Friday, December 16, 2011

သုံးယောက်မြောက် စင်္ကာပူရောက် မြန်မာ အမျိုးသမီး သေကြောင်းကြံ

|0 comments
Friday, December 16, 2011

အလုပ်သွားလုပ်နေတဲ့  မြန်မာအမျိုးသမီး အစေခံတဦး ခုံးကျော်တံတားတစ်ခုပေါ်မှ ယာဉ်များ သွားလာနေချိန်  လမ်းပေါ် ခုန်ချ သေကြောင်းကြံ စင်္ကာပူရောက်မြန်မာများရဲ့ ပြောဆိုမှုအရ သိရပါတယ်။

ဓါတ်ပုံ .zogampost ....

ခုန်ချတဲ့ နေရာကတော့ Kallang-Paya Lebar အဝေးပြေးလမ်း၊ Pan-Island အဝေးပြေးလမ်း နှင့် Sims လမ်းမဆုံ နေရာမှာ လုပ်ကြံခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

လုပ်ကြံခံ မြန်မာ အမျိုးသမီး အသက်ဟာ  ၂၇ နှစ်အရွယ် ဖြစ်ပြီး Katong Shopping Centre အလုပ်သမား ရှာဖွေပေးရေး အေဂျင်စီ (the United Channel Employment Agency) များ နဲ့  တွေ့ဆုံပြီး နေ့လည် ၁၁ နာရီ ၀န်းကျင်မှာ လုပ်ကြံခဲ့တယ်လို့ မျက်မြင်များက ပြောဆိုပါတယ် ။

အလုပ်သမား ရှာဖွေပေးရေး အေဂျင်စီ အဖွဲ့ များနဲ့ တွေ့ဆုံ အပြီး နေအိမ်အပြန်လမ်းတွင် လုပ်ကြံတဲ့ မြန်မာ အမျိုးသမီးကတော့ အပြာရောင်အင်္ကျီနှင့် အပြာရောင် ဂျင်းဘောင်းဘီ ဝတ်ဆင်ပြီး ခုံးကျော်တံတား အစွန်းရှိ ပန်းခင်းပေါ် ငါးမီးနစ်ခန့် ရပ်ပြီး မျက်နှာမှာ တခုခုကို အရန်းခံစားနေပုံ တွေ့တယ်လို့  မျက်မြင်များရဲ့ ပြောဆိုမှုက တဆင့် သိရပါတယ် ။


မြန်မာနိုင်ငံသား တဦးကို ပြည်သူ့ ကာကွယ်ရေးအင်အား အဖွဲ့  ပြောခွင့်ရ တဦးကို ဖုန်းဆက်မေးတော့ '
'' အရေးပေါ်ကားကို လွှက်လိုက်တယ်။ သူ့ ညာဘက်လက်မှောင်း နဲ့ ဘယ်ဘက် ခြေထောက် ကျိုးနေတာတွေ့ရတယ် သူ့ကို အခု Tan Tock Seng ဆေးရုံ အရေးပေါ်အခန်းမှာ ပို့ထားတယ် '' ဖုန်းဆက်မေးခဲ့သူက ပြောပြခဲ့တာပါ ။

ဆက်ပြီးတော့သူက '' အခုလို လုပ်ကြံတဲ့ အထိ ဖြစ်ခဲ့တာ ဒီတကြိမ်နဲ့ဆို သုံးယောက်အနည်းဆုံး လုပ်ကြံခဲ့တယ်လို့လည်း သူက ဆက်ပြီးပြောပါတယ် ။ ခုန်ချသေကြောင်းကြံမှုတွင် တတိယမြောက်ဖြစ်ကြောင်း သိရှိရသည်။

ဘာကြောင့် အခုလို လုပ်ကြံမှုတွေဘာကြောင့်  ဖြစ်နေတယ်ဆိုတာကိုတော့ မသိရှိရသေးပါဘူး ။


Kap San Lian (Falam)

|0 comments
Friday, December 16, 2011

စစ်အစိုးရ စစ်ရုံးမှ မှတ်တမ်း

|0 comments
Friday, December 16, 2011


Thursday, December 15, 2011

အသက် ၂၇ နှစ် အရွယ် ချင်း အမျိုးသား တစ်ဦး ရေနှစ် သေဆုံး

|0 comments
Thursday, December 15, 2011

လွန်ခဲ့သည့် သောကြာနေ့ ဒီဇင်ဘာလ ၉ ရက် နေ့မှာ သြစတြေးလျနိုင်ငံ၊ Queensland ပြည်နယ်၊ Brisbane မြို့ Wolffdene ရှိ Albert မြစ်၌ မြန်မာနိုင်ငံသားတဦး ငါးမျှားရာမှ ရေနစ်သေဆုံးခဲ့ရသည်ဟု သြစတြေးလျမှ လာသော သတင်းများအရ သိရပါတယ်။

အသက် ၂၇ နှစ်အရွယ် ချင်းအမျိုးသား ဦးဆန်ကပ်လျန်းဟာ ဒုက္ခသည်အဖြစ် သြစတြေးလျနိုင်ငံတွင် ခိုလှုံနေထိုင်သူ ဖြစ်ပါတယ်။

အခင်းဖြစ်ပွားချိန်တွင် ၎င်း၏ဇနီးဖြစ်သူက "ငါးအကြီးကြီးရတယ်လို့ ကျမကို ပြောပြီး ကျမကို ငါးမျှားကြိုး နာနာကိုင်ထားဆိုပြီး သူရေထဲခုန်ချသွားတယ်။ အဲဒါနဲ့ သူပြန်ပေါ်မလာတော့ဘူး။" ဟု ပြောပါတယ် ။
ကျမဘာမှ မမှတ်မိတော့ဘူး။ သူသေတယ်လို့တောင် ကျမစိတ်က အခုချိန်ထိ မယုံကြည်သေးဘူး။ မယုံနိုင်ဘူး.. ဟု သူမက ဆက်ပြောတယ်။

အလောင်းအား ဒေသခံရဲများ၏ ရှာဖွေပေးမှုကြောင့် အခင်းဖြစ်ပွားပြီး နောက်တနေ့ နေ့လည် ၁၂ နာရီ ဝန်းကျင်၌ တွေ့ရှိခဲ့တယ်။

အခင်းဖြစ်ပွားရာ၌ မိတ်ဆွေ ၁၀၀ နီးပါးလောက်က သေဆုံးသူနှင့် ကျန်မိသားစုဝင်များ အတွက် ဝတ်ပြု ဆုတောင်း မေတ္တာ ပို့ပေးခဲ့ကြသည်။

Place..

|0 comments
Thursday, December 15, 2011


The Kachin State

|0 comments
Thursday, December 15, 2011

Kachin state where I lived is at the northern tip of Myanmar. Deforestation and excessive  gold mining in the confluence of the Maykha and Malikha Rivers result in soil erosion (as the area is being washed away into the river from gold mining), water pollution in the river and environmental changes.

Ayeyarwiddy , near Myitsung Dam

The color of water at the confluence has turned murky in recent years. It was clear and pleasant in the past but today there are no trees left on the banks and all the hills are bare due to excessive gold mining. In the past, gold mining was done on a small scale, now it has turned into a large scale mining, employing machinery. Chemicals used in gold mining flow into the river so the level of pollution has accelerated. Sandbanks have emerged in the river since 2009 due to the lack of environmental conservation in its upper reaches, depleting water resources.

Irrawaddy River is the most important lifeblood in Myanmar; millions of people depend on this river in terms of conduit of communication and transportation. Repercussions of deforestation at washed areas of rivers in Myanmar have resulted in the increase of environmental changes along the rivers. The inhabitants’ along river banks are directly affected by these changes such as the loss of house and farmlands due to erosion of river banks, the shortages of fresh water in some towns which are relying on river water and the lack of cultivated lands. The rises of river beds are also causing sudden flood under the torrential rains in the country. Therefore, the need is to make efforts for environmental conservation along the river. 

JRL

W.P Moses
  

မြစ်ဆုံဆည် စီမံကိန်း တကယ်ရပ်ဆိုင်းပြီလား...

|0 comments
Thursday, December 15, 2011


 ပြီးခဲ့တဲ့ စက်တင်ဘာ (၃၀) ရက်နေ့ က မြစ်ဆုံဆည် စီမံကိန်းကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်မှ ကြေငြာခဲ့ပါတယ်...။ ယခုဆိုရင် စီမံကိန်း ရပ်ဆိုင်းပြီး ၂ လခွဲခန့် ကာလကို ရောက်ရှိနေပါပြီ။ လက်ရှိ မြစ်ဆုံဆည် ပတ်သတ်တဲ့ အခြေအနေ မြင်ကွင်းတွေကိုတော့ သတိထား စောင့်ကြည့်ဖို့ လိုပါမယ်...။ ဒီနေ့ (SM ကူမင်း) ပေးပို့လာတဲ့ သတင်း ဓာတ်ပုံတွေမှာတော့ ၂၀၁၁. ၁၂. ၆ ရက်နေ့ ရက်စွဲပါ ဓာတ်ပုံတွေကို တွေ့မြင်ရမှာပါ...။

  မြစ်ဆုံဆည် စီမံကိန်း တကယ် ရပ်ဆိုင်းမှု ရှိမရှိ ဆိုတာကိုတော့ မြန်မာပြည်တွင်းမှ သတင်း၊ မီဒီယာများ သွားရောက် လေ့လာခွင့်ပေးမှ အဖြေမှန်ကို ကျွန်တော်တို့ ပြည်သူတွေ မြင်ခွင့်၊ ကြားခွင့် သိခွင့်ရရှိမှာ ဖြစ်ပါတယ်...။

ဓါတ်ပုံ သတင်း  DM .  ZS (WPN)

 W.P Moses

ပါတီ မှတ်ပုံတင်ခွင့်ပြုလိုက်ပြီ

|0 comments
Thursday, December 15, 2011

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ရွေးကောက်ပွဲ ကော်မရှင်က ပြီးခဲ့သည့် ဒီဇင်ဘာ ၁၂ ရက်နေ့က ပါတီ မှတ်ပုံတင်ခွင့် ပြုလိုက်ပြီးနောက် ပါတီမှတ်ပုံတင်ရာတွင် လိုအပ်မည့်  ဥက္ကဌနှင့် ဒုတိယ ခေါင်းဆောင်များကို လာမည့် ၁၉ ရက်နေ့တွင် ရွေးချယ်သွားမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပြောရေဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ဆိုသည်။

" ဓါတ်ပုံ .  ခခူးလ

အမျိုးသား ဒီမိုကရေစီ အဖွဲ့မှ လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် အတွက် အဖွဲ့ဝင် ၂၁ ဦးပါ ဗဟို ရွေးကောက်ပွဲ အောင်နိုင်ရေးကော်မတီ ပါသည့် လူများမဟုတ်ပဲ ပါတီ မှတ်ပုံတင်ရန်လျှောက်ထား ရန် ရွေးကောက်ပွဲ ကော်မတီသို့ အမည်စာရင်း တင်သွင်းထားသည့် ၂၁ ဦးသည် လာမည့် ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ပါတီပြန်လည် မှတ်ပုံတင်ရန် အတွက် လိုအပ်မည့် ဥက္ကဌနှင့် ဒုတိယ ခေါင်းဆောင်များကို ပြန်လည် ရွေးချယ်ဖြစ်ကြောင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပြန်ကြားရေးမှ သိရသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည်  ပြီးခဲ့သည့်နိုင်ဝင်ဘာ၂၅ ရက်နေ့က ပါတီ မှတ်ပုံတင်ရေး အတွက် နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ သွား ရောက် လျှောက်ထားခဲ့ပြီးနောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီမှတ်ပုံ တင်လျှောက် ထားခြင်းနှင့် ပါတ်သက်၍ နေပြည်တော် ပေည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ဒီဇင်ဘာ ၁၂ ရက်နေ့တွင် နိုင်ငံရေး ပါတီတည် ထောင်ခွင့်ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်အား ဥပဒေ နည်း ဥပဒေများနှင့် ညီညွတ်သောေ ကြာင့်  နိုင်ငံရေးပါတီ တည်ထောင်ခွင့်ပြုလိုက်သည်။

 W.P Moses (WPN)

Wednesday, December 14, 2011

ကေအိုင်အေ၊ သိန်းစိန် အစိုးရ၊ အထူးသတင်း...

|0 comments
Wednesday, December 14, 2011

 ကေအိုင်အေကို စံပြထားပြီး အပြတ် ချေမှုန်မည်ဟု ပြောတဲ့ သမ္မတ သိန်းစိန်

သိန်းစိန် စစ်အစိုးရ စစ်တပ်ဟာ ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေကို အထူး ချေမှုန်းတိုက် ဖြတ်ရန် စီစဉ်နေကြောင်း စစ်ဘက်နီးစပ်သူများမှ သိရှိရပါတယ်။ သမ္မတ သိန်းစိန်ဟာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို ကေအိုင်အေအား ထိုးစစ်ဆင်နေခြင်းကို ရပ်ထားရန် ညွန်ကြားစာကို ဒီဇင်ဘာလ ၁၀ ရက်နေ့ နေ့စွဲဖြင့် ပေးပို့ခဲ့ပေမယ့် အမှန်တကယ်ဟာ နိုင်ငံရေး လေ့ကွက် တစ်ခုသာ ဖြစ်ကြောင်း စစ်ဖက်လေ့လာသူများက သုံးသပ်ပါတယ်။

သိန်းစိန်အစိုးရဟာ ကေအိုင်အေကို စံပြထားချေမှုန်း တိုက်ဖြတ်ရန်အတွက် စစ်မြေပြင်တွင် လိုအပ်သည့် စစ်ပစ္စည်းများကို အဆင်သင့် စီစဉ်နေပြီ ဖြစ်ကြောင်း စစ်ဖက်နီးစပ်သူများမှ သိရှိရပါတယ်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်

ယခုဆိုရင် တိုက်ပွဲများ ပိုမို ပြင်းထန်လာနိုင်ကြောင်း စစ်ဖက်နီးစပ်သူများက သုံးသပ်ပြီး၊ ကေအိုင်အေနှင့် ပြည်သူများ (စစ်ဖြစ်နေတဲ့ နယ်မြေ) ကို သတိပေး နေပါတယ်။

သတင်းများကို ဆက်လက်စုံစမ်း ဖော်ပြသွားပါမယ်..

W.P Moses

Tuesday, December 13, 2011

နိုင်ငံရေး လေ့ကွက်တခုသာ ဖြစ်နိုင်တဲ့ သိန်းစိန်ရဲ့ ညွန်ကြားစာ

|0 comments
 Tuesday, December 13, 2011

ကေအိုင်အေ ကို အစိုးရတပ် ထိုးစစ်ဆင်နေတဲ့လုပ်ရပါတွေ ရပ်ဆိုင်းထားရန်အတွက် သမ္မတ ဦးသိန်းစိန်က ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ထံ ဒီဇင်ဘာလ ၁၀ ရက်နေ့က ညွန်ကြားစာ ပေးပို့လိုက်တယ်လို့ သိရပါတယ် ။

သိန်းစိန်

ထိုးစစ်ရပ်ရန် သမ္မတ ညွန်ထားပေမဲ့  ရှမ်းပြည်နယ်မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ ၄ နယ်မြေ ကွတ်ခိုင်မြို့နယ် အတွင်း  KIA  တပ်ရင်း ၉ နယ်မြေ အတွင်းဘက် ဦးတည်ပြီး စတင် ထိုးစစ် ဆင်နေပြီလို့ ကေအိုင်အေ ကပြောပါတယ် ။

ယမန်နေ့က မင်းအောင်လှိုင်ထံ  ညွန်ကြားစာ ပို့သည့် ဒီဇင်ဘာလ ၁၀ ရက်နေ့ မှာဘဲ  လက်နက်အပြည့် ပါလာတဲ့ လားတွေ နဲ့  စစ်အင်အား ၂၀၀ ကျော် ခန့်   စတင်ပြီး KIA  တပ်ရင်း ၉ နယ်မြေ သို့ ရောက်ရှိပြီလို့ ပြောပါတယ် ။

တပ်မတော်ကာကွယ်ရေး ဦးစီချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လိုင်

သမ္မတ ဦးသိန်းစိန် ညွှန်ကြားပေမဲ့ ထိုးစစ်များရှိနေပါတယ်...

 ကေအိုင်အေ ကတော့ တရားဝင်စာ မရောက်ရှိလာသည့် အတွက်  အစိုးရတပ်များ  နယ်မြေထဲမှာ ဝင်ရောက် ပြီး ထိုးစစ်တွေ ပြင်ဆင်နေတဲ့အတွက်  လုပ်သင့်တာ ဆက်လုပ်သွားမယ်လို့ ကေအိုင်အေ ကပြောပါတယ်။

ထိုးစစ်ရပ်ဖို့ ညွန်ကြားစာပေးပို့ပြီးနောက်  တနင်္လာနေ့ မှာ
 ကချင် စစ်ပြေးရှောင် ဒုက္ခသည်များ အတွက် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များက ပထမဆုံး အကြိမ် ငွေကျပ် သိန်း ၇၀၀ ၊ အသုံးဆောင်များ ၊ သတင်းစာ ရှင်းလင်းပွဲ ကို    မြစ်ကြီးနားမြို့ရှိ မြို့တော်ခန်းမ မှာ   နံနက်  ၈ နာရီကနေ စပြီး ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ပေးအပ်ပွဲမှာ လူအင်အား စုစုပေါင်း  ၆၅၀  ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ် ။

အစိုးရတပ်ကတော့ ရှေ့တန်းမှာဘဲ မကဘဲ နောက်တန်းမှာ ရှိတဲ့ သိန်းစိန် စစ်သားများ ကတော့ တရွာဝင် တရွာထွတ် ကချင်လူထု ၊ ရှမ်းလူမျိုးများ နေထိုင်သည့်ဒေသ မှာ  ၊ လုယက်မူ ၊ ရွာများကို မီးရူး မူများ ၊ အမျိုးသမီးများကို မဒိန်းကျင့် သတ်ဖြတ်မူများ ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ
 တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်နေတယ်လို့ သိရပါတယ် ။

W.P Moses