Saturday, November 12, 2011

လူ့အခွင့်အရေး ချိုးဖောက်မှုများ မှတ်တမ်းတင်

|0 comments

လူ့အခွင့်အရေး ချိုးဖောက်မှုများ မှတ်တမ်းတင် Click
" ၁၁၊ ၁၁၊ ၁၁” အခမ်းအနားများ ကျင်းပခဲ့တဲ့ နိုင်ငံတကာနဲ့ မြန်မာ Click

ဆဒုံးလဖိုင်ကျေးရွာသို့ စစ်အစိုးရ စစ်တပ်များ ရောက်ရှိလာ

|0 comments
Saturday, November 12, 2011
ဆဒုံး - လဖိုင် သို့ ချီတက်နေတဲ့ စစ်အစိုးရ စစ်သားများ..

နိုဝင်ဘာလ ၁၂ ရက် ဒီမနက် အစောကြီးမှာဘဲ ကချင်ပြည်နယ် ဝိုင်းမော် - ကန်ပိုင်တီး လမ်းမကြီး ဆဒုံး - လဖိုင်ကျေးရွာသို့ စစ်အစိုးရ စစ်တပ်များဟာ အင်အား အပြည့်နဲ့ ဝင်ရောက်လာပြီ ဖြစ်ကြောင်း မျက်မြင်များမှ ပြောကြားလာပါတယ်။ “ဟုတ်တယ်..စစ်သားတွေက အများကြီးဘဲ… လက်နက် အပြည့်.. မြင်း တွေရောပါတယ်.. ကျနော် တွေ့တာတောင် အရောက် (၁၀၀) ကျော်မယ် ထင်တယ်.. စစ်တန်းက အရှည်ကြီးဘဲ.. ကျနော်တို့ အရမ်း စိုးရိမ်ပါတယ်.. စစ်အစိုးရမှ ရွာသားများကို ဖမ်းဆီးနှိပ်စက်မှာ နှင့် အမျိုးသမီးများကို အဓိမ္မကျင့်မှာကို စိုးရိမ်ပူပန်မိတယ်.. ကျနော်တို့ ကြားနေ ရပါတယ်.. တခြား ကချင်ရွာတွေမှာ ဒီမျိုးလုပ်ခံနေရတယ် ဆိုတာကို… ဒီအတိုင်း ဆိုရင်တော့ ဒီ လဖိုင်နှင့် အနီး တဝိုက် ကျေးရွာတွေမှာ စစ်ပွဲများ ပြင်းထန် လာမယ်ထင်တယ်.. ဒီနေရာတွေက K.I.A အတွက်လည်း အရေးပါတဲ့ နေရာဖြစ်လို့ပါ..” ဟုပြောကြားလာပါတယ်။ 
 ဝိုင်းမော် - ကန်ပိုင်တီ ကားလမ်းမကြီး အတိုင်း စစ်အင်အား တိုးချဲ့နေတဲ့ စစ်အစိုးရ စစ်တပ်

 ကချင် စစ်ပြေးဒုက္ခသည်များ Kachin Internally Displace People (Kachin IDPs)

စစ်အစိုးရ စစ်တပ်မှ စစ်အင်အားတိုးချဲ့လာမှုကြောင့် ဆဒုံးဘက်မှ ရွာသားများဟာ တရုတ်နယ်စပ်သို့ ထွက်ပြေး တိမ်းရှောင်ဖို့ စီစဉ်နေကြသလို.. တချို့တော့ တရုတ်နယ်စပ်သို့ ရောက်ရှိနေပြီလို့ သိရှိ ရပါတယ်။ “ ကျနော်တို့ ထွက်ပြေးဖို့က တရုတ်နယ်စပ်ဘဲ ရှိတာဆိုတော့ အဲ့ဒီဘက်ဘဲ သွားရမှာပါ.. ဒါပေမယ့် အခက်အခဲကတော့ရှိပါတယ်… တရုတ်အာဏာပိုင်တွေက သိပ်လက်မခံ ချင်ကြဘူး.. အများကြီးလည်း.. တခါတည်း ဝင်လို့မရဘူး.. တအိမ်ထောင် နှစ်အိမ်ထောင်… ဒီလိုဘဲ ဝင်ခွင့် ပြုနေတယ်.. ကျနော်တို့ ရွာသူရွာသားများ အင်မတန် ဒုက္ခရောက်နေပါတယ်… ” ဟု ရွာသားတစ်ဦးမှ ပြည်သူများ ကြုံတွေ့နေရတဲ့ အခက်အခဲ များကို ရင်ဖွင့်လာပါတယ်။

W.P Moses

စစ်အစိုးရ စစ်တပ်က ဓာတုလက်နက်တွေ ပိုမို သုံးစွဲ

|0 comments
Saturday, November 12, 2011

မိုးမောက်မြို့နယ်အတွင်း ဖကွန်ကျေးရွာ အနီးက တောင်ကုန်းကို မနေ့က တိုက်ခိုက်ရာမှာ အစိုးရတပ်က ဓာတု အဆိပ်ငွေ့ ပါတဲ့ လက်နက်တွေကို ပိုမို အသုံးပြုလာတယ်လို့ ကေအိုင်အို ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောပါတယ်။
Kachin Independence Army (K.I.A)

အစိုးရတပ်က ဓာတု အဆိပ်ငွေ့ ပါတဲ့ လက်နက်တွေကို အသုံးပြုလာကြောင်း ကေအိုင်အိုက စွတ်စွဲထားပြီး စစ်အတွင်း ဓာတ်ငွေ့ကာ မျက်နှာဖုံးသုံးရန် တပ်သားများကို ဖြန့်ဝေနေပြီ ဖြစ်ပါတယ်။

“တပ်ဖွဲ့တွေကတော့ ခလရ ၂၃၇ နဲ့ ခမရ ၃၂၀။ မနက် ၉နာရီခွဲလောက်မှာ တိုက်ပွဲက စတယ်။ သူတို့ပစ်တဲ့ လက်နက်ကြီးတိုင်းမှာ တော်တော် များများ အဲလို လက်နက်တွေ သုံးကြတယ်။ ကျွန်တော်တို့ အဖွဲ့တွေက အခါတိုင်း ရိုးရိုးပုံစံ ဖြစ်နေတော့ မာ့စ်က်တွေ တပ်မသွားဘူး။

ဗိုလ်ကလေး တစ်ယောက်ကတော့ တော်တော်လေး ဆိုးဆိုးဝါးဝါး ဖြစ်တော့ နောက်တန်းကို ပြန်ပို့ထားတာ ရှိတယ်။ အခုတော့ ဖြစ်တဲ့ဖြစ်စဉ် သက်သေ ပစ္စည်းတွေကိုတော့ စုတော့ စုခိုင်းထားတယ်”

ဖကွန်းကျေးရွာဟာ ကေအိုင်အို တပ်မဟာ ၃ ဆန်ဂန် တပ်စခန်းရဲ့ အထက်ဘက်မှာ ရှိပါတယ်။

နှစ်ဘက်ရင်ဆိုင် တိုက်ပွဲမှာ ကေအိုင်အေ တပ်တွေ ရှိတဲ့ဘက်ကို ပစ်တဲ့ လက်နက်ကြီး ကျည်ဆံတွေထဲမှာ အဲဒီ ဓာတုလက်နက်တွေ ပါလာတာ ဖြစ်ပါတယ်။

အဲဒီ လက်နက်ကျည်ဆံ ကျတဲ့အခါ တခြား လက်နက်တွေလို အသံမြည်တာ မတူတဲ့ အပြင် မီးခိုးထွက်တာလည်း မတူဘူးလို့ သိရပါတယ်။ ဗိုလ်တစ်ယောက် အပါအ၀င် ရဲဘော် လေးငါးယောက်လောက်ဟာ မူးမေ့ အော့အန်ပြီး လမ်းမလျှောက်နိုင်တော့ဘူးလို့ ဆိုပါတယ်။ နောက်ပိုင်း အဲဒီဓာတု အငွေ့တွေ ဒဏ်ခံနိုင်ဖို့ ဓာတ်ငွေ့ကာ မျက်နှာဖုံးတွေကို ကေအိုင်အိုက ရှေ့တန်း စခန်းတွေကို ဖြန့်ဝေထားတယ်လို့ ဦးလနန်က ပြောပါတယ်။

အောက်တိုဘာလ ၂၉ ရက်နေ့ကလည်း ၀ိုင်းမော် မြို့နယ် ဂါးရာယန်ကျေးရွာ အနီးမှာ ရှိတဲ့ လုံဇက်ကောင် ဆိုတဲ့ ခံစစ်ကုန်းကို အစိုးရတပ်က လက်နက်ကြီး အများအပြား ပစ်တဲ့ အထဲမှာ အလားတူ ဓာတုလက်နက်တွေ အသုံးပြုခဲ့တာကြောင့် အဲဒီတောင်ကုန်းကို ကေအိုင်အိုက ဖယ်ပေးလိုက်ရတယ် လို့လည်း သိရပါတယ်။

အခုလုပ်ရပ်ကိုကြည့်ခြင်းအားဖြင့် အစိုးရတပ်ဟာ ဓာတုလက်နက်တွေကို အရေးကြီးတဲ့နေရာကို ရွေးပြီးသုံးတာမဟုတ်ဘဲ ရှင်းလင်းရေးလုပ်တဲ့အခါမှာ သုံးချင်သလို သုံးနေတာဖြစ်တယ်လို့လည်း ဦးလနန်ကပြောပါတယ်။

အစိုးရတပ်က ဓာတုလက်နက် သုံးစွဲတဲ့ အဆင့် အထိ သူတို့ကို တိုက်ခိုက်လာတဲ့ အပေါ် ကေအိုင်အိုက ခုခံစစ်နဲ့ပဲ ပြန်လည် တိုက်ခိုက်သွားမှာ ဖြစ်ပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံတကာက ပြောဆိုသင့်နေပြီလို့ ဦးလနန်က ဆက်ပြောပါတယ်။

ကချင်ပြည်နယ် အတွင်းမှာ အစိုးရတပ်က လူအင်အား လက်နက် အင်အား အများအပြားနဲ့ ထိုးစစ်ဆင် နေရာမှာ ကား၊ ရထား စတဲ့ ထောက်ပံ့ရေးယာဉ်တွေနဲ့ တပ်တွေကို ကေအိုင်အိုက လမ်းကနေ ပျောက်ကြားနည်းနဲ့ ပိတ်ဆို့ တိုက်ခိုက် ခုခံနေတာ ဖြစ်ပါတယ်။

ဇော်ရှန်(wunpawng)

စစ်အစိုးရ စစ်တပ်မှ အလွန်အန္တရယ်များတဲ့ ဓါတုလက်နက် အသုံးပြုနေ

|0 comments
Saturday, November 12, 2011
 
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ထိုင်ပြီး ဘာတွေပြန် အကြံထုတ်နေပြီလဲ...?

စစ်အစိုးရ စစ်တပ်ဟာ လွန်ခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက် ကချင်ပြည်နယ် ရွှေညောင်ပင် တိုက်ပွဲနှင့် အင်တပ်ဘွမ် တိုက်ပွဲ ရှေ့တန်းနယ်မြေများတွင် နိုင်ငံတကာမှ တားမြစ်ထားတဲ့ အဆိပ်ဓါတ်ငွေ့ ဓါတုလက်နက် (Chemical Weapons) ကို အသုံး ပြုခဲ့ပါတယ်။ နိုဝင်ဘာလ ၉ ရက် ကနေ ယနေ့ထိ ဆန်ဂန့်အထက်မှာ ရှိတဲ့ ဖကောင် တိုက်ပွဲမှာလည်း စစ်အစိုးရ စစ်တပ်မှ အဆိပ်ဓါတ်ငွေ့ ဓါတုလက်နက် (Chemical Weapons) များကို အသုံးပြုနေပါတယ်။ ယခု အသုံးပြုနေတဲ့ ဓါတုလက်နက် ဟာ အနံ့များ ထူးခြားတယ်လို့ ရှိုရှိုက်မိတဲ့ K.I.A စစ်သည်များမှ သိရှိ ရပါတယ်။ “အမြောက်ကျည်ဆံ ပေါက်ကွဲပြီးတာနှင့် အဲ့ဒီအငွေ့များဟာ တခြားနဲ့မတူဘူး.. တမူကိုထူးခြားတယ်.. ကျနော်တို့ အဲ့ဒီအငွေ့ကို ရှိုရှိုက်မိလိုက်တယ်..မကြာပါဘူး.. ခေါင်းတွေ မူးလာတယ်.. အော့အန် ချင်လာတယ်.. တကိုယ်လုံးလည်း ယားယောင်လာတယ်..လုံးဝကို မခံနိုင်ဘူး..” ဟု ပြောလာပါတယ်။

ဓါတုလက်နက် ဟာ အင်မတန်မှ အန္တရယ်များလွန်းပါတယ်..။ လူသာ မကပါဘူး..။ အဲ့ဒီဓါတ်ငွေ့များ အထိခံရတဲ့ အရာအားလုံးဟာ ပျက်ဆီးသွားနိုင်တဲ့ အဆိပ် ဓါတ်ငွေ့ ရှိပါတယ်။ ဒီဓါတုလက်နက် အသုံးပြုနေတာကို တားဆီးနိုင်ဖို့ဟာ ကျနော်တို့ ပြည်သူ ပြည်သားများသာ ဖြစ်ပါတယ်။ အားလုံး ဝိုင်းဝန်းပြီး ကာကွယ်တားဆီးကြပါစို့ လို့တိုက်တွန်း ချင်ပါတယ်။ ဓါတုလက်နက်ရဲ့ အန္တရာယ် ကြီးမား ပုံကို ဒီမှာ ပြန်လည် လေ့လာ ဖတ်ရှုနိုင်ပါတယ်။

 W.P Moses

Friday, November 11, 2011

KIA soldiers wear cloth masks for protection against poison gas

|0 comments
 Friday, November 11, 2011

Troops of the Kachin Independence Army (KIA) are using cloth masks to cover their nose and eyes (not medical masks) for protection from the poisonous fumes of the chemical weapons being used by the Burmese Army in the ongoing civil war in the country’s northern Kachin State, said KIA.

It is meant to protect them from soft chemical weapons being used regularly by Burmese troops, who have launched a major military offensive against the KIA in Kachin State and Northern Shan State since June 9, said KIA officers of the 3rdBrigade, unwilling to be named.

Now after three days of fighting from November 9 in the areas between Nam Hpak Hka stream and Hpakawn Village near Taping (Dapein) dam in N’Mawk (Momauk) Township in Bhamo (Manmaw) district, Burmese Army troops have been firing mortar shells daily loaded with an unidentified poison gas, according to local villagers and KIA soldiers in the war zone.

When the KIA soldiers breathe in the red and white coloured smoke from the Burmese Army’s mortar, they fall unconscious and suffer continuous vomiting. Their vision is also being affected, said villagers and KIA soldiers, who were victims of the gas attack.

There were over 100 casualties among government troops in the three-day fighting with KIA troops of the 3rd Brigade, said KIA officers on the frontline.

No KIA soldier was killed in the fighting though over 10 KIA soldiers are sick after inhaling poison gas, said a KIA officer in the 3rd Brigade, who did not want to be named.

According to local people and KIA soldiers, government troops attacked the KIA with poison gas in war zones in Kachin State such as Ga Ra Yang, Lung Zep Kawng, Ntap Bum, Sang Gang, Shwe Nyaung Pyin and Hka Wan Bang.

Chemical weapons were also used in Northern Shan State when the Burmese Army launched an offensive on the KIA’s 4th Brigade in October, said KIA brigade officers.

From:KNG

A dozen Burmese Army soldiers killed in Northern Shan State

|0 comments
Friday, November 11, 2011
 
A KIA soldier who serves under Brigade 4 in Northern Shan State.

Over 12 Burmese Army soldiers were killed in clashes with the Kachin Independence Army (KIA) in Northern Shan State, said KIA officers.

The fighting occurred in areas of KIA’s Battalion 2 under the 4th Brigade in Kutkai Township, said KIA’s 4th Brigade officers.

A KIA officer was also killed in the fighting, confirmed a brigade officer to Kachin News Group.

Skirmishes are occurring daily between KIA and the Burmese Army in Northern Shan State after government troops captured Loikang, the KIA’s 4th Brigade headquarters in Kutkai Township on September 27.

From: KNG

ပြည်တွင်း စစ်ကြောင့် ဆင်းရဲ ဒုက္ခနဲ့ ကြုံတွေ့နေရတဲ့ ပြည်သူလူထု

|0 comments
Friday, November 11, 2011

မြန်မာနိုင်ငံ ပြည်တွင်း စစ်ကြောင့် ဒုက္ခမျိုးစုံနှင့် တွေ့ကြုံခံစားနေကြရတဲ့ ကချင်စစ်ပြေးဒုက္ခသည်များ..


နေရာ ထိုင်ခင်းများလည်း ခက်ခဲ နေပါသေးတယ်...

အသက်နုနယ် ငယ်ရွယ်သေးတဲ့ ကျောင်းသား/သူ များနှင့် ကလေးငယ်များလည်း ဒုက္ခပင်လယ်များနဲ့ မကင်းလွတ်ရပါလား...


ကချင် စစ်ပြေးဒုက္ခသည်များ.. Kachin IDPs


စစ်အစိုးရ စစ်တပ်ရဲ့ လက်နက်တင်ဆောင်လာတဲ့ မီးရထား တိုက်ခိုက်ခံရ

|0 comments
Friday, November 11. 2011



နိုဝင်ဘာ ၁၀ ရက် မန္တလေး-မြစ်ကြီးနား မီးရထားလမ်း၊ ကချင်ပြည်နယ် နမ္မတီးနှင့် မရန့်အကြားမှာ စစ်အစိုးရ စစ်တပ်တို့ဟာ ယခုစစ်ဖြစ်နေတဲ့ နယ်မြေများနှင့် ကျေးရွာနေ ပြည်သူ လူထုများကို အန္တရာယ် ဖြစ်စေနိုင်တဲ့ စစ်သုံး ပစ္စည်းများဖြစ်သော  လက်နက် ခဲယမ်းများနှင့် ဓါတုလက်နက်များပင် ပါဝင်နိုင်တဲ့ ပစ္စည်းများကို  မီးရထား တစ်စီးဖြင့် တင်ဆောင်လာခဲ့ရာ ယင်းမီးရထားကို K.I.A တပ်ရင်း (၁၁) တပ်ဖွဲ့တို့မှ ညသန်းခေါင်ယံ အလွန် အချိန်မှာ တိုက်ခိုက်ခဲ့ကြောင်း စုံစမ်း သိရှိ ရပါတယ်။ ယင်းနယ်မြေ တဝိုက် အနီးအနား များမှာလည်း တိုက်ပွဲငယ် အချိန်ပိုင်း ဖြစ်ပွားခဲ့သေးကြောင်း သိရှိ ရပါတယ်။ စစ်အစိုးရ စစ်တပ်တို့ဟာ နိုင်ငံတကာမှ တရားဝင် ပိပင်တားဆီးထားတဲ့ အဆိပ်ငွေ့ဖြစ်တဲ့ ဓါတုလက်နက် (Chemical Weapons) များကို အသုံးပြုနေ ပါတယ်။ ဓါတုလက်နက်ဟာ လူသားတွေအတွက် အင်မတန်မှ အန္တရယ် များလွန်းပါတယ်။

တာခေါရေအားလျှပ်စစ်အနီးမှာ တိုက်ပွဲဖြစ်

နိုဝင်ဘာလ ၉ ရက်နေ့ K.I.A တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၁၅) နယ်မြေဖြစ်တဲ့ ဒွမ်ဘန်ကရုန်၊ ဆန်ဂန့်ကျေးရွာမှာ K.I.A တပ်များက ဗန်းမော်သို့ စစ်ကြောင်း ချီတက်လာတဲ့ စစ်အစိုးရ စစ်တပ်တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။ ယင်းနယ်မြေဟာ စစ်စိုးရ စစ်တပ်တို့မှ K.I.A ကို လွန်ခဲ့တဲ့ ဇွန်လ ၉ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့တဲ့ နေရာဖြစ်ပါတယ်။ စစ်အစိုးရ စစ်တပ်တို့ဟာ ယင်း တာခေါခ ရေအားလျှပ်စစ်နှင့် ဒွမ်ဘန်ကရုန် အားလုံးကို မရ ရအောင် လူအင်အား အသုံးပြုပြီး ယခုတဖန် ထူးစစ် ပြန်ဆင်လာတာ ဖြစ်ပါတယ်။ ယင်းတိုက်ပွဲတွင် စစ်အစိုးရ စစ်တပ်ဘက်မှ ကျဆုံး မှုရှိခဲ့ကြောင်း သိရှိရပါတယ်။

Burmese Army using Chemical Weapons

|0 comments
 Friday, November 11, 2011

 KIA soldiers unconscious after poison gas attack
 
 KIA troops paraded at Laiza headquarters on Revolution Day on February 5. Three Kachin Independence Army (KIA) soldiers were unconscious for half-a-day on Thursday after being attacked with chemical weapons by Burmese Army troops, said eyewitnesses.
Effects of Chemical Weapons

The KIA soldiers were unconscious till 10 p.m. from 10 a.m. Burma Standard Time after they were attacked by an unidentified poison gas by government troops, said KIA officers.

There was heavy fighting between the two sides on the KIA frontline post near Hpawmi Sa Ra from about 10 a.m. to 2 p.m. in N’Mawk (Momauk) Township in Manmaw (Bhamo) district in Kachin State, said local people.

Villagers in the KIA-controlled area of Law Dan in the fighting zone said, over 50 Burmese soldiers were killed and many were injured during the clashes with the KIA. The Burmese soldiers attacked the KIA with chemical weapons.

There were no casualties among KIA soldiers. The unconscious KIA soldiers were brought from the frontline after the fighting ended, said a KIA officer, not willing to be named.

The KIA post fell to the Burmese Army after they attacked it and their positions with heavy artillery, said villagers of Law Dan.

According to KIA soldiers on the frontline, the red and white coloured smoke billowed after mortar shells loaded with poison gas exploded.

Similarly, Burmese troops attacked the KIA’s Battalion 15 troops with chemical weapons in Hpakawn in Sang Gang near Taping (Dapein) Dam, where the government has started a new war with the KIA on June 9, said KIA frontline sources.

Many KIA soldiers on the frontline became unconsciousness, suffered from continuous vomiting and extreme weakness, added KIA frontline sources.

KIA leaders in Laiza headquarters said Burmese soldiers are using chemical weapons because the ground troops cannot overrun KIA’s strong defense.

from : Kachin News Group

India နိုင်ငံမှာ နေထိုင်သည့် ကချင်များ

|0 comments
Friday, November 11, 2011

အိန္ဒိယမှာ နေထိုင်ကြတဲ့ ကချင် အိမ်များဖြစ်ပါတယ်..


အိန္ဒိယနိုင်ငံမှ ကချင်ရွာလေးဖြစ်ပါတယ်..





ကချင်အိမ်လေးပါ..



 အိန္ဒိယ နိုင်ငံ ကချင်ရွာမှာ ကချင်လူမျိုးတို့ရဲ့ ယဉ်ကျေးမှု မနောပွဲတော်ကြီး ပြုလုပ်ကျင်းပဖို့ ပြင်ဆင်နေစဉ်..



 ကချင်လူမျိုးများရဲ့ ရိုးရာ ယဉ်ကျေးမှု တစ်ခုဖြစ်တဲ့ ယက်ကန်းလုပ်ငန်း



ဒီပုံလေးကတော့ အိန္ဒိယ နိုင်ငံ အင်းနော် (Innaw Ga) ဘက်က မနောတိုင်ဖြစ်ပါတယ်။

နှစ်စဉ် နှစ်တိုင်း ကချင်လူမျိုးများရဲ့  ပျော်ရွေ စွာ နဲ့ ကိုယ့်မြေ ကိုယ့်ဒေသ ဖြစ်တဲ့ ကချင်ပြည်နယ်မှာ မနောပွဲ ပြုလုပ် နိုင်ခဲ့ပေမဲ့ လက်ရှိအခြေအနေမှာတော့ မြန်မာ စစ်အစိုးရရဲ့ မတရား ထိုးစစ်ဆင်မူ၊ လူ့အခွင့်ရေး ချိုးဖောက်မူ ၊ ဓာဓုလက်နက် အသုံးပြုနေမူများ .ဖြစ်ပွားနေပါတယ် ။ ...ကချင်ပြည်နယ် မှာ မနောပွဲ ပြု လုပ်နိုင်မှာ မဟုတ်တော့တဲ့ အတွက် အိန္ဒိယ နိုင်ငံ ကချင် ရွာလေးမှာ ပြုလုပ်ဖို့ ပြင်ဆင်နေကြတာဖြစ်ပါတယ် ။

ခမ်းခမ်းနားနား ပြုလုပ်သွားမဲ့ ကျေးရွာရဲ့ နာမည်ဟာ တဲန်ခေါင်ဂါး (Teng Hkawng Ga) လို့ ခေါ်ကြ ပါတယ်။ ဒီရွာလေးဟာ အိန္ဒိယနိုင်ငံ အာရိုနာချာပြည်နယ် က ကချင်ပြည်နယ် နဲ့ ထိစပ်နေတဲ့ အိန္ဒိယ ကချင် လူမျိုးများနေထိုင်တဲ့ ရွာလေးပါ ။

အဲ့ဒီကျေးရွာမှာတော့ ကချင်လူမျိုးဖြစ်တဲ့ လထော် (Lahtaw) အိမ်ထောင်မိသားစု အများဆုံး နေထိုင်တဲ့ အတွက် လထော်ရွာလို့ ခေါ်ရင်လည်း မမှားပါဘူး..။

ဇော်ရှန် (wunpawng)







တရုတ်-ကချင်ပြည်နယ် နယ်စပ်အခြေအနေ

|0 comments
Friday, November 11, 2011
တရုတ်နယ်စပ်တနေရာ

စစ်အစိုးရ စစ်တပ်နှင့် K.I.A တပ်တို့အကြား တိုက်ပွဲများ နေရာအနံ့မှာ ဖြစ်ပွားလျက် ရှိနေပါတယ်။ တိုက်ပွဲများကြောင့် အိုးအိမ်များကို စွန့်ခွာကာ ထွက်ပြေး တိမ်းရှောင်နေရတဲ့ ပြည်သူလူထုများမှာ ဆင်းရဲ ဒုက္ခမျိုးစုံနှင့် ကြုံတွေ့ ခံစားနေရပါတယ်။ တရုတ်ပြည်သို့ ခိုလုံဖို့ရန် ထွက်ပြေးကြတဲ့ ကချင် စစ်ပြေး ဒုက္ခသည်များကို အာဏာပိုင် တရုတ်ရဲများမှ ဖမ်းဆီးနေကြောင်း၊ ဖမ်းဆီးခံရတဲ့ ဒုက္ခ သည်များမှာ ပိုက်ဆံဖြင့် ပြန်လည် ရွေးယူနေကြရကြောင်း စုံစမ်းသိရှိရပါတယ်။ ဒီလိုဖြစ်ပျက်နေတဲ့ အချိန်မှာ တရုတ်ပြည်နယ်စပ် လိုင်ဇာမြို့ အရှေ့ဘက် တရုတ်ဘက်ခြမ်း အင်ခွမ်ယာန် (Nhkum Yang) ကျေးရွာမှာ တရုတ် အစိုးရ စစ်ကားကြီး (၂) စီးဟာ နိုဝင်ဘာလ (၈) ရက်နေ့မှာ စစ်သားမပါဘဲ စစ်လက်နက်ပစ္စည်း အပြည့်တင်ကာ ရောက်ရှိနေကြောင်း ယင်းကျေးရွာ မျက်မြင်များထံမှ စုံစမ်း သိရှိ ရပါတယ်။ ဘာရည်ရွယ် ချက်ဖြင့် ရောက်ရှိနေသည် ဆိုတာကိုတော့ ရှင်းရှင်း လင်းလင်း မသိရပါ။ တရုတ်-ကချင်ပြည်နယ် နယ်စပ် လုံခြုံရေး အတွက် ဖြစ်နိုင်သလို၊ စစ်ရေး လေ့လာသူများက စစ်အစိုးရ စစ်တပ်ကို သွယ်ဝိုက်သော နည်းဖြင့် အကူ အညီ ပေးဖို့ ရန်လည်း ဖြစ်နိုင်ကြောင်း၊ အမျိုးမျိုး သုံးသပ် နေကြပါတယ်။ ဒီလိုဖြစ် လာမှုကြောင့် ပြည်သူ လူထုများမှာ ပိုမို စိုးရိမ်မကင်းမှုများနှင့် ကြုံတွေ့ ခံစားနေ ရပါတယ်။

W.P Moses
.