မတရား စီရင်မှု
စာဖတ်ပရိသတ်များ ခင်ဗျား-
ညီညွတ်ရေး၊ တိုးတက်ရေးနဲ့ ငြိမ်းချမ်းရေးကို ကိုယ်စားပြု ရည်ညွှန်းပြီး ကျွန်တော် ကိုဖိုးတရုတ်ထံ ပေးပို့လာသော ပြည်တွင်းမှ တပ်မတော် အရာရှိဟောင်း တစ်ဦးရဲ့ ကိုယ်တွေ့ လှုပ်ရှားခဲ့ပုံ ဖြစ်ရပ် တစ်ခုကို စာဖတ် ပရိသတ်များအား တင်ပြ ပေးလိုက် ပါတယ်။ အမှန်တရားကို လိုလားတဲ့ ပြည်သူ့ တပ်မတော်သား အစစ် အမှန်များ အနေနဲ့ ပြည်သူ လူထုဘက်က ရပ်တည်ပြီး တပ်မတော် ဖခင်၊ အမိမြန်မာနိုင်ငံရဲ့ ကျေးဇူးရှင် ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး “လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်” အား ကယ်တင် စောင့်ရှောက်ကြပါရန်နဲ့ အာဏာရူး စစ်ခေါင်းဆောင် တစ်စုကို ဖယ်ရှား တိုက်ထုတ်ကြပါရန် တပ်လှန့် နှိုးဆော် အပ်ပါတယ်။ ယခုလို ပေးပို့လာတဲ့ ပြည်တွင်းမှ တပ်မတော် အရာရှိဟောင်း ညီတိုးငြိမ်းအား ကျွန်တော် ကိုဖိုးတရုတ်မှ အထူးပင် ကျေးဇူး တင်ရှိပါတယ် ခင်ဗျား။
လုပ်ထားကြပေါ့ဗျာ...ကြောင်ကြာကြာ ရေမငုတ်ပါဘူး...
မျက်လုံးများကို ဖတ်ရှုခြင်း
ဆောင်းပါးရှင် – ညီတိုးငြိမ်း (ပြည်တွင်းမှ တပ်မတော် အရာရှိဟောင်း တစ်ဦး)
မြန်မာနိုင်ငံ၏ တရား စီရင်ရေး စနစ်ကို မျက်မြင် ကိုယ်တွေ့ လေ့လာ သိရှိနိုင်ရန် ယနေ့ ကျနော် အင်းစိန်ထောင်ဗူးဝ ရှိရာသို့ သွားခဲ့သည်။ ပြင်ပ သတင်းများတွင်သာ ကြားသိနေရသော မြန်မာနိုင်ငံ၏ တရားစီရင်ရေး စနစ် ယွင်းချော် နေကြောင်း သတင်းများကိုသာ ဖတ်ရှုရပြီး ကိုယ်တွေ့ မမြင်မကြုံ ရသေး သောကြောင့် မယုံနိုင်သေးပေ။ ကမ္ဘာသိ ခေါင်းဆောင် တဦးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ ၂၂ ဖြင့် တရားစွဲ ဆိုမည် ဆိုသော သတင်းကြောင့် မြန်မာပြည်တရား စီရင်ရေးအခြေအနေကို ကိုယ်တိုင် သွားရောက် လေ့လာမည်ဟု ဆုံးဖြတ်ပြီး လှည်းတန်းမှ ၄၈ မီနီဘတ်စ်ကားကို စီးကာ အင်းစိန်ဘက်သို့ သွားခဲ့သည်။ စိတ်တွင်းတွင်မတော့ တရားခွင်တွင် ဘယ်သို့ ရှိနေမည်လဲ။ လာရောက်သော လူပရိတ်သတ်ကရော ဘယ်နှစ်ယောက်လောက် ရှိနေမလဲ။ တပ်မတော် အရာရှိ ဟောင်းဖြစ်သည့် ကျနော့်ကိုရော တရားခွင်ထဲထိ ၀င်ခွင့် ပေးပါ့မလား စသည့် အတွေး များစွာဖြင့် အင်းစိန် ဂုံးတံတား အနီးရောက် သောအခါ စပယ်ယာဖြစ်သူ ကွမ်းပလုပ် ပလောင်းဖြင့် ဆဲလိုက်သံ ကြားမှ စိတ်ကူးတို့ ပျောက်ကွယ် လန့်နိုးသွား တော့သည်။
အားလုံးဟာ တာဝန်ကျေပါတယ်....
“ခွေးမသားတွေ ထစ်ကနဲရှိ ဟိုပိတ် သည်ပိတ်နဲ့ ” ထိုအချိန် ကားဒရိုင်ဘာ ကလည်း သူ့စိတ်တွင်း ရုတ်ခြည်း ပေါ်ပေါက်လာသော မကျေနပ်မှု ဒေါသကို ကားလီဘာကို စောင့်နင်းပြီး စောင့်ထွက် ပြလိုက်ခြင်းဖြင့် သရုပ်ဖေါ်ပြန်သည်။ ဟုတ်သည် လူသွား အင်မတန် စည်ကားလှသည့် အင်းစိန်ဂုံး တံတားကို ဘယ်သူမှ မဖြတ်ရအောင် ပိတ်ထား လိုက်ပါ ပကော။ အင်းစိန်ဂုံး တံတား အတက်တွင် သံဆူးကြိုးတား သစ်သား ဘောင်ကြီးများ ချကာ ပိတ်ဆို့ ထားပြီး ၄င်းတို့ရှေ့တွင် မော်တော်ပီကယ် ၃ ဦး နှင့် အပွင့်တပ် မော်တော်ပီကယ် ရဲအရာရှိ တစ်ဦးက လမ်းလျှောက် စကားပြောစက်ဖြင့် ပြောဆိုနေသည်ကို လက်နက်ကိုင် ရဲတပ်သား ၅ ဦးခန့်က ပလက်ဖေါင်းနံဘေးမှ မကျေနပ်သလို လှမ်းကြည့်နေသည်ကို တွေ့လိုက်ရသည်။ လူအ၀င်အထွက်များကို ရှာဖွေ စီစစ်ပြီးမှ ၀င်ခိုင်းထွက်ခိုင်း နေသည်ကို တွေ့ရသည်။ ၀င်ခွင့်မရသောကြောင့် အပြင်မှ စောင့်မျှော်ကြည့်ရှုနေသော လူအုပ်ကြီးကလည်း မနည်းပေ။
မြန်မာနိုင်ငံသား များစွာတို့သည် တရားစီရင်မည့် တရားခွင်ဆိုသည်ကို ကြားနာ စောင့်ကြည့်ရန် လာခဲ့ကြသော်လည်း ထောင်အနီးသို့ပင် ကပ်ခွင့် မရရှာကြသောအခါလွန်စွာ စိတ်ဆိုးစိတ်ပျက်နေသည့် မျက်နှာများကို မြင်လိုက်ရသည်။ ကျနော် ရည်မှန်း ထားသော အင်းစိန်ထောင်အတွင်းမှ တရားခွင်တွင်း တရားစီရင်ခြင်းကို သာမန် ပြည်သူပြည်သား တဦးအနေဖြင့် နားထောင် ကောက်ချက်ချ သုံးသပ်မည် ဆိုသည့် ရည်မှန်းချက် ပျက်လေပြီ။ အင်းစိန်ထောင်ဗူးဝ မဆိုထားနှင့် အင်းစိန်ထောင်နားသို့ သွားရာ လမ်းကိုပင် ကျနော်တို့ မကပ်နိုင်ပြီ။ တရားစီရင်ခြင်းဆိုသည့် စကားရပ်ကို စဉ်းစားတွေးတောရင်း ဘတ်စ်ကားဆရာ တောက်တခေါက် ခေါက်ဖြင့် ကွေ့ဝိုက် မောင်းနှင်ရာနောက် လိုက်လာ ခဲ့သည်။ ကားသည် ပုံမှန်သွားရာလမ်း အပိတ်ခံလိုက်ရ၍ အင်းစိန်ပေါက်တောဝ မှတ်တိုင်ရှိရာသို့ တမျှော်တခေါ် ကွေ့ပတ် မောင်းနှင် နေရတော့သည်။ အော် ဒို့နိုင်ငံရဲ့ တရားစီရင်ရေး စနစ် တရားရဲ့လား။ တရားမျှတမှု ရှိရဲ့လား။ တရားခံဆိုသည့် ဒေါ်အောင်ဆန်းစုကြည်သည် တကယ်ပဲ ပြစ်မှု ကျူးလွန်သူ ဟုတ်ရဲ့လား။
မှန်ကန်တဲ့ တရားစီရင်ခြင်း ဆိုတာ ပြည်သူလူထု ရှေ့မှောက် တရားခွင်အဖြစ် ဖွင့်လှစ်ပြီး လူထုကို ကြားနာခွင့် တက်ရောက် နားထောင်ခွင့် ပေးရမယ်။ တရားခံ တရားလို အပြန်အလှန် စစ်မေး ချေပခွင့် ပေးတာကို လူထုက နားထောင်ခွင့်ရှိရမယ်။ ဒီလို တရားခံ တရားလို အပြန်အလှန်ချေပချက်တွေကို အများပြည်သူ စိတ်ပါ ၀င်စား သူတို့က စောင့်ကြည့် သုံးသပ်ခွင့်ပေး ရမယ်။ နောက်ဆုံး ဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ ထွက်ပေါ်လာတဲ့ တရား စီရင်ချက် ပြစ်ဒါဏ် ဆိုတာ ကိုလည်း အများပြည်သူ အရှေ့မှာ ချမှတ် ရမယ်။ ဒါမှ တရားဥပဒေ ဆိုတာကို ဖေါ်ဆောင်ရာ ရောက်သလို ပြစ်မှု ကျူးလွန် လာနိုင်ဖွယ်ရှိတဲ့ အများ ပြည်သူထဲက ဒုစရိုက်သမား တွေကိုလည်း စံနမူနာပြ သွန်သင်ရာ ရောက်မယ်။ ဒီလို အများရှေ့မှောက်မှာ စီရင်တဲ့ တရားစီရင်ရေး စနစ်သည်သာ တရား စီရင်တယ်လို့ ကျနော် သိထားခဲ့လေတော့ ………
ယနေ့ ကျနော် အင်းစိန်ထောင်သို့ သွားခဲ့ပါသည်။ ပေါက်တောဝ မှတ်တိုင်သို့ ရောက်သောအခါ ကားပေါ်ပါသူ သက်ကြီးပိုင်း အများစုမှာ အင်းစိန်ထောင်သို့ သွားသူများ ဖြစ်ကြောင်း သူတို့ ပြောပြ၍ သူတို့နှင့်အတူ လိုက်ပါမည်ဟု ကြံကာရှိသေး လှမ်းမြင် တွေ့လိုက်ရသော မြင်ကွင်းက စိတ်ပျက် သွားစေ ခဲ့သည်။ လှိုင်သာယာ မြစ်ကူးတံတား လမ်းဆုံမှ အင်းစိန်ထောင် ဗူးဝဘက်သို့ ၀င်သော လမ်းမကို မီးပွိုင့် လမ်းဆုံမှ နေ၍ သံဆူးကြိုးများ အပြည့်ချပြီး ပိတ်ဆို့ထားကာ ရဲလက်နက်ကိုင် တပ်ဖွဲ့များက စောင့်ကြပ်နေသည်ကို တွေ့ရခြင်းကြောင့် ဖြစ်သည်။ ကားဖြတ်သန်းလာခဲ့ရာ လမ်းတလျောက်တွင်လည်း ဒိုင်းများ လွှားများ အသင့် ကိုင်ဆောင်ထားသည့် ရဲတပ်သားများ အပြည့် တင်ဆောင် ထားသည့် ရဲကားများက ဥဒဟို ဟိုဟို သည်သည် မောင်းနှင် နေသည်။ ယခု အင်းစိန်ထောင် အနီးတွင်လည်း ဘယ်သူမှ ဖြတ်သန်း သွားလာခွင့် မရအောင် ပိတ်ဆို့ထား ပြန်သည်။ သို့နှင့် ကျနော် ဟိုဟို သည်သည်ကြည့်ပြီး မီးပွိုင့် ပိတ်ဆို့ထားရာ နေရာဘေးရှိ အများသုံး ဖုန်းရုံလေးတွင် မယောင် မလည်ရပ်ပြီး လူများစွာ၏ မျက်လုံးများကို လိုက်လံ လေ့လာ နေမိတော့သည်။ မီးပွိုင့် ခုံနံဘေးမှသည် တဖက်တချက်တွင် လူများစွာတို့ ရပ်စောင့်နေ ကြသည်။ စကားပြော သူပြော။ လူသူကင်းမဲ့ လျှက်ရှိသော အင်းစိန် လမ်းမကြီး အတွင်းဘက် ထောင်သို့ သွားရာလမ်းကို ချောင်းကြည့်နေ ကြသည်။ ထောင်သို့ သွားရာ လမ်းမကြီးတလျောက်တွင် ခွေးတကောင် ကြောင်တမြီးမှပင် မရှိ တိတ်ဆိတ် ခြောက်ကပ် ခြောက်ခြား စဖွယ်ပင် ကောင်းလှသည်။
အပိတ်ခံ ထားရသော ဈေးဆိုင်များ အိမ်များအားလုံးသည် နေ့ခင်း ကြောင်တောင် တံခါးများ အားလုံး ပိတ်ထားကြ ရသည်။ အိမ်တွင်းမှ လူတို့က ပြူတစ်ပြူတစ်ဖြင့် အိမ်အပြင်ဘက်ကို ချောင်းကြည့်နေကြ၏။ သူတို့လည်း အခိုက်တန့်အားဖြင့် နေအိမ် အကျယ်ချုပ်မိနေကြပေပြီ။ လမ်းဆုံမီးပွိုင့်ကို ပိတ်ဆို့ချထားသော သံဆူးကြိုးတပ် အတားအဆီးများနောက်တွင် လက်နက်ကိုင် ရဲတပ်သား သုံးဦးနှင့် တပ်ကြပ် တဦး အသင့်အနေအထားဖြင့် စောင့်နေသည်ကို တွေ့ရသည်။ သူတို့နှင့် ကျနော်တို့ ခြေလှမ်း ငါးလှမ်းမျှသာ ကွာဝေး၏။ သူတို့ မျက်လုံးများကို ကြည့်ရသည်မှာ ရဲတပ်သားတို့သည် လူထုကို ရန်သူသဖွယ် စောင့်ကြည့် အကဲခတ်နေသည်ကို တွေ့မြင်ရသော်လည်း တပ်ကြပ် ဖြစ်သူကတော့ လူထုကို စာနာ နားလည်သည့် မျက်လုံးဖြင့် အားနာသလို ရှက်ရွံ့သလို ကြည့်နေသည်ကို တွေ့ရသည်။ သူတို့နံဘေး အိမ်တလုံး အရိပ်အောက်တွင် သုံးပွင့်တပ် ရဲအရာရှိတဦး အရပ်ဝတ် အရာရှိတဦးနှင့် စအဖလား စွမ်းအားရှင်လား မသိနိုင်သည့် အရပ်ဝတ် လူလေးယောက်က စကားပြောစက်များ တယ်လီဖုန်း တကားကားဖြင့် အလုပ်ရှုပ် နေသည်။ မီးပွိုင့်စောင့် ရဲအိမ်လေးထဲတွင်စကားပြော စက်များဖြင့် အလုပ်များနေဟန်တူသည့် မျက်မှန်ထူထူ ဗိုက်ရွှဲရွှဲနှင့် အရပ်ဝတ် လူတို့ကို နေရာဖယ် ပေးထားဟန်ရှိသော ယာဉ်ထိန်းရဲတို့က ရဲအိမ်လေး အပြင်ဘက် နေရိပ်ရာ နေရာတွင် အုပ်စုဖွဲ့ တီးတိုး စကားပြောလျှက် ရှိသည်။
ထိုမော်တော်ပီကယ် ရဲတို့၏ မျက်ဝန်းများက ကြောက်လန့်ခြင်း တ၀က် စိုးထိတ်မှု တ၀က်။ ပူပင်မှုဟန်တို့ အထင်းသားဖြင့် ကျနော်တို့ လူအုပ်ကြီးဘက် ကြည့်လျှက်ရှိသည်။ သူတို့ လက်နက်ကိုင် တပ်ဖွဲ့ အများစု၏ မျက်ဝန်းများသည် ဘယ်သူ့ကိုမှ လူမထင်သည့်ဟန် ကျီးကန်း တောင်းမှောက်ဖြင့် ပြင်ပမှ သူတို့ကို စောင့်ကြည့်နေသော လူအုပ်ကြီးကို တချက်တချက် လှမ်းကြည့်နေ ကြသည်။ ပြင်ပ မီးပွိုင့်ဘက်မှ ကျနော်ရပ်နေသော လူအုပ်ကြီးကား တဖြည်းဖြည်း များများလာ၏။ ဒါတောင် ကားလမ်းတွေပိတ် လမ်းတွေ လွှဲထားသောကြောင့် နည်းခြင်း ဖြစ်မည်။ လူအုပ်ကြီးထဲ ကြည့်လိုက် သောအခါ တကယ် ရိုးသား ဆင်းရဲသည့် ဟန်က များသည်။ ဆွေမျိုး သားချင်းများကို ထောင်ဝင်စာ လာတွေ့သည့် သာမန် ဧည့်တွေ့ သူများပါသလို ကျနော့်လို ဒေါ်အောင်ဆန်းစုကြည် ရုံးထုတ်စစ်ဆေးသည်ကို စောင့်ကြည့် ကြားနာလို၍ လာကြသူ များလည်း ပါသည်။ တရားခွင်ကို ကြားနာ လိုသူများ၏ မျက်ဝန်း များသည် စူးရှတောက်ပသော အားမာန်များ တက်ကြွမှုများကို တွေ့ရသည်။ မိမိတို့ လူအုပ်ကြားထဲ တွင်လည်း လက်ပါးစေ ရဲသတင်းပေးများ စွမ်းအားရှင် လူမိုက် များလည်း ရောနှော နေကြောင်းကို မီးပွိုင့် ရဲအိမ်လေးထဲမှ တယ်လီဖုန်းဆက်ပြောနေသော အရပ်ဝတ် အရာရှိ ဖြစ်ဟန်တူသော ဗိုက်ရွှဲရွဲ မျက်မှန်တပ် အသားဖြူဖြူ လူတယောက် စကားသံအရ သိရှိရသည်။
သူက သူလှမ်းမြင်တွေ့နေရသော လမ်းတဘက်ရှိ လူအုပ်ကြားထဲမှ သူ့လူအား ဖုန်းဆက် အမိန့်ပေးနေခြင်း ဖြစ်သည်။ မည်သည့် ၀တ်စုံဝတ်ထားသော အသက် ဘယ်လောက် လူငယ်ကို ဆွဲထုတ်သွားဖို့ ဘယ်သူ့ကို စောင့်ကြည့်နေဖို့ စသည်ဖြင့် အမိန့်ပေးနေသည်ကို တွေ့ရသည်။ ထို့ကြောင့် မိမိတို့ လူအုပ်ကြားထဲတွင် လက်ပါးစေများ အာဏာ ပါးကွက်သားများ ရောနှောနေသည်ကို တွေ့ရသည်။ စစ်ထွက် တဦးဖြစ်သော မိမိအနေဖြင့် လူတို့မျက်လုံးများကို ဖတ်ရှုလိုက်သည်နှင့် ဘယ်သူသည် ပြည်သူ့ဘက်တော်သားလဲ ဘယ်သူသည် လက်ပါးစေ ပုဆိန်ရိုးလဲ ဘယ်သူသည် ဘာလဲ ခန့်မှန်းနေနိုင်သည်ဖြစ်၏။ နှစ်ပေါင်းများစွာ တပ်ထဲတွင် ရခဲ့သော လူအုပ်ချုပ်ရေး အတွေ့အကြုံက စကားပြောခြင်း ဖြစ်သည်။ သို့နှင့် လူအုပ်ကြားထဲ ဟိုသည်အနှံ့ မျက်လုံး ကစားမိသော အခါ လက်ပါးစေ လက်မရွံ့တို့က အယောင်ဆောင် ဟန်ပန်များဖြင့် လူအုပ်ကြီးထဲတွင် ကူးလူး ရှာဖွေနေသည်ကို တွေ့ရသည်။ သို့သော်လည်း လူအုပ်ကြားထဲတွင် သူတို့အင်အားသည် မပြောပလောက်ပေ။ လူအုပ်ကြီးသည် တဖြည်းဖြည်း များလာ၏။ နောက်ဆက်တွဲ ဘယ်သို့ ဆက်ဖြစ်လာအုံးမည် မသိ။ နေ့လည် ဆယ့်နှစ်နာရီ ထိုးတော့မည်။ ကျနော်လည်း ၀င်ခွင့်မပြုပဲ ပိတ်ဆို့ထားသော နေရာမှ ကွင်း၍ ထောင်ဗူးဝရှိရာ ချည်းကပ်နိုင်မည့် လမ်းကို ရှာရန် ထိုလူအုပ်ကြီး အကြားမှ ထွက်လာခဲ့သည်။ နောက်ပိုင်း ဘာဆက်ဖြစ်သည်ကို မသိတော့ချေ။ ညပိုင်း သတင်းလာမှ စောင့် နားထောင်ရ အုံးမည်။
ကျနော် တစ်ယောက်တည်း ဆိုက်ကား ဆရာမေးလိုက် တွေ့ရာလူ မေးလိုက်ဖြင့် ၀င်လမ်းကို မေးလာခဲ့သော်လည်း အားလုံး ပတ်ပတ်လည်ကို လုံခြုံရေး အစောင့်များဖြင့် ပိတ်ဆို့ ထားပြီးသည်ကိုသာ ကြားသိရ တော့သည်။ အော်မြန်မာနိုင်ငံ၏ တရား စီရင်ရေး စနစ် တခုကို စောင့်ကြည့် လိုသော နိုင်ငံသား တဦး တွေ့ကြုံခဲ့ ရသော မြင်ကွင်း များကို သိခွင့် ရလိုက်သော အသင် ဘာကို တွေးမိပါသလဲ။…… လူထုရှေ့မှောက် မဟုတ်သော မျက်ကွယ်ရာတွင် လုံခြုံရေး အစောင့်အကြပ် ထူထပ်သိပ်သည်းစွာဖြင့် လူမသိသူမသိ ပြုလုပ်သော တရား စီရင်ခြင်းသည် မတရား စီရင်ခြင်း ဖြစ်သည်ဟု သင်တွေးမိပါ သလား။ ဤသို့ တွေးမိသည် ဆိုလျှင် တပ်မတော် အရာရှိဟောင်း တဦးဖြစ်သော ကျနော်နှင့် မိတ်ဆွေသည် အမြင်ချင်းတူပေသည်။ ထို့ကြောင့် သင်တို့ ကိုယ်စား မြန်မာပြည်သူ လူထု ကိုယ်စား မျိုးချစ် တပ်မတော်သားတို့ ကိုယ်စား ကျွန်ုပ်က တောင်းဆိုချက် တခုကို လက်ရှိအာဏာရ စစ်တပ် အစိုးရ ခေါင်းဆောင်များ ကြားသိအောင် တောင်းဆို လိုက်မည်။ ယနေ့ လတ်တလော အားဖြင့် နိုင်ငံတော်အစိုးရက ပုဒ်မ၂၂ ဖြင့် တရားစွဲဆို နေသည်ဆိုသော တရားဆိုင်မှု တရားစီရင်မှု စွပ်စွဲမှု အားလုံးကို တရားရုံးတော် အခင်းအကျင်းဖြင့် ပြည်သူလူထု ရှေ့မှောက် အများသူငှါ လေ့လာစောင့်ကြည့်နိုင်ခွင့် ရှိအောင် စီစဉ်ပေးသင့်ကြောင်း တောင်းဆို တိုက်တွန်းပါသည်။ ဤသို့မှ မဟုတ်ဘဲ ယနေ့ မိမိမြင်တွေ့ခဲ့ရသော မြင်ကွင်းပါ လုံခြုံရေး အထပ်ထပ်ဖြင့် လူမမြင်သူမသိ အများပြည်သူ မကြည့်နိုင်အောင် ပိတ်ဆို့ပြီးမှ စီရင်သော တရားစီရင်ရေးသည် မတရား စီရင်ခြင်းအဖြစ်သာ နိုင်ငံ့သမိုင်းတွင် ထင်ကျန်ရစ်မည် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။ တဆက်တည်းတွင် မြင့်မြတ်လှတဲ့ တပ်မတော်၏ သမိုင်းကို ဖျက်ဆီးနေကြသော စစ်အာဏာရှင် တစ်စုကို ဖယ်ရှား ချေမှုန်း ကြပါရန် တပ်မတော်သားများ အားလုံးအား ပန်ကြားလိုက်ပါသည်။
ညီတိုငြိမ်း တစ်ယောက် အင်းစိန် ထောင်ဗူးဝနားသို့ တစ်ခေါက်ရောက်ခဲ့ ပြန်ပြီ။ ပုဆိုးအနွမ်း၊ အကျီဖြူ တပတ်နွမ်းဖြင့် လူကြားထဲ သွားနေသော သူ့ကို တပ်မတော် အရာရှိဟောင်း တစ်ယောက်ဟု မည်သူမျှ မထင်နိုင်သော်လည်း စွမ်းအားရှင်လား၊ ကြံ့ဖွတ်ကလား၊ အက်စ်ဘီကလား၊ စရဖကလား သံသယများစွာဖြင့် သူ့ကို လူအုပ်ကြီးထဲက ကြည့်နေကြသည်ကို သူသတိပြုမိသည်။
ဟုတ်ပေလိမ့်မည်။ စစ်သားဟန်၊ စစ်သားပုံ၊ စစ်သားစိတ်၊ စစ်သား အမူအရာဖြစ်သည့် လမ်းလျှောက်ပုံ ကိုယ်နေဟန်တို့က လူကြား၊ အရပ်သားတို့ကြားတွင် ထင်းထင်းမြင်နိုင်နေသည်ကိုး။ သူသည် စစ်တပ်ကို ချစ်မြတ်နိုးလွန်းသောကြောင့် မတရား ကိုယ်ကျိုးရှာသူ အာဏာရှင်များ ကြီးစိုးနေသည့် ယနေ့ တပ်မတော်မှ နှုတ်ထွက်လာသူ တစ်ဦး ဖြစ်သည်။ စစ်သားဆိုလျှင် အကောင်းမြင်သူ ရှားသည့် မြန်မာပြည်မှ မြန်မာပြည်သား တစ်ဦးဖြစ်သော သူ့တွင် အင်မတန် မျှော်လင့်တောင့်တနေသော ရပ်ဝန်းကြီးတွေ ရှိကြောင်း သူမကြာခဏ ပြောလေ့ရှိသည်။ သူလိုချင်လွန်း အားကြီးသော ထိုအခြေအနေများကို သူ့နာမည်တွင် ထည့်ကာ မှည့်ခေါ်သည်အထိ စွဲလန်းအား ကြီးသူ တစ်ဦးလည်း ဖြစ်သည်။ သူသည် မြန်မာပြည် လွတ်လပ်ရေး ရပြီးကတည်းက ခုထိ မရသေးသည့် အမျိုးသား စည်းလုံးညီညွတ်ရေးကို ခိုင်ခိုင်မာမာ ပေါ်ထွက်လာ စေလိုသည်။
ဆင်းရဲ စုတ်ပြတ်သတ်နေသော လူနေမှု ဘ၀တို့မှ ကင်းလွတ် အောင်မြင်ရာသို့ တိုးတက်မှုများစွာ ပေါ်ပေါက်လာစေလိုသည်။ နှစ်ပေါင်း ငါးဆယ်မျှ မငြိမ်းမချမ်း မငြိမ် မသက်ဖြင့် နီးရာဓါး လက်စောင်း ထက်ရာ အာဏာပိုင်ကို ကြောက်နေရသော ဘ၀တို့မှ လွတ်ကင်းသည့် ငြိမ်းချမ်းရေးမျိုးကို မက်မက်မောမော လိုချင်သည်။ ထို့ကြောင့် သူ့နာမည်ကို ညီညွတ်ရေး၊ တိုးတက်ရေး၊ ငြိမ်းချမ်းရေးကို ကိုယ်စားပြုသည့် ညီတိုးငြိမ်းဟု ပေးခဲ့ခြင်းဖြစ်သည်။ ယနေ့ မေလ ၁၉ ရက် နွေနေပူပူ အောက်တွင် ညီတိုးငြိမ်းသည် အင်းစိန်ဈေးကြီး အရှေ့ဘက် ဆိုင်တန်းများ အကြား ဗံဒါပင်ကြီးများ အရိပ်ကိုခိုလျှက် တစုံတခုကို စောင့်မျှော် နားစွင့် နေသည်။ သူ့ပတ်ဝန်းကျင် သူ့အခြေအနေတို့ကို မျက်မြင်ရသလောက် ဖေါ်ပြရမည်ဆိုလျှင် သူနှင့်မလှမ်းမကမ်း ဆိုင်ရှေ့ မျက်နှာစာ အုတ်ကွန်ကရစ် ပြင်ပေါ်တွင် အစီအရီ ထိုင်ကာ စကားပြော နေကြသည့် မျိုးချစ် စာရေးဆရာကြီး ဦးဝင်းတင် ဦးစီးသည့် NLD အင်အားစု တစ်ထောင်ကျော်ခန့် ရှိသည်။
သူတို့ နံဘေးတွင် အစီအစဉ်ကျကျ လာရောက်နိုးထားပေးသည်ဟု ယူဆရသော မီးစက်တလုံးက ဆူညံနေသည်။ ထို့ကြောင့် သူတို့ ဘာပြောနေသည်ကို အနီးအနား လူတို့ပင် သဲကွဲစွာ မကြားရ။ မြောက်များစွာသော လူတို့သည် သစ်ပင်ရိပ် ဆိုင်အမိုးရိပ်နှင့် လမ်းဘေး ဈေးသည် ကွမ်းယာသည် ထီးရိပ်တို့ကို ဖြစ်သလိုခိုကာ ပူပြင်းလှသော နေရောင်ကို အံတုကာကွယ်ရင်း သူတို့ မျက်ဝန်းများသည် ထောင်ဗူးဝ ရှိရာဘက်သို့ မျှော်ရှုလျက်ရှိ ကြသည်။
ညီတိုးငြိမ်းသည်လည်း ထောင်ဗူးဝဆီသို့သာ လှမ်းမျှော်လျှက်။ ထောင်ဗူးဝကို လှမ်းမျှော်ကြည့်သော အကြည့်တိုင်း အကြည့်တိုင်းသည် ၄င်းတို့ကို ထောင်ဗူးဝဆီသို့ ဖြတ်သန်း မသွားနိုင်ရန် ပိတ်ဆို့ထားသော သံဆူးကြိုးတပ် အကာအရံများကို ကျော်ပြီးမှ ဓါတ်တိုင် ခြောက်တိုင်ခန့် အကွာ ခပ်လှမ်းလှမ်းမှ ထောင်ဗူးဝ အထွက်ပေါက်ကို ချောင်းမြောင်း စောင့်မျှော်ကြရခြင်း ဖြစ်သည်။ စစ်သားဟောင်း တစ်ဦးဖြစ်သော ညီတိုးငြိမ်းသည် တမျိုးသားလုံး ညီညွတ်ရေးကို အထူး မျှော်လင့်သူဖြစ်သည့် အတိုင်း ယခုကဲ့သို့ နိုင်ငံသား အချင်းချင်း ပိတ်ဆို့သူက ပိတ်ဆို့ တရားစီရင်ခြင်း ပြုလုပ်သည် ဆိုသည့် နေရာကို နိုင်ငံသားတို့ မလာရောက် နိုင်အောင် တားဆီးပိတ်ဆို့မှု လုပ်ကာ လူလူချင်း စိတ်ဝမ်းကွဲ စောင့်ကြည့် ခြိမ်းခြောက် နေကြခြင်း ဖြစ်စဉ်များအား ဘာကြောင့် ဘယ်လို ဘယ်တော့ စသည်ဖြင့် အထူးဆင်ခြင် သုံးသပ်နေ မိသည်။
လက်နက်ကိုင် ရဲတို့နှင့် လက်နက်ဆို ဘာမှ ကိုင်ဆောင်ထားခြင်း မရှိသော လူထုတို့အကြား ဖြစ်ပွားနေသော တားဆီးချုပ်ချယ် ကန့်သတ်နေ ခြင်းများ၊ လက်နက် တကားကားဖြင့် ခြောက်လှန့် ဖိစီးနေရခြင်း ဖြစ်စဉ်များ ဇာစ်မြစ်ကို မျက်မြင်ကိုယ်တွေ့ စဉ်းစား ဆင်ခြင်ရင်း သံဆူးကြိုးများ နောက်မှ ရဲတပ်ဖွဲ့ဝင်တို့ မျက်ဝန်းများကို လေ့လာနေမိသည်။ တဆက်တည်း ညီတိုးငြိမ်း တပ်မတော် အရာရှိ အဖြစ်ဖြင့် စစ်ဆင်ရေး နယ်မြေသို့ သွားခဲ့စဉ်က ရန်သူ့ နယ်မြေဟုခေါ်သော စစ်ဆင်ရေး နယ်မြေတွင်ပင် ရပ်ရွာဒေသခံ ပြည်သူတို့အား လက်နက်အားကိုးဖြင့် ယခု ရန်ကုန်မြို့ပေါ်မှ ရဲတပ်ဖွဲ့ဝင်များကဲ့သို့ လူထုဘက် သေနတ်ပြောင်းဝလှည့်ကာ မချိန်တွယ် မခြိမ်းခြောက် ခဲ့သည့် စစ်သား ဘ၀ကိုလည်း သတိရ မိသည်။
ယနေ့ ရန်ကုန် အင်းစိန်မှ ရဲယူနီဖေါင်းဝတ် တပ်ဖွဲ့ဝင်တို့သည် ရန်ကုန်မြို့ကို စစ်ဆင်ရေး ရန်သူမြို့ဟုများ သွန်သင် ခံထားရလေသလား မသိ။ ဟိုဟိုသည်သည် လျှောက်ကြည့်ရင်း ပတ်ဝန်းကျင်ကို မျက်လုံးကစားကြည့်သော အခါ ညီတိုးငြိမ်း ရပ်နေသော လူထုကြီးအား နေရာပေါင်းစုံမှ ဓါတ်ပုံ ဗီဒီယို ရိုက်ကူးနေသူများကို တွေ့ရသည်။ မီဒီယာ သမားလော။ အစိုးရ ထောက်လှမ်းရေးလော ဘာမှမသိနိုင်။ အချို့က အင်းစိန်ဈေးကြီး ပထမထပ် မှန်တံခါးများ နောက်မှ ခိုးကြောင်ခိုးဝှက် ရိုက်ကူးနေသည်ကို တွေ့ရသလို အချို့ကလည်း စားမတတ် ၀ါးမတတ် မျက်လုံးများဖြင့် ကြည့်ပြီး ကလဲ့စားချေရမည် သူတို့ကို မှတ်တမ်းတင်နေဟန် နေရာအနှံ့ ရိုက်ယူနေသည်ကိုလည်း တွေ့ရသည်။
မနက် ၉နာရီခန့်က စပြီး အင်းစိန် ဈေးအရှေ့ဘက်ခြမ်း ထောင်ဗူးဝသွားရာလမ်းကို ပိတ်ဆို့ ကာရံတားသည့် နံဘေး ဆိုင်တန်းများ နေရာတွင် တဖြည်းဖြည်း တဖွဲဖွဲ တစ်ယောက်ပြီး တစ်ယောက် တစ်စုပြီး တစ်စု ရောက်လာရာမှ နေ့လည်ပိုင်း ကုလသမဂ္ဂ ရဟတ်ယာဉ် ဖြူဖြူကြီး အနိမ့်ပျံဝဲကာ အင်းစိန်ထောင်ကို အကဲခတ် ပျံသန်းကြည့်ရှု သွားချိန်တွင် အင်အားသည် ထောင်ကျော်မက များပြာလာနေပေပြီ။ ထိုအချိန်တိုင် အမျိုးသား ခေါင်းဆောင် တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား မတရားဖမ်းဆီးကာ မတရားစီရင်မည့် မတရားရုံးထုတ်ပွဲ ဆိုသည်ကို လာရောက် စောင့်ကြည့်သူ ပြည်သူလူထုက တဖွဲဖွဲ ရောက်လာနေတုန်းပင်။
အချို့က လမ်းဘေး သစ်ပင်ရိပ်တွင် ကျုံ့ကျုံ့ ထိုင်လျှက် အချို့က ဆိုင်တန်းများ အကြား ဆိတ်ငြိမ်စွာ နားစွင့်လျက် အချို့က အများပြည်သူ ရပ်ကွက်နေ ပြည်သူတို့ လာရောက် လှူဒါန်း သွားသည့် ငှက်ပျောသီးများ သောက်ရေဗူးများကို လိုက်လံ ဝေငှနေသည်။ အချိန်က ထမင်းစား ချိန်တောင် လွန်လေပြီကိုး။ လုံခြုံရေး အစောင့်ရဲများ နှစ်ယောက် တစ်တွဲစီ အစောင့်လဲသွားပြီး ထမင်းစား ဖြုတ်သော်လည်း ထမင်းကျွေးမည့် သူမရှိ ရေတိုက်သူ မရှိသောကြောင့် မျက်နှာများ ရှုံ့တွနေသူ အချို့ရှိသည်။
ထိုသူများမှာ တံမြက်စည်း အရိုးတံ တုတ်တုတ်ကြီးများ ရှေ့ချပြီး လူထုနံဘေး အိမ်တဆောင် အရိပ်တွင် မျက်နှာရှုသိုးသိုးရှိနေသည့် လူတစ်စုပင်ဖြစ်သည်။ ညီတိုးငြိမ်းသည် လူငယ်တစ်ဦး လိုက်လံဝေငှသည့် ငှက်ပျောသီးတစ်လုံးကို ယူရင်း စစ်သားတို့ အဓိဌာန်ပြုမြဲဖြစ်သည့် သစ္စာကိုပြုမိသည်။ အစာကျွေးသော မိဘပြည်သူတို့ပေးသော လစာကို မစားတော့သော်ငြား ပြည်သူ့သစ္စာကို စောင့်သိနေအုံးမည့် မျိုးချစ် တပ်မတော်သား စိတ်ဓါတ်ဖြင့် မှန်ကန်သော စကားကို ဆိုခြင်းဖြစ်ပါသည်။
မိဘပြည်သူတို့ စစ်ကျွန်ဘ၀မှ လွတ်မြောက်အောင် ညီတိုးငြိမ်း တတ်စွမ်းသည့် နေရာမှ အစွမ်းကုန် ကြိုးပမ်းပြီး၊ တိုင်းပြည်ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် အရပ်ရပ်တွင် ဘယ်နေရာကမဆို ရိုးဖြောင့် တည်ကြည်စွာ ကိုယ်ကျိုးကို မတွက်ဘဲ ထမ်းဆောင် ကြိုးပမ်းမည်ဟုလည်း မလှမ်းမကမ်း ထောင်ဗူးဝဆီသို့ ရည်မျှော်ရင်း အဓိဌာန်ပြုမိသည်။
ထိုထောင်ကြီးအတွင်း လူထုချစ်သော၊ ဒီမိုကရေစီကို မြတ်နိုးသူတိုင်း အားထား ယုံကြည်သော၊ လူဆင်းရဲ တိုင်းသူ ပြည်သားတို့ ကောင်းကျိုးအတွက် သူ့အသက် သူ့ဘ၀ကို ပေးဆပ်စွန့်လွှတ် ဦးဆောင် ကြိုးပမ်း နေသော ကျနော်တို့ တပ်မတော်၏ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းပြည်ကို လက်နက်ဖြင့် ခြိမ်းခြောက် အုပ်ချုပ်ကာ ကိုယ်ကျိုးစီးပွား ရှာနေသည့် စစ်ဗိုလ် ချုပ်ကြီးများ၏ အမှု ဆင်ဖမ်းဆီးခြင်းကို ခံနေရ ရှာသည်။
ညီတိုးငြိမ်းသည် အမြင့်မြတ်ဆုံးသော တိုင်းပြည် အတွက် ပေးဆပ်သူ မည်သူ့ကို မဆို လေးစားဂုဏ်ယူမှု ပြုတတ်သော စစ်သားကောင်း တစ်ဦးဖြစ်သည့် အားလျော်စွာ မိမိ တာဝန် ထမ်းခဲ့ရာ တပ်မတော်မှ စစ်ဗိုလ်ချုပ် တစ်စု၏ ကြီးစွာသော ရန်သူဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်အား စစ်သား ပီပီ လေးစားခြင်းသာ ဖြစ်သည်။ သူ့တွင် ပါတီစွဲမရှိ။ နိုင်ငံရေး အစွဲ မထား။ သူလိုချင်သည့် ညီညွတ်ရေး ဆိုသည်တွင် နိုင်ငံသားအားလုံး ညီညီညွတ်ညွတ် စုစုစည်းစည်းဖြင့် တိုင်းပြည်ကောင်းအောင် ကြိုးပမ်းချင်စိတ် ပြင်းပြသည် ဖြစ်ရာ စစ်ဗိုလ်ချုပ်များနှင့် လူထု နိုင်ငံရေး ခေါင်းဆောင်များ အကြား ညီညွတ် စေ့စပ်ရေး ရပ်ဝန်းတခု ဖြစ်ပေါ်စေလိုသူ ဖြစ်သည်။
ထို့ကြောင့် ပါတီနိုင်ငံရေးနှင့် ဆက်နွယ်သူ မည်သူ့ကို မဆို ပုဒ်မ အမျိုးမျိုးတပ် ဖမ်းဆီးကာ နှစ်ရှည်ထောင်ဒါဏ်များ ချမှတ်တတ်သည်ကို မမူဘဲ သည်နေရာသို့ လာရောက်ပူးပေါင်းခြင်း ဖြစ်သည်။ မိမိတို့တိုင်းပြည် တကယ် တိုးတက်ငြိမ်းချမ်းချင်လျင် ညီညွတ်ရေးကို အရင် တည်ဆောက်နိုင်မှ ရပေမည်။ ယခုကဲ့သို့ လွန်စွာထင်ရှား ကျော်ကြားသည့် လူထုခေါင်းဆောင် တစ်ယောက်ကို တိတ်တဆိတ် လူမမြင် သူမမြင် ဖမ်းဆီး ချုပ်နှောင်ပြီး အများသူငါ ကြည့်ခွင့် မပေးသည့် တရားခွင်တွင် တရားစီရင်မည်ဆိုသည့် ဖြစ်စဉ်မျိုးသည် အမျိုးသား စည်းလုံး ညီညွတ်ရေး ဆိုသည်နှင့် ပြဒါးတလမ်း သံတလမ်း ဖြစ်နေပေ သောကြောင့် မျိုးချစ်စစ်သား ညီတိုးငြိမ်း ဒီနေရာသို့ လာရောက် ပူးပေါင်း အင်အား ဖြည့်ပေးခြင်းပင် ဖြစ်သည်။
ညီညွတ်ရေးကို လိုလားသည့် လူငယ်တို့ ညီညွတ်စုရုံးစွာပင် အများတကာ လာရောက်ခွင့်မပြုရဲသော တရားရုံးဆိုသည့် ထောင်ဗူးဝကို မျှော်ကြည့်နေကြဆဲ ဖြစ်သည်။ ဗံဒါပင် အရိပ်အောက်မှ နေပြင်းပြင်း ဒါဏ်ကို အံတုရသည်မို့ တော်သေးသည်။ ဟိုဟိုသည်သည် စဉ်းစားနေခိုက် ရဲတပ်ဖွဲ့ဝင် ၀တ်စုံပြည့် လက်နက်ပြည့် ကိုင်ဆောင်သူ အပြည့်ပါသည့် ရဲကားတစီး ထိုသံဆူးကြိုးကာ လမ်းအတွင်းမှ မောင်းထွက်လာပြီး ညီတိုးငြိမ်းတို့ နားကို လာရပ်သည်။ ချက်ချင်း ကားပေါ်မှ ခုန်ဆင်းပြီး တရုတ်ပြည်လုပ် ရဲကားပတ်ချာလည်ကို ကာကွယ် မတ်တပ်ရပ် လိုက်ကြသည်။
ထိုအချိန်မှ ကားခေါင်းခန်းမှ သုံးပွင့်တပ် ရဲအရာရှိ တစ်ဦး ဆင်းလာပြီး လမ်းဘေး ပလက်ဖေါင်း သစ်ပင် အရိပ်အောက်တွင် ထိုင်နေကြသည့် အမျိုးသမီးကြီး အချို့အား ခွေးမောင်းသလို မောင်းထုတ်သည်ကို တွေ့ရသည်။ သူပြောသော စကားမှာ လမ်းဘေး ပလက်ဖေါင်းက လူထိုင်ဖို့ မဟုတ်ဘူး ဖယ်စမ်း ဟုဆိုကာ သူက ထိုသစ်ပင်ရိပ်အောက်တွင် ဟိုဟိုသည်သည် လမ်းလျှောက်ပြီး ဘာသံမှ ထွက်မလာသော အိုက်ကွန် စကားပြောစက်ကို နားနားကပ်ပြီး အာဏာရသူကြီး ပုံစံလုပ်ပြ နေ၏။ မျက်နှာထား တင်းချက်မှာ စာနှိုင်းရန် ခက်၏။
သို့နှင့် ညီတိုးငြိမ်းလည်း ထိုရဲကားရှိရာ သစ်ပင်ရိပ်မှ ခွါကာ လမ်းဘေး ပိတ်ထားသည့် ထီဆိုင် အမိုးရိပ်အောက်သို့ ၀င်ထိုင်လိုက်ရ၏။ ထိုအချိန်တွင် ကြားလိုက်ရသော စကားတခွန်းကြောင့် အတော် ထူးဆန်းသလို ခံစားရ၏။ တောက်… သေနတ်သာ မပါရင် လူချင်း နပန်းလုံးပြလိုက်ချင်တယ်.. ဟု ပြောလိုက်သည့် လူတစ်ယောက်အသံပင်။ ထိုလူသည် မည်သူဟု ထင်ပါသနည်း။ NLD လူငယ်လည်း မဟုတ်။ ထောင်ဝင်စာလာတွေ့သည့် သာမန် အရပ်သားလည်း မဟုတ်။ ညီတိုးငြိမ်းလို မတရားသော တရားစီရင်မှုကို ကန့်ကွက်သည့်အနေဖြင့် လာရောက်စုဝေးသော မျိုးချစ် ပြည်သူ လူထုထဲကလည်း မဟုတ်။ အင်းစိန် ဒေသခံလား ဆိုတော့လည်း မဟုတ်။
နောက်ပိုင်း ညီတိုးငြိမ်းနှင့် ထိုလူအုပ်စု စကားပြောဖြစ်သော အခါမှ ထိုလူတို့ အကြောင်းကို ခရေစေ့တွင်းကျ သိလိုက်ရသည်။ ထိုလူတို့နှင့် ညီတိုးငြိမ်းအပါအ၀င် လူငယ်များ စကားတွေ ဖေါင်ဖွဲ့နေသည်ကို လမ်းတဖက် သံဆူးကြိုးတား နေရာနံဘေးတွင် အဆင်သင့်ရပ်ထားသော ဟိုင်းလတ်ကားပေါ်မှ တရုတ်မျက်နှာပေါက်နှင့် လူနှစ်ဦးက လွန်စွာ စိတ်ဆိုးသည့် မျက်နှာဖြင့် လှမ်းကြည့်နေသည်ကို တွေ့ရသည်။ ထမင်းစားချိန် လွန်ပြီး နေ့ခင်း တစ်နာရီ ကျော်သည့်တိုင် ဘာမှ မစားရသေးသည့် ထိုလူအုပ်သည် ဘယ်သူများ ဖြစ်သည်ဟု ထင်ပါ သနည်း။
NLD လူငယ်တစ်ဦးက သူတို့ကို ငှက်ပြောသီး လာကျွေးသည်။ ညီတိုးငြိမ်းက လမ်းဘေးပြောင်းဖူးသည်ထံမှ ပြောင်းဖူးတွေ ၀ယ်ကျွေးလိုက်သည်။ ပြီးတော့ သူတို့ ဘယ်သူတွေ ဘာကြောင့် ဒီမှာလာစောင့်နေသည် အားလုံးကို အနုနည်းနဲ့ စစ်ကြောရေး လုပ်လိုက်သော အခါ သူတို့သည် နယ်မြေခံ အာဏာပိုင်များ မွေးမြူထားသော စွမ်းအားရှင်အဖွဲ့များ ဖြစ်နေကြောင်း သိရတော့သည်။ လမ်းမကို တံမြက်စည်း လှဲရင်းစောင့်နေသည့် အလုပ်သမားများဟု ဘယ်သူ မေးမေး ပြောရန်နှင့် မလှမ်းမကမ်းမှာ စောင့်နေသော ကားပေါ်မှ ဌာနမှူးဆိုသူ တရုတ်လူမျိုးက ခိုင်းသည့် အတိုင်း လုပ်ရမည်ဖြစ်ကြောင်း တစ်နေ့ကို တစ်ထောင့်ငါးရာဖြင့် ငှားထားသည့် အခစား ၀န်ထမ်းများ ဖြစ်ကြောင်း သိလိုက်ရ တော့သည်။
လက်စသတ်တော့ အကြမ်းဖက် ဖြစ်စဉ်များ ဖြစ်ပေါ်အောင် ကြားခံ လက်မရွံ့ လူသတ်သမားများ အဖြစ် စေခိုင်းခံရသည်မှာ သူတို့လို လူမျိုးတွေပင် ဖြစ်နေသည်ကို ညီတိုးငြိမ်း အံ့သြစွာ နားလည်လိုက်သည်။ သူတို့ အားလုံးသည် လက်သည်းခွံ ရှည်ရှည်များကြား ချေးမဲများနှင့် မဲညစ်ပေသည့် ကြမ်းတမ်းသော လက်ဖ၀ါးပြင် မာမာကြီးတွေ ရှိ၏။
တောက်ပခြင်းမဲ့သော မျက်ဝန်းသေကြီးတွေရှိ၏။ ဘောက်ထူသန်းစွဲသော ဆံပင်ဘုတ်သိုက်ကြီးတွေ ရှိ၏။ အနာဖေးများ အနာများ မွနေသည့် ခြေသလုံးသား မဲမဲ တုတ်တုတ်တွေပေါ် ဆေးမှင်ကြောင်တွေက အမည်း ထပ်ဖြည့်ထားသည်။ ဖိနပ်ဆိုသည်ကို မစီးဖူးသည့်ဟန် ခြေသည်းတို့ တွန့်လိမ် ရုပ်ပျက်နေကြသည်။ ပေရေမည်းသည်းနေသော ကိုယ်လုံးကို စွပ်ကျယ် အပြဲများ ဘောင်းဘီတို အစုတ်များဖြင့် ဖြစ်သလို ၀တ်ဆင်ဖုံးကွယ်ထားသည်ကို တွေ့ရသည်။
သေချာသည် တစ်ခုကတော့ သူတို့ အားလုံးသည် အသိဥာဏ်ဆင်ခြင်တုံတရား လွန်စွာခေါင်းပါးသော ပညာမဲ့များ ဖြစ်နေသည် ဆိုခြင်းပင်။ အားလုံးတော့ ပညာမဲ့သည်မဟုတ်။ အသက်၂၀ ခန့်အရွယ် လူငယ်တစ်ဦးကို ညီတိုးငြိမ်းက စာတစ်အုပ်ကို ပြပြီး အဖုံးက ပုံသည် ဘယ်သူ့ပုံလဲဟု မေးကြည့်သည်။ သူမဖြေနိုင် ၊သူသည် ၈ တန်းထိ တက်ခဲ့ဖူးသည် ဆိုသည်။ ထိုအဖုံးက ဓါတ်ပုံ ဘယ်သူ့ပုံလဲ သူမသိပါ။ သူ့နံဘေးမှ အသက် ၃၀ကျော်ခန့်ရှိသည့် တောတွင်းသား လူရိုင်းတို့ ဥပဓိရုပ်မျိုး ရှိသည့် လူတစ်ယောက်က ၀င်ဖြေသည်။ မင်းကလဲ ဒါတောင် မသိဘူးလား။ အဲဒါ ဗိုလ်ချုပ်အောင်ဆန်းကွ ဟူသတည်း။
ညီတိုးငြိမ်းသွားလေရာ ယူသွားတတ်သည့် ထိုစာအုပ်မှာ ဦးပုကလေးရေးသည့် ငါတို့ ဗိုလ်ချုပ် ဘာတွေ လုပ်ခဲ့သလဲ ဆိုသည့် စာအုပ်ဖြစ်သည်။ မျက်နှာဖုံးတွင် ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံနှင့် ငါတို့ ဗိုလ်ချုပ် ဘာတွေ လုပ်ခဲ့သလဲ ဆိုသည့် စာတန်းသာ ပါသည်။ ထို့ကြောင့် ၈တန်းထိ တက်ဖူးသည့် လူငယ်က စာဖတ်တတ်ပေသည့် ဗိုလ်ချုပ်ကို မသိဟု ဖြေခြင်းဖြစ်မည်။ သူ့ဘေးက တောတွင်းသား ပုံလူက ကျုပ်သိတယ် ကျုပ်အဖေ အမြဲတမ်း ဖတ်လေ့ ရှိတယ် အဲဒီစာအုပ် အိမ်က ဘုရားစင်မှာ ရှိတယ်။ ကျုပ်က ကျောင်းမတက်ခဲ့ရလို့ စာမတတ်ဘူး။ ဒါပေမယ့် ကျုပ်အဖေ ပြောလေ့ရှိလို့ သိတာပေါ့ ဟု ပြန်ဖြေသည်။
သူ့အဖေသည်လည်း ကွယ်လွန်လေပြီ။ အိမ်မှ မိဘနှင့် ညီအကို မောင်နှမများ စားဝတ်နေရေး အတွက် ပညာမတတ် စာမဖတ်တတ်သည့် သူ့လို ခိုင်းရာ လုပ်မည့်သူ တစ်ရက် တစ်ထောင့်ငါးရာ ရမည့် ဒီအလုပ်ကို မပျော် ပိုက်ပါဘဲနှင့် လုပ်နေရခြင်း ဖြစ်ကြောင်း ပြောပြပြီး စောစောက ရဲတွေကို သေနတ်မကိုင်ဘဲ တစ်ယောက်ချင်း ချချင်တယ်ဟု သူပြောခဲ့ ခြင်းဖြစ်သည်။ သူသည် လက်ရှိ စွမ်းအားရှင် အဖွဲ့မှ အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။ ညီတိုးငြိမ်းတို့ စကားပြောနေခိုက် သူတို့ အဖွဲ့ဝင်တစ်ဦးက … ဟိုမှာ ဌာနမှူးက လှမ်းပြောနေတယ် ခွာနေတဲ့…. သူတို့ အသာထပြီး ညီတိုးငြိမ်းတို့ လူသိုက်နှင့် အလှမ်းဝေးရာ ဒေါင့်သို့ သွားစုပြီး ပါးစပ်ပိတ် နှုတ်ဆိတ် အကြောင်သားသော မျက်လုံးတို့ဖြင့် ဌာနမှူးဆိုသူ တရုတ်လူမျိုးကိုသာ စိုက်ကြည့်နေကြတော့သည်။ ထိုတရုတ်လူမျိုးက ကားခေါင်းခန်းမှ နေပြီး သူ့တပည့် စွမ်းအားရှင်တွေကို ခြေဟန်လက်ဟန်ဖြင့် အမိန့်လှမ်းပေး လူစုခွဲခိုင်းနေသည်ကို တွေ့ရပေတော့သည်။
တကယ်တမ်း အရင်းစစ်ကြည့်လိုက်တော့ အစွယ်လိုသူ မိဖုရား။ အသွားစေခိုင်းသူ မင်းဧက္ကရာဇ်။ မြားပစ်သူ စွမ်းအားရှင် ဆိုသည်ကို တွေးမိကြစေသတည်း ……ထိုအတွေးတို့ မဆုံးသေးပေ။ ဟောဟိုမှာ ဟိုမှာ ရှေ့နေကြီးတို့ ပြန်ထွက် လာပြီဟု တစ်ယောက်က ဆိုလိုက်ယုံရှိသေး။ လူအုပ်ကြီးသည် ကမန်းကတန်း မတ်တပ် ထရပ်ကြသည်။ ရုတ်ခြည်း ပွက်လောညံ သွားသည်။ ဘယ်လောက်များပင် သိချင်စိတ် ပြင်းပြပါ သနည်း ဆိုလျှင် သူ့ထက်ငါ အလုအယက် သံဆူးကြိုး များဘက် တိုးဝှေ့ ထွက်လာသည်။
ထိုအချိန် ရဲမှူး သုံးပွင့်သည် ၀ုန်းကနဲ ထိုင်နေရာမှ ထ၍ သူ့နံဘေး တိုင်ကီ သုံးလုံးတွဲလျက် ဘန်ပါ (စစ်တပ်အခေါ် ကာဗာ) လုပ်ထားသော နေရာတွင် တိုင်ကီပေါ်တင်လျှက် စက်သေနတ် ဘရင်းဂန်းကို ကျည်ထိုး နေရာပြင် လူထုဘက်သို့ ပြောင်းဝကိုချိန်လျှက် ထ လုပ်ပါတော့သည်။ ဒါကို ရုတ်ခြည်း မြင်တွေ့လိုက်မိသော စစ်သားကျနော် လွန်စွာ ချဉ်ခြင်းဖြစ်မိသည်။ ရိုင်းပေစွတကား။ လက်နက်ဆို အပ်တိုမျှ မပါသည့် လူထုကို ဘရင်းဂန်းဖြင့် ချိန်ရွယ်ဝံ့သည်မှာ ဂဠုန်ဦးစော၏ ၀ါးရင်းဒုတ် တပ်ဖွဲ့မျိုးသာလျှင် ဖြစ်ပေလိမ့်မည်။ ပြည်သူကို ကူညီပါရစေ ဆိုသော ရဲတပ်ဖွဲ့မျိုး မဟုတ်ပေ။
လူထုကြီး ၀ုန်းကနဲ ထရပ်သည်မှာ သူတို့ ရဲတပ်ဖွဲ့ကို ရန်ပြုလို၍ မဟုတ်။ သူတို့ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်၏ သတင်းကို အငမ်းမရ ငံ့လင့်နေ၍ ဖြစ်ပေသည်။ ဒါကို ဂျီအီး ဂျီလန့်တတ်သော အလိုလို ထိတ်လန့်နေတတ်သော ထိုရဲမှူးက ဘဇာကို ကြောက်နေပါသနည်း။ ရှင်းပါသည်။ သူ့ပုံကို ကြည့်လိုက်ယုံနှင့် သူသည် ပေးရာယူ ကျွေးရာစား။ ခိုင်းတာလုပ်။ ခံမပြောရဲသော ကိုယ်ကျိုးတစ်ခုသာ ကြည့်မည့် တကိုယ်ကောင်းသမားမှန်း ထင်ရှားနေပေသည်။ ဒါ့အပြင် အရက်ကို အလွန်အကျွံ စွဲလန်းစွာ သောက်သုံးတတ်သူမှန်း ဖေါသွပ်ပါးလျသော သူ့ခန္ဓာက ပြနေသလို စူးစူးရှရှ ကောက်ကျစ်တတ်သည့် မျက်ဝန်းကလည်း လူကောင်း မဟုတ်မှန်း ပြနေသည်။ သူလိုလူမျိုး လက်ဝယ် ပစ်ခတ်ခွင့် အာဏာပေးအပ်ထားသည်မှာ မြန်မာလူထုအတွက် ကံဆိုးပေစွ။ မျိုးချစ်စစ်သား ရင်နာသည်။ မျိုးချစ်စစ်သား စိတ်ပူသည်။ မျိုးချစ်စစ်သားတို့ ရဲသွေးကြွဖို့ အချိန်တန်ပြီဟု ညီတိုးငြိမ်း ရဲရဲ ဆုံးဖြတ်မိသည်။ ဟော သူတို့ကို ကြိုလင့်နေသည့် ထောင်ချီသော လူအုပ်ကြီးထံ လှမ်းလာနေသည့် ရှေ့နေနှစ်ဦးကို ရဲအရာရှိများက ဆီးတား၍ တင်ကြို ပြင်ဆင်ထားသည့် တက္ကစီကားပေါ်တင်ကာ အခြားလမ်းဘက်မှာ ကွင်းရှောင်သွားခိုင်းလိုက်သောအခါ လူထုကြီးထဲမှ တောက်ခေါက်သံများ ချက်ကျကျ ထွက်လာသည်။
ဤနေရာတွင်တနေကုန်နီးပါး အစာငတ်ခံ ရေငတ်ခံပြီး မျှော်လင့်စောင့်စားခဲ့ရသည့် အမြတ်နိုးဆုံး သူတစ်ယောက်၏ သာကြောင်းမာကြောင်း သတင်းလေးမှ မကြားရနိုင်တော့ပြီ။ ညနေပိုင်း လေလှိုင်းမှ တဆင့် ပျံလွင့်လာမည့် သတင်းတို့ကိုသာ နားထောင်ရအုံးတော့မည်။ တောက်ခေါက်သံ တစ်ချက်။ စုတ်သံညည်းညူသံ တစ်ချက်။ အံကြိတ်သံ တစ်ချက်။ ရောယှက်ထွက်ပေါ်လာပြီးသည့်နောက် စည်းကမ်းရှိသည့် လူထုကြီးသည် လာရာလမ်းဆီသို့ ငေးမှိုင်စွာဖြင့် ပြန်ထွက်ခွါကြရတော့သည်။ ညီတိုးငြိမ်းသည်လည်း လူထုကြီးနှင့် အတူ ခြေလှမ်းလျက် … မျက်ဝန်း အာရုံတွင်းတွင်မတော့ အကျဉ်းစံတိုက်အတွင်း ကျန်ခဲ့ရှာမည့် ဒေါ်အောင်ဆန်းစုကြည်နှင့် သူ့ရဲမေ လူယုံတော် မျိုးချစ် အမျိုးသမီးနှစ်ဦးတို့ မျက်ဝန်းများ။
လူထုကြီးနှင့် တွေ့ခွင့်မရဘဲ အခြားလမ်းမှ လှည့်ပြန် သွားရသည့် ရှေ့နေနှစ်ဦး ရင်တွင်း အတွေးများ အကြောင်း။ ညီတိုးငြိမ်းတို့ စားစရာကျွေးလိုက်၍ ပျော်မြူးသွားသော စွမ်းအားရှင် အဖွဲ့ဝင်များ။ ညီညီညွတ်ညွတ်ဖြင့် စည်းကမ်းတကျ နေထိုင်ကာ ငှက်ပျောတစ်ခွံမျှပင် တွေ့ရာ မစွန့်ပစ်ဘဲ NLD ပါတီဝင်တို့ စိတ်နေသဘောနှင့် စည်းကမ်းရှိကြောင်းကို ပြသခဲ့သည့် ပါတီဝင်များ။ ညီတိုးငြိမ်းနည်းတူ ဤနေရာသို့ လာရောက်ခဲ့ကြသည့် မျိုးချစ် တပ်မတော် သားဟောင်း စစ်သည်ဟောင်းများ။ အိုးပစ်အိမ်ပစ် အလုပ်ပစ်ကာ ဤနေရာသို့ အရောက် လာခဲ့ကြသည့် ပြည်သူ လူထုများ။ အားလုံး အားလုံး….. အားလုံးကို လွှမ်းခြုံ သုံးသပ် လိုက်မိ သောအခါ ညီတိုးငြိမ်း အပါအ၀င် လူထုအားလုံးသည် ဒေါ်အောင်ဆန်းစုကြည်ကို လေးစား ချစ်ခင်ကြသည်။ ခေါင်းဆောင် တစ်ဦးအဖြစ် အားကိုးကြသည်။ မြန်မာနိုင်ငံကြီးကို တိုးတက်ငြိမ်းချမ်းညီညွတ်စေချင်ကြသည်။ စစ်တပ်နှင့် နိုင်ငံရေး ခေါင်းဆောင်များ ညီညွတ်စွာ နိုင်ငံ့အရေးကို ကောင်းအောင် ကြံဆောင်ကြစေ ချင်သည်။ ညီတိုးငြိမ်း ပျော်ပါသည်။ ယနေ့လို လူထုကြီးနှင့် ပူးပေါင်းလာသည့် စစ်သား တစ်ဦးအဖြစ် ကြံဖန် ပုဒ်မများဖြင့် အရေးယူကာ အင်းစိန်ထောင်တွင်း ထောင်သွင်း အကျဉ်းကျခံရမည်ဆိုရင်လည်း ပျော်ရွှင်စွာ ခံယူမည်။ ဒါမှ လူထုခေါင်းဆောင်နှင့် အနီးဆုံးနေရာမှာ နေခွင့်ရမည် ဖြစ်သည်။ ငရဲမှာ အိုအေစစ်ရောက်နေသည်ဟု သိခွင့်ရလာသောအခါ ငရဲဆိုသည်ကိုလည်း သူမကြောက်တော့။ ဒီလို အတွေးမျိုး ပေါ်လာသော အခါ ဘာကိုမှ ပူပင်စိတ်မရှိ တော့ချေ။
ခြေလှမ်းတို့သည် သွက်လာသည်။ ပတ်ဝန်းကျင် လေပြေအဖြူးသည် လန်းဆန်းရနံ့တို့ ချက်ချင်း လွှမ်းလာသည်။ လူတို့ မျက်လုံးများသည် စူးရှတောက်ပ လာသည်။ ရဲတပ်သားများ စစ်သားလေးများ၏ မျက်လုံး လေးများသည် ငြိမ်းချမ်း ကြည်နူးမှု မြင်ကွင်းတရပ်ကို တောင့်တနေသည်ဟု ညီတိုးငြိမ်း မှတ်ချက်ပြုမိ လိုက်သည်။ မျိုးချစ်စိတ်ထားတို့ ဖေါ်လှစ်ပြကြပါတော့ ညီနောင်တို့ဟု တိုးတိုးညည်းရင်း အင်းစိန်ဂုံးတံတား အဆင်းမှ လက်နက်ကိုင် တပ်ဖွဲ့ဝင်တို့အား ရည်စူး မေတ္တာပို့သခဲ့ ပါကြောင်း။ ပြည်သူ ချစ်သော လူထုခေါင်းဆောင် အမြန်ဆုံး လွတ်မြောက်ပါစေ သတည်း။
မြန်မာနိုင်ငံသား များစွာတို့သည် တရားစီရင်မည့် တရားခွင်ဆိုသည်ကို ကြားနာ စောင့်ကြည့်ရန် လာခဲ့ကြသော်လည်း ထောင်အနီးသို့ပင် ကပ်ခွင့် မရရှာကြသောအခါလွန်စွာ စိတ်ဆိုးစိတ်ပျက်နေသည့် မျက်နှာများကို မြင်လိုက်ရသည်။ ကျနော် ရည်မှန်း ထားသော အင်းစိန်ထောင်အတွင်းမှ တရားခွင်တွင်း တရားစီရင်ခြင်းကို သာမန် ပြည်သူပြည်သား တဦးအနေဖြင့် နားထောင် ကောက်ချက်ချ သုံးသပ်မည် ဆိုသည့် ရည်မှန်းချက် ပျက်လေပြီ။ အင်းစိန်ထောင်ဗူးဝ မဆိုထားနှင့် အင်းစိန်ထောင်နားသို့ သွားရာ လမ်းကိုပင် ကျနော်တို့ မကပ်နိုင်ပြီ။ တရားစီရင်ခြင်းဆိုသည့် စကားရပ်ကို စဉ်းစားတွေးတောရင်း ဘတ်စ်ကားဆရာ တောက်တခေါက် ခေါက်ဖြင့် ကွေ့ဝိုက် မောင်းနှင်ရာနောက် လိုက်လာ ခဲ့သည်။ ကားသည် ပုံမှန်သွားရာလမ်း အပိတ်ခံလိုက်ရ၍ အင်းစိန်ပေါက်တောဝ မှတ်တိုင်ရှိရာသို့ တမျှော်တခေါ် ကွေ့ပတ် မောင်းနှင် နေရတော့သည်။ အော် ဒို့နိုင်ငံရဲ့ တရားစီရင်ရေး စနစ် တရားရဲ့လား။ တရားမျှတမှု ရှိရဲ့လား။ တရားခံဆိုသည့် ဒေါ်အောင်ဆန်းစုကြည်သည် တကယ်ပဲ ပြစ်မှု ကျူးလွန်သူ ဟုတ်ရဲ့လား။
ဒါလား...ခေါင်းဆောင်...
ယနေ့ ကျနော် အင်းစိန်ထောင်သို့ သွားခဲ့ပါသည်။ ပေါက်တောဝ မှတ်တိုင်သို့ ရောက်သောအခါ ကားပေါ်ပါသူ သက်ကြီးပိုင်း အများစုမှာ အင်းစိန်ထောင်သို့ သွားသူများ ဖြစ်ကြောင်း သူတို့ ပြောပြ၍ သူတို့နှင့်အတူ လိုက်ပါမည်ဟု ကြံကာရှိသေး လှမ်းမြင် တွေ့လိုက်ရသော မြင်ကွင်းက စိတ်ပျက် သွားစေ ခဲ့သည်။ လှိုင်သာယာ မြစ်ကူးတံတား လမ်းဆုံမှ အင်းစိန်ထောင် ဗူးဝဘက်သို့ ၀င်သော လမ်းမကို မီးပွိုင့် လမ်းဆုံမှ နေ၍ သံဆူးကြိုးများ အပြည့်ချပြီး ပိတ်ဆို့ထားကာ ရဲလက်နက်ကိုင် တပ်ဖွဲ့များက စောင့်ကြပ်နေသည်ကို တွေ့ရခြင်းကြောင့် ဖြစ်သည်။ ကားဖြတ်သန်းလာခဲ့ရာ လမ်းတလျောက်တွင်လည်း ဒိုင်းများ လွှားများ အသင့် ကိုင်ဆောင်ထားသည့် ရဲတပ်သားများ အပြည့် တင်ဆောင် ထားသည့် ရဲကားများက ဥဒဟို ဟိုဟို သည်သည် မောင်းနှင် နေသည်။ ယခု အင်းစိန်ထောင် အနီးတွင်လည်း ဘယ်သူမှ ဖြတ်သန်း သွားလာခွင့် မရအောင် ပိတ်ဆို့ထား ပြန်သည်။ သို့နှင့် ကျနော် ဟိုဟို သည်သည်ကြည့်ပြီး မီးပွိုင့် ပိတ်ဆို့ထားရာ နေရာဘေးရှိ အများသုံး ဖုန်းရုံလေးတွင် မယောင် မလည်ရပ်ပြီး လူများစွာ၏ မျက်လုံးများကို လိုက်လံ လေ့လာ နေမိတော့သည်။ မီးပွိုင့် ခုံနံဘေးမှသည် တဖက်တချက်တွင် လူများစွာတို့ ရပ်စောင့်နေ ကြသည်။ စကားပြော သူပြော။ လူသူကင်းမဲ့ လျှက်ရှိသော အင်းစိန် လမ်းမကြီး အတွင်းဘက် ထောင်သို့ သွားရာလမ်းကို ချောင်းကြည့်နေ ကြသည်။ ထောင်သို့ သွားရာ လမ်းမကြီးတလျောက်တွင် ခွေးတကောင် ကြောင်တမြီးမှပင် မရှိ တိတ်ဆိတ် ခြောက်ကပ် ခြောက်ခြား စဖွယ်ပင် ကောင်းလှသည်။
ပျော်ရွှင်နေကြသော တစ်ဖွဲ့သား ခြင်းတွေ....

0 comments:
Post a Comment