဲ့အပေါ် တာဝန်ရှိတဲ့ ခမာနီတို့အား စစ်ရာဇ၀တ်ကောင်အဖြစ် နိုင်ငံတကာ ရာဇ၀တ် ခုံရုံးက ဆက်လက် ကိုင်တွယ်မယ် ဆိုတာ ရှိတဲ့အကြောင်း ကျွန်တော် အနေနဲ့ သိရှိရပါတယ်။ ယခုလို ပေးပို့တဲ့ ကိုလွင်အောင်စိုးအား ကျွန်တော်  အထူးပင် ကျေးဇူး တင်ရှိပါတယ် ခင်ဗျား။

စစ်ရာဇဝတ်မှု ဆိုတာ ဘာလဲ
ဆောင်းပါးရှင် - ကိုလွင်အောင်စိုး


၁၉၉၂ ခုနှစ် မတ်လကနေ ၁၉၉၅ ခုနှစ် နိုဝင်ဘာလထိ ဖြစ်ပွားခဲ့တဲ့ ဘော့စနီးယား စစ်ပွဲမှာ ရက်စက်        

ကချင် အနုပညာရှင်များမှ စစ်ဘေးဒုက္ခသည် များအတွက် စတိတ်ရှိုးပြုလုပ်ကာ ရန်ပုံငွေရှာ

|0 comments
 Monday, October 3, 2011
ကချင် အနုပညာရှင်များ

ကချင် အနုပညာရှင်များမှ ဦးစီးပြုလုပ်သည့် စစ်ဘေး ဒုက္ခသည်များအတွက် ရန်ပုံငွေရှာဖွေသည့် အနုပညာ ဖျော်ဖြေပွဲကို တရုတ်နိုင်ငံ၊ ရှမ်း/ကချင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တဲဟုန်တိုင်း၊ ရွှေလီမြို့၊ ကချင်ရိုးရာ မနောကွင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အနုပညာဖျော်ဖြေပွဲသည် စစ်အာဏာရှင် အစိုးရနှင့် ကချင်လွတ်မြောက်ရေး တပ်မတော် K.I.A အကြား ဖြစ်ပွားနေသည့် စစ်ကြောင့် ဒုက္ခရောက်နေသော ဒုက္ခသည်များအား ကူညီ နိုင်ရန်အတွက် ရည်ရွယ်ကြောင်း ပွဲစီစဉ်သူတစ်ဦးက ပြောကြားသည်။

ကချင် အဆိုတော်များဖြစ်သည့် လဖိုင် ဇော်ခမ်း၊ ဒရှီ ဂွန်းလာ၊ Plus three (+3) ၊ အော်ရာလီ၊ လရှမ်း ခါးလီ၊ လရှမ်း တူးမိုင်၊ ဖောင်ဒါ ဂွန်း၊ ဘရန်ဆန် (hkrum)၊ စကိုင်း၊ အင်ခွန် ဘရန်တေင်၊ မရန် ဆိုင်ဖုန်း၊ ကေ. ဆိုင်းလတ်၊ အင်ခွန် ခမ်းအောင်၊ မင်းဇိုင်း လွမ်းနော၊ ကရိုင် ကိုင်ဒင့်၊ လဆန် ဂျီးဘူ၊ လဂွီ ယော်မျှော်၊ လရှီး ခေါန်ခေါန်၊ အင်ခွန် ထုဆိုင်း၊ ယိန်းယိန်းခဲ (ခ) ခေါန်ထွဲ၊ လုပန်ခေါင် နှင့် ဒေသခံ အဆိုတော်များ ဖျော်ဖြေခဲ့ကြကြောင်း သိရှိရသည်။

ဖျော်ဖြေပွဲအတွက် ကျေးဂျူးကမ္ဘာတီးဝိုင်းမှ စက်နှင့်တကွ တီးဝိုင်းအဖွဲ့သားများပါ မေတ္တာဖြင့် ကူညီ ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ဖျော်ဖြေပွဲမှ စစ်ဘေး ဒုက္ခသည်များအတွက် အလှူငွေ ယွမ် ကိုးသောင်း (၉၀၀၀၀) ကျော် ရရှိခဲ့ကြောင်း သိရှိရသည်။ ယခုကဲ့သို့ အနုပညာ ဖျော်ဖြေပွဲများကို အခြား နေရာများတွင်လည်း ဆက်လက် ပြုလုပ်သွားမည်ဟု ပွဲစီစဉ်သူ တစ်ဦးထံမှ သိရသည်။

K.I.A တပ်မဟာ ၅ နေရာသို့ အင်အား အလုံးအရင်းနှင့် ထိုးစစ်ဆင်ရန်ပြင်

|0 comments
Monday, October 3, 2011

Kachin Independence Army

K.I.A တပ်မဟာ (၃) လက်အောက်ခံ၊ အမှတ် (၁၅) တပ်ရင်းနယ်မြေ၊ ဘွမ်ဆဲန် စခန်း အနီးတွင် အောက်တိုဘာလ (၂) ရက်၊ ၂၀၁၁ ခုနှစ် မနက် ၇ နာရီအချိန်မှ ၇ နာရီခွဲ အချိန်ခန့် အထိ K.I.A တပ်ရင်း (၁၅) တပ်သားများနှင့် အစိုးရစစ်တပ်တို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်း သိရှိ ရပါတယ်။ နှစ်ဖက် ထိခိုက် ဒဏ်ရာရမှု စာရင်းကို ဆက်လက် စုံစမ်း ဆဲဖြစ်ပါတယ်။

အောက်တိုဘာလ ၂ ရက် ၂၀၁၁ ခုနှစ် နေ့လည် ၁၂ နာရီမှ မွန်းလွဲ ၂ နာရီခန့်အထိ နမ်ဆန်ယန်၊ ဘန်ဒေါင်၊ အေဒင် ဒေသများတွင် K.I.A အမှတ် (၅) တပ်မဟာ တပ်သားများနှင့် ရွေ့လျား တပ်များမှ စစ်အစိုးရစစ်တပ် မြောက်ပိုင်းတိုင်း လက်အောက်ခံတပ် ခမရ (၁၂၁) နှင့် စကခ (၃) စစ်ကြောင်းများကို ပိတ်ဆို့ ပစ်ခတ်ခဲ့ကြောင်း စုံစမ်း သိရှိရပါတယ်။ ထိခိုက်ကျဆုံးမှု အခြေအနေများကို သီးခြား အတည် ပြုနိုင်ခြင်း မရှိသေးပါ။ ငါ့အူကျေးရွာ အခြေစိုက် ခလရ (၁၂၁) သည် စစ်သည် အင်အား (၂၈၀) ကျော် ရှိပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်များထဲတွင် အင်အား အများဆုံးတပ်ဖြစ်သည်။

ထို့အပြင် စစ်အစိုးရ စစ်တပ်များသည် K.I.A တပ်မဟာ (၅) ရှိရာသို့ စစ်သည်အင်အား အမြောက်အများနှင့် ထိုးစစ်ဆင်ရန် ချဉ်းကပ်လာနေကြောင်း မျက်မြင်များထံမှ စုံစမ်း သိရှိ ရပါတယ်။ စကခ (၃) လက်အောက်ခံ ခမရ ၃၈၁၊ ခမရ ၃၈၂၊ ခမရ ၃၈၃၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခလရ (၁၄၁)၊ ခလရ (၁၄၂)၊ ခလရ (၁၂၁) တို့သည် ဂျာအင်ယန်၊ ဘန်ဒေါင်၊ ရှဒန်ပါ အနီးတ၀ိုက်များတွင် သုံးနေရာခွဲပြီး လှုပ်ရှား နေကြောင်း K.I.A ရှေ့တန်း သတင်းများ အရ သိရှိ ရပါတယ်။

16/ 17/ 7/ 2011 မဒီယာန်နှင့် ခါလာ စစ်အောင်ပွဲ

|0 comments
Monday, October 3, 2011

Sunday, October 02, 2011

K.I.A ဌာနချုပ် လိုင်ဇာ အနီးထဝိုက် စစ်တပ်အင်အားဆက်လက်တိုးချဲ့

|0 comments
Sunday, October 2, 2011

Kachin Independence Army

အောက်တိုဘာလ ၂ ရက် ၂၀၁၁ K.I.A ဌာနချုပ်ဖြစ်တဲ့ လိုင်ဇာ အနီးတဝိုက် ကျေးရွာများတွင် စစ်တပ် စစ်အင်အား ပိုမိုတိုးချဲ့လျက်ရှိကြောင်း မျက်မြင်များထံမှ စုံစမ်း သိရှိရပါတယ်။ ကချင်ပြည်နယ် ရှဒန်ပါ ကျေးရွာနှင့် အောင်ဂျာယာန်ကျေးရွာ အကြား ခါလာ ကျေးရွာတွင် စစ်တပ် အင်အား ပိုမိုများပြား လာနေကြောင်း သိရှိရပါတယ်။ တဆက်တည်းမှာလည်း K.I.A ဌာနချုပ်ဖြစ်တဲ့ လိုင်ဇာအနီးရှိ လဂျား ယာန်ကျေးရွာ အထက်ဘက်မှာ ရှိတဲ့ ဦး လယင်ဝါ ရဲ့ ငှက်ပျောသီးခြံနှင့် ရာဘာခြံများတွင် စစ်တပ် အင်အား (၂၀၀) နှစ်ရာကျော် ရောက်ရှိ နေပြီဖြစ်ကြောင်း သိရှိရပါတယ်။

ဂလန်ဂျာကျေးရွာမှာ တိုက်ပွဲဖြစ်

အောက်တိုဘာလ ၂ ရက် ၂၀၁၁ K.I.A တပ်ဖွဲ့ဝင်များနှင့် စစ်တပ်တို့အကြား ဒီမနက် ဂလန်ဂျာကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။ နှစ်ဖက်စလုံးမှ အခြေအနေများကို ဆက်လက်စုံစမ်းဆဲပါ..။
ယခုအချိန်များတွင် ကချင်လွတ်မြောက်ရေး တပ်မတော် K.I.A နယ်မြေများဖြစ်တဲ့ နမ်ဆန်ယာန်၊ ဘန်ဒေါင်ယာန်နှင့် တခြားကျေးရွာများတွင် စစ်အာဏာရှင် အစိုးရစစ်တပ်တို့မှ စစ်အင်အားများ တိုးချဲ့လျက်ရှိနေကြောင်း၊ တချို့တပ်တွင်ဟာ ရောက်ရှိနေပြီဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။ K.I.O/K.I.A ဗဟိုကော်မတီမှလည်း K.I.A ဌာနချုပ်များ၊ တပ်မဟာများ၊ တပ်ရင်းများအားလုံးကို အမြဲ အဆင်သင့်ဖြစ်နေ ဖို့ရန်နဲ့၊ ကိုယ့်နယ်မြေများတွင် ဝင်ရောက်လာသော ရန်သူများကို အပြတ်ချေမှုန်းရန် အထူး သတိပေး လိုက်ပြီဖြစ်ကြောင်း စုံစမ်း သိရှိရပါတယ်။ တဆက်တည်းမှာဘဲ စစ်တပ်ရဲ့ တိုက်လေယာဉ်များဟာ အချိန်မရွေး ဝင်ရောက် တိုက်ခိုက် လာနိုင်ကြောင်း K.I.A ထောက်လှမ်း ရေးများမှ အထူး သတိပေးထားကြောင်း K.I.A အထူးသတင်းများအရ သိရှိရပါတယ်။

ရှမ်း/မြောက်ဒေသမှ စစ်ပြေးများ၏ ဒုက္ခ

|0 comments
Sunday, October 2, 2011

မူဆယ်ဘုရားကျောင်းဝင်းတွင် ခိုလှုံနေသော စစ်ပြေး ဒုက္ခသည်များ

စစ်ဘေးကြောင့် ရပ်ရွာစွန့်ခွာ ပြေးသူများကို လမ်းခရီးတွင် အစိုးရ စစ်တပ်မှ နိပ်စက် နေကြောင်း စုံစမ်းသိရှိရပါတယ်။

စက်တင်ဘာလ ၂၃ ရက်နေ့မှ စတင်ကာ ရှမ်းပြည်မြောက်ပိုင်းတွင် စစ်အာဏာရှင် အစိုးရစစ်တပ်မှ အပြင်းအထန် ထိုးစစ်ဆင်သဖြင့်  အနီးအနား ကျေးရွာများမှ ရွာသူရွာသားများသည် ဘေးကင်းရာသို့ အသီးသီး ထွက်ပြေး နေကြရကြောင်း စုံစမ်းသိရှိရပါတယ်။

စက်တင်ဘာ ၃၀ ရက်ထိ စစ်ပြေး ဒုက္ခသည်များမှာ  ..
၁။ မုန်းပေါ်၊ ဟိုဝါးမန်ပိန်း ကျေးရွာမှ ၇၀ ဦး၊
မုန်းပေါ်၊ မန်နောင်ကျေးရွာမှ ၅၀ ဦး၊

နေပြည်တော်ရဲ့ ညွန်ကြားချက်ထွက်လာ

|0 comments
Sunday, October 2, 2011

ကချင်လွတ်မြောက်ရေး တပ်မတော် K.I.A ဌာနာချုပ်ဖြစ်တဲ့ လိုင်ဇာ မုဒ်လုမ်ကို စစ်အစိုးရတို့မှ ဒီလ အောက်တိုဘာ (၃၊ ၄၊ ၅ ….) ရက် အတွင်း အပြီးသိမ်းပိုက်ရန်အတွက် နေပြည်တော် စစ်အစိုးရ ဌာနချုပ်မှ ညွန်းကြားချက် ထွက်လာပြီဖြစ်ကြောင်း စစ်ဘက် နီးစပ်သူများထံမှ သတင်း စုံစမ်း သိရှိရပါတယ်။ ယခုချိန်တွင် K.I.A ဌာနချုပ်ဖြစ်တဲ့ လိုင်ဇာ အနီး တဝိုက်များတွင် စစ်အစိုးရ စစ်အင်အားများ ထောင်ကျော် ရှိနေပြီဖြစ်ပြီး စစ်အင်အားများလည်း နည်းအမျိုးမျိုးဖြင့် ထပ်မံ ပို့ဆောင် နေကြောင်း K.I.A သတင်းများအရ စုံစမ်း သိရှိ ရပါတယ်။ K.I.A ဘက်မှာလည်း အမြဲတမ်း အဆင်သင့် ဖြစ်ဖို့ရန် အထူး လေ့ကျင့် ပြင်ဆင် နေကြာင်းနှင့် “ဒီလိုနေပြည်တော်ကနေ ညွန်ကြားချက် ထွက်လာပြီဆိုတော့ စစ်မီးဟာ တတိုင်းပြည်လုံး ပြန့်နံ့သွားဖို့ဟာ ပိုမိုများနေပြီ” ဟု K.I.A အထက်အရာရှိ တစ်ဦးမှ ပြောကြားချက်အရ သိရှိရပါတယ်။

K.I.A နှင့် စစ်အစိုးရတို့အကြား တိုက်ပွဲများဟာ နေရာ အနံ့ အဆက်မပြက် ဖြစ်ပွားလျက်ရှိရာ ယခုချိန်ကစပြီတော့ ပိုမိုပြင်းထန်လာလိမ့်မယ်လို့ နိုင်ငံရေး လေ့လာ သူများက သုံးသပ်နေကြပါတယ်။

စစ်ကြေညာချက်

|0 comments
 Sunday, October 2, 2011

အက်ဆစ်၏ အာဘော် “စစ်ကြေညာချက်”

အက်ဆစ်

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ပြောချင်ရေးချင်စိတ် ကုန်ခန်းနေတာ ကြာလှပါပြီ။ သို့ပေမယ့်လည်း ဒေါ်စုဟာ မြန်မာပြည်အရေးကို ပရောဟိတ်ဆန်ဆန် အဓိပတိလိုတမျိုး၊ သူတော်ကောင်းမကြီးလိုတဖုံ၊ ငြိမ်း ချမ်းရေးမိခင်ကြီးလိုတသွယ် မိမိကိုယ်ရေးကိုယ်တာလိုတနည်းနဲ့ အသုံးချလုပ်ကိုင်နေတာတွေကို မခံရပ်နိုင် တဲ့အဆုံး အခုလိုစာတွေ ထပ်ရေးဖြစ်ရတာပါပဲ။ အခုအချိန်မှာ စစ်အာဏာရှင်တွေနဲ့ ရွှေလမ်းငွေလမ်းဖောက် နေချိန်မှာ ထိလွယ်ရှလွယ်တဲ့ကိစ္စတွေ မပေါ်ပေါက်စေ ချင်တဲ့ ဒေါ်စုကို တာဝန်သိအောင်တော့ ပြန်လည်ပြော ချင်နေခဲ့တာပါ။ ဒါဟာလည်း ဒေါ်စုကို ချစ်လို့ မုန်းလို့မဟုတ်ဘဲ ဆင်းရဲ မွဲတေနေတဲ့ ပြည်သူတွေ၊ လွတ်မြောက် ရေးကို မျှော်လင့်နေကြတဲ့ နိုင်ငံရေး အကျဉ်းသားတွေ၊ မဆုတ်မနစ် ချီတက်နေကြတဲ့ တိုက်ပွဲ ၀င်နေကြတဲ့ ပြည် တွင်းပြည်ပက မြန်မာပြည်လွတ်မြောက်ရေး လုပ်ဆောင်နေသူတွေနဲ့အတူ ရပ်ခံနေချင်တဲ့ အက်ဆစ်ရဲ့ စိတ် ဆန္ဒတွေကြောင့်ပါပဲ။

ဆက်လက်ဖတ်ရှုရန်....

Saturday, October 01, 2011

K.I.A တပ်မဟာ ၅ နယ်မြေ အတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွား

|0 comments
Saturday, October 1, 2011
Kachin Independence Army ( K.I.A)

ဒီနေ့ အောက်တိုဘာလ ၁ ရက် နံနက် ၁၁း၂၅-  အချိန်ဝန်းကျင်တွင် K.I.A တပ်မဟာ (၅) နယ်မြေ၊ ဂျာအိန်ယန် ကျေးရွာတွင် K.I.A တပ်မဟာ (၅) တပ်ဖွဲ့ဝင်များနှင့် အစိုးရစစ်တပ် ခမရ (၁၄၁) တပ်ဖွဲ့ဝင်းများ နံနက် ၁၁း၂၅ နာရီခန့်မှ မွန်းလွဲ ၂း၃၀ နာရီ ခန့်အထိ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွား ခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။ အဆိုပါတိုက်ပွဲမှာ ပြင်းထန်လွန်းသဖြင့် အကျအဆုံး စာရင်းနှင့် ဒဏ်ရာ ရရှိမှု စာရင်းကို သိရှိနိုင်ရန် ခက်ခဲကြောင်း ကချင်မြေ သတင်းထောက်မှ ဖုန်းဖြင့် အတည်ပြု ပြောဆိုလာပါတယ်။

ညနေပိုင်း ၃း၀၀- နာရီ ဝန်းကျင်တွင်   K.I.A တပ်မဟာ (၅) နယ်မြေ၊ နမ့်ဆန်ယန် ကျေးရွာမှာ တပ်စွဲထားသော အစိုးရစစ်တပ်အား K.I.A တပ်မဟာ (၅) တပ်ဖွဲ့များမှ ၀င်ရောက် တိုက်ခိုက်ရာ စစ်ဖက်ဆိုင်ရာ လုံခြုံရေး တပ်ဆွယ်မှူး တပ်ကြပ်ကြီး အောင်လင်း ကျဆုံးသွားကြောင်း စုံစမ်း သိရှိရပါတယ်။

တဆက်တည်းမှာဘဲ ညနေ ၄း၀၀ နာရီဝန်းကျင်တွင် K.I.A တပ်ဟာ (၅) နယ်မြေ၊ ဂန်ဒေါင်ယန် ကျေးရွာ အနောက်ဖက်၊ ဆိုင်မိုင် ကျေးရွာတွင် K.I.A လှုပ်ရှားတပ်ရင်းများနှင့် အစိုးရစစ်တပ် ခမရ (၁၂၁)၊ ခလရ (၃၈၈) တို့အကြား ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားကြောင်း စုံစမ်းသိရှိရပါတယ်။ အဆိုပါ တိုက်ပွဲတွင် နှစ်ဖက် ကျဆုံးမှု အခြေအနေကို ဆက်လက်စုံစမ်းပြီး တင်ပြသွားပါမယ်။