Saturday, October 01, 2011

K.I.A တပ်မဟာ ၅ နယ်မြေ အတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွား

|0 comments
Saturday, October 1, 2011
Kachin Independence Army ( K.I.A)

ဒီနေ့ အောက်တိုဘာလ ၁ ရက် နံနက် ၁၁း၂၅-  အချိန်ဝန်းကျင်တွင် K.I.A တပ်မဟာ (၅) နယ်မြေ၊ ဂျာအိန်ယန် ကျေးရွာတွင် K.I.A တပ်မဟာ (၅) တပ်ဖွဲ့ဝင်များနှင့် အစိုးရစစ်တပ် ခမရ (၁၄၁) တပ်ဖွဲ့ဝင်းများ နံနက် ၁၁း၂၅ နာရီခန့်မှ မွန်းလွဲ ၂း၃၀ နာရီ ခန့်အထိ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွား ခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။ အဆိုပါတိုက်ပွဲမှာ ပြင်းထန်လွန်းသဖြင့် အကျအဆုံး စာရင်းနှင့် ဒဏ်ရာ ရရှိမှု စာရင်းကို သိရှိနိုင်ရန် ခက်ခဲကြောင်း ကချင်မြေ သတင်းထောက်မှ ဖုန်းဖြင့် အတည်ပြု ပြောဆိုလာပါတယ်။

ညနေပိုင်း ၃း၀၀- နာရီ ဝန်းကျင်တွင်   K.I.A တပ်မဟာ (၅) နယ်မြေ၊ နမ့်ဆန်ယန် ကျေးရွာမှာ တပ်စွဲထားသော အစိုးရစစ်တပ်အား K.I.A တပ်မဟာ (၅) တပ်ဖွဲ့များမှ ၀င်ရောက် တိုက်ခိုက်ရာ စစ်ဖက်ဆိုင်ရာ လုံခြုံရေး တပ်ဆွယ်မှူး တပ်ကြပ်ကြီး အောင်လင်း ကျဆုံးသွားကြောင်း စုံစမ်း သိရှိရပါတယ်။

တဆက်တည်းမှာဘဲ ညနေ ၄း၀၀ နာရီဝန်းကျင်တွင် K.I.A တပ်ဟာ (၅) နယ်မြေ၊ ဂန်ဒေါင်ယန် ကျေးရွာ အနောက်ဖက်၊ ဆိုင်မိုင် ကျေးရွာတွင် K.I.A လှုပ်ရှားတပ်ရင်းများနှင့် အစိုးရစစ်တပ် ခမရ (၁၂၁)၊ ခလရ (၃၈၈) တို့အကြား ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားကြောင်း စုံစမ်းသိရှိရပါတယ်။ အဆိုပါ တိုက်ပွဲတွင် နှစ်ဖက် ကျဆုံးမှု အခြေအနေကို ဆက်လက်စုံစမ်းပြီး တင်ပြသွားပါမယ်။

အောင်ဂျာယာန် အနီးတဝိုက်မှ တိုက်ပွဲအခြေအနေ

|0 comments
Saturday, October 1, 2011

စက်တင်ဘာလ ၃၀ ရက် ၂၀၁၁ K.I.A တပ်မဟာ (၅) လက်အောက်ခံမှ K.I.A စစ်သည်တော်များနှင့် စစ်အစိုးရတပ် ခလရ (၃၇)၊ ခလရ (၄၃၈) တို့အကြား ဖြစ်ပွားခဲ့တဲ့ ကချင်ပြည်နယ် အောင်ဂျာယာန် တဝိုက်မှ တိုက်ပွဲတွင် စစ်တပ်ဘက်မှ (၂၄) ဦး ကျဆုံးသွားပြီး (၄၇) ဦး ထိခိုက်ခဲ့ကြောင်း စုံစမ်း သိရှိရပါတယ်။ ယင်းထိခိုက်သူထဲမှာ စစ်တပ်ဘက်မှ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး တင်ဝင်း လည်းပါဝင်ကြောင်း K.I.A ရှေ့တန်း သတင်းများအရ စုံစမ်းသိရှိရပါတယ်။ ထိခိုက်ဒဏ်ရာ ရရှိသွားသော စစ်တပ်ဘက်မှ စစ်သားများကို ယခုအချိန်တွင် စင်ဘို ဆေးရုံမှာ ကုသမှုများ ပြုလုပ် ပေးနေပြီဖြစ်ကြောင်း ဆက်လက် စုံစမ်း သိရှိရပါတယ်။ K.I.A ဘက်မှာတော့ ထိခိုက်ကျဆုံးမှု မရှိသေးကြောင်း သိရှိရပါတယ်။ တိုက်ပွဲများဟာ ဆက်တိုက် ဖြစ်ပွားလျက် ရှိနေကြောင်း သိရှိ ရပါတယ်။။

နေရာ အနံ့မှာ တိုက်ပွဲများ ဖြစ်ပွားနေ

|0 comments
Saturday, October 1, 2011

ရှေ့တန်းထွက်လာသော K.I.A စစ်သည်တော်များ

စက်တင်ဘာလ ၃၀ ရက် ၂၀၁၁ K.I.A အထူးတပ်ရင်းနှင့် စစ်တပ်တို့ ကချင်ပြည်နယ် ဆမားတောင်ကုန်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း နီးစပ်သူများမှ စုံစမ်းသိရှိရပါတယ်။ ယင်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ (၄) ဦး ကျဆုံးသွားပြီး ထိခိုက်မှုလည်း ရှိခဲ့ကြောင်း ဆက်လက်သိရှိရပါတယ်။ K.I.A ဘက်မှာတော့ ထိခိုက်ကျဆုံးမှု မရှိသေးကြောင်း သိရှိရပါတယ်။

တဆက်တည်းမှာဘဲ ကချင်ပြည်နယ် နမ်ဆန်ယာန်ရှိ စစ်တပ်ရဲ့ စရဖ ရုံးကို K.I.A မှ ဝင်စီးခဲ့ရာတွင် စရဖ ဗိုလ် (၁) ဦး ကျဆုံးသွားပြီး (၃) ဦး ကိုတော့ အရှင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်များထံမှ စုံစမ်းသိရှိရပါတယ်။

ကချင်ပြည်နယ် ဘန်ဒေါင်ယာန် နှင့် သာလောကြီး အကြားရှိ ဂလာန်ဂျာ ကျေးရွာမှာလည်း K.I.A နှင့် စစ်တပ်တို့ အကြား တိုက်ပွဲများဖြစ်ပွားနေကြောင်း၊ ယခုချိန်ထိ သေနတ်သံများ ကြားနေရသေးကြောင်း နီးစပ်သူများမှ စုံစမ်းသိရှိရပါတယ်။ တိုက်ပွဲ၏ အခြေအနေများကို ဆက်လက်စုံစမ်းပြီး တင်ပြသွားပါမယ်…။

K.I.A တပ်မဟာ (၄) တိုက်ပွဲသတင်းများ (စက်တင်ဘာလ ၂၉/၃၀ ရက်၊ ၂၀၁၁)

စက်တင်ဘာလ ၂၉၊ K.I.A တပ်မဟာ (၄) နယ်မြေ၊ လားရှိုးမြို့၊ ရပ်ကွက် (၅) တွင် တပ်စွဲထားသော အစိုးရစစ်တပ် ခမရ (၅၀၇) ကို K.I.A တပ်မဟာ (၄) တပ်ဖွဲ့များမှ ၀င်ရောက် တိုက်ခိုက် ခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။ နှစ်ဖက်ကျဆုံးမှု အခြေအနေကို သိရှိနိုင်ရန် ဆက်လက်စုံစမ်းဆဲပါ။

စက်တင်ဘာလ ၃၀ ရက်  နေ့လည် ၁း၃၀ ခန့်တွင် K.I.A တပ်မဟာ (၄) နယ်မြေ၊ မုန်းကိုးမြို့၊ နမ်ဆူကျေးရွာနှင့် နော့ဂူကျေးရွာကြားတွင် စစ်အစိုးရတို့မှ လက်နက် အပြည့်အစုံဖြင့် တက်လာသော ဖိုးဝှီးကား (၃) စီးအား K.I.A တပ်မဟာ (၄) တပ်ဖွဲ့ဝင်များမှ ခြုံခို တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။

အဆိုပါတိုက်ပွဲတွင် အစိုးရစစ်တပ်မှ ဒု-ဗိုလ်မှူးကြီး အဆင့်ဖြင့် အနားယူထားသည့် မူဆယ်ခရိုင် လ၀က ဦးစီးမှူး ဦးရဲဝင်း၊ မုန်းကိုး လ၀က ဦးစီးမှူး ဦးရဲဝင်းအောင်နှင့် တပ်ဖွဲ့ဝင်တစ်ယောက် ကျဆုံးပြီး (၂) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရှိရတယ်။

Friday, September 30, 2011

လဝက အဖွဲ့ တိုက်ခိုက်ခံရ

|0 comments
Friday, September 30, 2011

ဒီနေ့ စက်တင်ဘာလ ၃၀ ရက် ရှမ်းပြည်နယ်အခြေစိုက် K.I.A တပ်မဟာ (၄) လက်အောက်ခံ K.I.A စစ်သည်တော်များက နေ့လည် ၁း၀၀ နာရီ ဝန်းကျင်တွင် ဖောင်ဆိုင်းမှာ မှတ်ပုံတင်ပေးဖို့ တက်လာတဲ့ လဝက အဖွဲ့ကို မုန်ဂို နောက်ဂိုကုန်းတွင် ပစ်ခတ်ခဲ့ကြောင်း သိရှိရပါတယ်။ ဒီပစ်ခတ်မှုတွင် လဝက အရာရှိ (၁) ဦး ကျဆုံးပြီး (၃) ဦး ထိခိုက်ခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။

ဒီပစ်ခတ်မှု ဖြစ်ပြီး များမကြာမီမှာဘဲ စစ်တပ်ဘက်မှ ကားကြီး (၄) စီး၊ ဗင်ကား (၁) စီး တို့ဖြင့် စစ်သား အပြည့် တင်ဆောင်ကာ အလျင်အမြန် ရောက်ရှိလာကြောင်း မျက်မြင်များမှ စုံစမ်း သိရှိရပါတယ်။

တဆက်တည်းမှာဘဲ ကချင်ပြည်နယ် နမ်ဆန်ယာန်ရှိ စစ်တပ်ရဲ့ စရဖ ရုံးကို K.I.A ပြည်သူ့စစ် (MHH) အဖွဲ့တို့မှ ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ကြောင်း စုံစမ်း သိရှိရပါတယ်။ စရဖ ရုံးမှ (၁) ဦး ကျဆုံးသွားကြောင်း ဆက်လက် စုံစမ်းသိရှိရပါတယ်။


မဒီယာန်နှင့် ဂျာအိန်ယာန် မှာ တိုက်ပွဲဆက်ဖြစ်

|0 comments
Friday, September 30, 2011


 ရှေ့တန်းထွက်ဖို့ရန် မိန့်ခွန်း နာခံနေသော K.I.A စစ်သည်တော်များ

မဒီယာန်နှင့် ဂျာအိန်ယာန်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း စုံစမ်း သိရှိ ရပါတယ်။ မနေ့ကတည်းက ဖြစ်ပွား ခဲ့တဲ့ ဒီတိုက်ပွဲဟာ အရှိန် မပြက်သေးဘဲ ယခုချိန်ထိ သေနတ်သံများ ကြားနေ ရဆဲပါလို့ တိုက်ပွဲနှင့် နီးစပ်သူများမှ စုံစမ်း သိရှိရပါတယ်။ ယင်းတိုက်ပွဲတွင် K.I.A အထူး တပ်ရင်းနှင့် ပြည်သူ့စစ် (MHH) တို့ ပူးပေါင်းကာ စစ်တပ်ဘက်မှ ခလရ (၃၇) တို့အကြား တိုက်ပွဲ ဖြစ်နေကြောင်း သိရှိရပါတယ်။

တဆက်တည်းမှာဘဲ ဂျာအိန်ယာန်မှတိုက်ပွဲတွင် K.I.A ပြည်သူ့စစ် (HMM) တပ်ဖွဲ့ဝင်း (၁၀) ဦးတို့မှ စစ်တပ်အင်အား (၁၅၀) ခန့်ကို ခြုံခိုတိုက်ခိုက် ခဲ့ကြောင်း ဆက်လက် စုံစမ်း သိရှိရပါတယ်။ တိုက်ပွဲ အခြေ အနေများကို ဆက်လက် စုံစမ်း တင်ပြသွားပါမယ်။ နှစ်ဘက်စလုံးမှ အထိအခိုက်များကို မသိရှိရသေးပါ။

ကချင်ပြည်နယ် ဂျာအိန်ယာန် တိုက်ပွဲ

|0 comments
Friday, September 30, 2011

စက်တင်ဘာလ ၃၀ ရက် ၂၀၁၁ K.I.A တပ်မတော်နှင့် (MHH) ပြည်သူ့စစ်တို့ ပူးပေါင်းကာ ကချင်ပြည်နယ် စင်ဘို-သာလောကြီး နယ်မြေတဝိုက် ဂျာအိန်ယာန်မှာ မနေ့ကတည်းက တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ ယခုချိန်အထိ ဆက်တိုက် ဖြစ်ပွားနေကြောင်း ရွာနှင့် နီးစပ်သူများမှ စုံစမ်းသိရှိရပါတယ်။ နှစ်ဖက်စလုံးမှ တိုက်ပွဲအခြေအနေများကို ဆက်လက်စုံစမ်းပြီး တင်ပြသွားပါမယ်..။

စစ်တပ်၏ လက်နက်ကြီးတချို့ကျဆုံး

|1 comments
Friday, September 30, 2011
တပ်မဟာ (၄) မှ K.I.A စစ်သည်တော်များ

စက်တင်ဘာလ ၂၉ ရက် ၂၀၁၁ ရှမ်းပြည်နယ် အခြေစိုက် K.I.A တပ်မဟာ (၄) နယ်မြေများသို့ စစ်တပ်ဘက်မှ ပစ်သွင်းနေသော စစ်အစိုးရရဲ့ လက်နက်ကြီးဖြစ်တဲ့ ၁၂၀ - မမ အမြောက်ဟာ ပေါက်ကွဲသွားခဲ့ရာ ယင်းတဝိုက်မှ စစ်သား (၁၀) ကျော်ကျဆုံးပြီး (၅၀) ကျော် ထိခိုက်ခဲ့ကြောင်း K.I.A များမှ စုံစမ်း သိရှိရပါတယ်။

တဆက်တည်းမှာဘဲ K.I.A တပ်မဟာ (၄) မှ K.I.A စစ်သည်တော် (၈) ဦးဟာ ကိုယ်ရဲ့ အသက်ကို ပဓါန မထားဘဲ စစ်တပ်တို့ရဲ့ အမြောက် ၁၂၀ -မမ တစ်ခုကို သွားရောက် ဖျက်ဆီးနိုင်ခဲ့ကြောင်း ဆက်လက် စုံစမ်း သိရှိရပါတယ်။

ကချင်ပြည်နယ် ဘန်ဒေါင်မှာ တိုက်ပွဲဖြစ်

စက်တင်ဘာလ ၂၉ ရက် ၂၀၁၁ K.I.A တပ်မဟာ (၅) လက်အောက်မှ K.I.A အထူးတပ်ရင်းနှင့် စစ်တပ်တို့အကြား မနက်ပိုင်းတွင် ဘန်ဒေါင်ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း စုံစမ်း သိရှိရပါတယ်။ ယင်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ (၂) ဦးကျဆုံးပြီး (၁၀) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းနှင့် K.I.A ဘက်မှာတော့ ကျဆုံးမှုနှင့် ထိခိုက်မှု မရှိကြောင်း စုံစမ်း သိရှိရပါတယ်။

စစ်အစိုးရ စီးလာသော စက်လှေ အပစ်ခံရ

စက်တင်ဘာလ ၂၉ ရက် ၂၀၁၁ နေ့တွင် K.I.A ပြည်သူ့စစ် (MHH) တို့မှ ကချင်ပြည်နယ် စင်ဘိုအနီး မလိခမြစ်မှ စက်လှေဖြင့် ချီတက်လာသော စစ်အစိုးရရဲ့ စက်လှေ တစ်စီးကို ပစ်ခတ် ဖျက်ဆီး ခဲ့ကြောင်း စုံစမ်း သိရှိရပါတယ်။

K.I.A နှင့် စစ်အစိုးရအကြား ယခုချိန်တွင် ကချင်ပြည်နယ် နေရာအနံ့နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် အဆက်မပြက် တိုက်ပွဲများ နေ့တိုင်းဖြစ်ပွားလျက် ရှိနေပါတယ်။

စက်တင်ဘာလ ၂၉ ရက်နေ့တွင် ရှေ့တန်းစစ်တပ်မှ နေပြည်တော်သို့ ပို့လိုက်တဲ့ အစီရင်ခံစာတွင် ယခုဖြစ်ပွားနေတဲ့ K.I.A တပ်မဟာ (၄) တိုက်ပွဲများတွင် စစ်တပ်ဘက်မှ (၄၂၇) ဦး ကျဆုံး သွားပြီဖြစ်ကြောင်းနှင့် (၁၀၀၀) ဝန်းကျင် ထိခိုက်သွားပြီဖြစ်ကြောင်း ရေးသား ဖေါ်ပြထားသည်ဟု အတည် မပြုနိုင်သေးသော သတင်းများ အရ စုံစမ်း သိရှိရပါတယ်။

.

ကေအိုင်အေ တပ်မဟာ ၄ နှင့်ဆက်စပ်သည့် သတင်းများ

|0 comments
Friday, September 30, 2011
လွယ်ကန်ဒေသ

K.I.A တပ်မဟာ (၄) ကို လေးရက်နှင့် အပြတ်ချေမှုန်းရန် ပြင်ဆင်ကာ အပြင်းအထန် ထိုးစစ်ဆင် နေသည်မှာ (၆) ရက်ကျော်ကြာ ခဲ့ပြီဖြစ်သည်။

စက်တင်ဘာ ၂၃ ရက်နေ့မှ စက်တင်ဘာ ၂၉ ရက်နေ့ထိ (၆) ကြာသည့်ုတိုင် အစိုးရစစ်တပ် အနေနှင့် K.I.A တပ်မဟာ (၄) အခြေစိုက်ရာ လွယ်ကန်ဒေသသို့ ချဉ်းကပ်နိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။

K.I.A တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း ၂၊ ၉၊ ၁၇၊ ၂၉ တို့ စုပေါင်းပြီး တပ်မဟာ (၄) နေရာ လွယ်ကန်ဒေသ တ၀ိုက်တွင် အပြင်းအထန် တိုက်ခိုက်နေကြောင်း သိရှိရပါတယ်။

အစိုးရစစ်တပ်သည် စစ်မျက်နှာ (၃) ဖက် ဖွင့်ပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ K.I.A တပ်ရင်း (၂) ရှိရာ မန်ဂျယ်သို့ စစ်ကြောင်းထိုးသည့် အစိုးရစစ်တပ်မှ အနည်းဆုံး (၈၀) ကျော် ကျဆုံးပြီး (၁၀၀) ကျော် ဒဏ်ရာရကြောင်း သိရသည်။ အစိုးရစစ်တပ်မှ အတင်းအကျပ် လမ်းပြခိုင်းသဖြင့် မန်ဂျယ်ရွာမှ အမျိုးသမီး နှစ်ဦး သေဆုံးသွားကြောင်း စုံစမ်းသိရှိရပါတယ်။။

စက်တင်ဘာလ ၂၇ ရက်နေ့တွင် အစိုးရစစ်တပ်မှ ဒတ်နိုင်း ကျေးရွာအနီး လွယ်ထန်-ရှောက်ဟော အကြားရှိ K.I.A တပ်မဟာ (၄) နေရာ သို့ ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်နေ ချိန်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သောကြောင့် ယင်းနေရာအနီးရှိ အစိုးရစစ်တပ်မှ စစ်သားများ ထိခိုက် ကျဆုံးမှုများ ရှိကြောင်း သိရသည်။  K.I.A တပ်ရင်း (၉) မှ ဗိုလ်အဆင့် တဦး၊ တပ်သား တဦး ကျဆုံး သွားခဲ့ကြောင်း သိရှိရပါတယ်။

စက်တင်ဘာလ ၂၈ ရက်နေ့ မန်ဂျယ်နှင့် နမ်ဆန် အနီးတွင် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီထိ K.I.A တပ်မဟာ (၄) နှင့်  တိုက်ပွဲ (၄) ကြိမ် ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။

အစိုးရစစ်တပ်မှ ရိက္ခာသယ်ကား (၁) စီး၊ စစ်သားများ သယ်ဆောင်လာသည့်ကား (၃) စီး၊ လက်နက်ကြီး တင်သည့်ကား (၁) စီး တို့သည် လားရှိုး-မှုဆယ် ကားလမ်း၊ နမ်အွမ်ကျေးရွာမှ တစ်ဆင့် K.I.A တပ်ရင်း (၉) ရှိရာ ဒတ်နိုင်ကျေးရွာသို့ တက်လာကြောင်း ဒေသခံ ရွာသားများ၏ ပြောပြချက်အရ သိရှိရပါတယ်။

တပ်ရင်း (၈) ရှိရာ နေရာသို့ ထိုးစစ်ဆင်လာသည့် အစိုးရ တပ်မ (၉၉)  သည် ထိခိုက် ကျဆုံးမှု များသဖြင့် စက်တင်ဘာလ ၂၇ ရက်နေ့တွင် တပ် ဆုတ်သွားခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။ ယင်းဆုတ်သွားသော တပ်မ (၉၉) နေရာတွင် တပ်မ (၃၃) ပြန်လည် ဝင်ရောက် အစားထိုး ကြောင်း သိရှိရပါတယ်။

မန်ဟိုင်းကျေးရွာအနီးတွင် ဖြစ်ပွားသည့် တိုက်ပွဲ၊ နမ်လက်တောင် တိုက်ပွဲတွင် ထိခိုက်ဒဏ်ရာရသည့် အစိုးရစစ်သားများကို ထော်လာဂျီ (၂) စီးနှင့် အပြည့် နမ်တူ-ပန်ဟိုင်း ဆေးရုံသို့ တင်ပို့ ကုသနေကြောင်း ဒေသခံများ ပြောကြားချက်အရ သိရှိရပါတယ်။ K.I.A ဘက်မှလည်း အနည်းဆုံး (၅) ဦး ကျဆုံးကြောင်း စုံစမ်းသိရှိရပါတယ်။

စစ်တပ်မှ K.I.A တပ်မဟာ (၄) ဒေသသို့ ကျုးကျော် ထိုးစစ် ဆင်နိုင်ရန်အတွက် နမ့်ဖာလုံ (နမ့်ဖလုန်) မှ ဟူးဖျက်ရွာသို့ ရိက္ခာများပို့ဆောင်ပေးခြင်း၊ လမ်းလုံခြုံရေး ယူပေးခြင်းများကို ကွတ်ခိုင် ပြည်သူ့စစ်နှင့် ကောင်းခါး ပြည်သူ့စစ် အဖွဲ့တို့မှ တာဝန်ယူ ပူးပေါင်းဆောင်ရွက် နေကြောင်း စုံစမ်းသိရှိရပါတယ်။

ကေအိုင်အေ တပ်မဟာ ၅ နေရာတွင် တိုက်ပွဲဖြစ်ပွား 

အောင်ဂျာယန် ၀န်ကျင်း ပြပုံ

စက်တင်ဘာလ ၂၉ ရက်နေ့ ရှမ်းပြည်အခြေစိုက် K.I.A တပ်မဟာ (၄) တွင် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေချိန်တွင် K.I.A တပ်မဟာ (၅) နေရာဖြစ်သော နမ်ဆန်ယန်၊ ဘန်တောင် ကျေးရွာအနီး နမ်ဖတ်ခ အနီးတွင် လည်း K.I.A တပ်မဟာ (၅) မှ မပခ လက်အောက်ခံ ဆင်ဘိုအခြေစိုက် ခလရ (၁၄၁) ကို နံနက် (၇) နာရီမှ စတင်ကာ အချိန် (၂) နာရီကျော်ကြာ ပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။ ယင်းတိုက်ပွဲတွင် အစိုးရစစ်တပ်မှ အနည်းဆုံး (၂) ဦးကျဆုံးပြီး (၁၀) ဦးကျော် ဒဏ်ရာရရှိကြောင်း ဆက်လက်စုံစမ်းသိရှိရပါတယ်။

တဆက်တည်းမှာဘဲ နမ်ဆန်ယန်၊ အောင်ဂျာယန်ကျေးရွာ အနီး လဇိန်ကုန်းတွင်လည်း နေ့လည် (၁) နာရီခွဲမှ ည (၇) နာရီ ၀န်းကျင်ထိ K.I.A တပ်မဟာ (၅) နှင့် မပက လက်အောက်ခံ မြစ်ကြီးနား အခြေစိုက် ခလရ (၃၇) တို့ အကြားတိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။

Thursday, September 29, 2011

K.I.A ဌာနချုပ် လိုင်ဇာသို့ စစ်တပ်အင်အား တိုးချဲ့

|0 comments
Thursday, September 29, 2011
K.I.A အထက်အရာရှိများမှ ကျေးလက်နေ ပြည်သူ/သား များကို စစ်ပွဲအကြောင်း တင်ပြဆွေးနွေး ရှင်းလင်းနေစဉ်

ဒီနေ့ စက်တင်ဘာလ ၂၉ ရက် ၂၀၁၁ K.I.A ဌာနချုပ်ဖြစ်တဲ့ လိုင်ဇာအနီး တဝိုက်တွင် စစ်တပ်အင်အား (၁၅၀၀) တစ်ထောင့်ငါးရာ ဝန်းကျင် ရောက်ရှိနေပြီဖြစ်ကြောင်း စုံစမ်းသိရှိ ရပါတယ်။ တဆက်တည်းမှာဘဲ ကချင်ပြည်နယ်ရှိ မြို့၊ ကျေးရွာ အနံ့တွင်လည်း စစ်အစိုးရတို့မှ K.I.A တို့ကို အပြီး ချေမှုန်း သွားမယ်ဖြစ်ကြောင်း၊ ဌာနချုပ် လိုင်ဇာကိုလည်း ဒီအတောအတွင်း ချေမှုန်း သိမ်းပိုက် သွားမယ် ဖြစ်ကြောင်း များကို သတင်းဖြန့် ကြေငြာနေကြောင်း ကချင်ပြည်နယ် မြို့ခံများမှ စုံစမ်းသိရှိရပါတယ်။

 ဆက်လက် စုံစမ်းသိရှိသည်မှာ ကချင်ပြည်နယ် မြို့တော်ဖြစ်တဲ့ မြစ်ကြီးနား စစ်တပ် လေယာဉ်ကွင်းတွင် တိုက်လေယာဉ် အနည်းဆုံး (၈) စီးကို အဆင်သင့် Standby ပြင်ဆင် ထားရှိနေပြီ ဖြစ်ကြောင်း၊ စစ်တပ်ဘက်မှ ပြည်သူပြည်သားများကို သတင်း ဖြန့်နေတယ်လို့ မြစ်ကြီးနားမြို့ခံ တစ်ဦးမှ ပြောကြား လာပါတယ်။ K.I.A ဘက်မှလည်း စစ်ပွဲများကို ဆင်နွဲသွားဖို့ အဆင်သင့်ဖြစ်ရန် အထူးပြင်ဆင် နေကြောင်း ဆက်လက် စုံစမ်းသိရှိရပါတယ်။

ဒီလိုစစ်တပ်တို့ရဲ့ သတင်းများကြောင့် ကချင်ပြည်နယ်ရှိ ပြည်သူပြည်သားများမှာ အထူး စိုးရိမ်နေကြောင်း သိရှိရပါတယ်။

ကချင်ပြည်နယ် မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း ဓါတ်ပုံများ

|0 comments
Thursday, September 29, 2011


ဆက်လက်ကြည့်ရှုရန်...

K.I.A တပ်ရင်း (၈) နယ်မြေ တိုက်ပွဲပြင်းထန်

|0 comments
Thursday, September 29, 2011
တပ်မဟာ (၄) လက်အောက်ခံ K.I.A စစ်သည်များ

ဒီနေ့ စက်တင်ဘာ ၂၉ ရက် K.I.A တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၈) နယ်မြေဖြစ်တဲ့ မန်တုန်မှာ K.I.A နှင့် စစ်တပ်တို့အကြား ယခုအချိန်ထိ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားနေကြောင်း သိရှိရပါတယ်။ K.I.A ဘက်တွင် ရှမ်းတပ်မတော် SSA/ SSPP တို့မှ ပါဝင်ကူညီ တိုက်ခိုက်နေကြောင်း သိရှိရပါတယ်။ တဆက်တည်းမှာဘဲ K.I.A တပ်ရင်း (၉) နယ်မြေမှာလည်း စစ်တပ်ကို K.I.A နှင့် SSA/SSPP တို့ပူးပေါင်းပြီး တိုက်ပွဲဆင်နွဲနေရာ စစ်တပ်ဘက်မှ အကျအဆုံး အထိအခိုက်များပြား နေကြောင်းနှင့် စစ်တပ်တို့ ပိတ်မိနေကြောင်း သိရှိရပါတယ်။